ခြင်းတောင်းစိမ်းစိမ်းလေးထဲမှာနှင့် အခြားစာစုများ

ယခုတစ်ပတ်တွင် အပြောင်းအလဲအဖြစ် ကျန်းမာရေးပညာပေး မဟုတ်သော အခြားစာအုပ်တစ်အုပ်ကို မိတ်ဆက်တင်ပြပေးလိုပါတယ်။

အကြောင်းအရာများမှာ အတ္ထုပ္ပတ္တိဆန်ဆန် အကြောင်းအရာများဖြစ်ပြီး စိတ်ဝင်စားဖွယ် ရာကောင်းသော အတွေ့အကြုံများကို ရေးသားထားသဖြင့် မိတ်ဆက် ပေးရခြင်းဖြစ်ပါတယ်။ စာရေးသူ မြင့်စိုး (နတလ) ရဲ့ “ခြင်းတောင်းစိမ်းစိမ်းလေးထဲမှာနှင့် အခြားစာစုများ” အမည်ရှိ စာအုပ် ဖြစ်ပါတယ်။

စာရေးဆရာ မြင့်စိုး (နတလ) မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဖြစ်ကြောင်း သိရပြီး စာရေးသူ၏ ကလောင်အမည်ကို သတိထားမိတာ ကြာပြီဖြစ်ပါတယ်။ များသောအားဖြင့် ပြန်ကြားရေးဝန်ကြီးဌာနပိုင် မြန်မာသတင်းစာများတွင် သတင်းဆောင်းပါးများမကြာခဏရေးသားလေ့ရှိသော ဆောင်းပါးရှင်တစ်ဦးဖြစ်ပါတယ်။

ယခုစာအုပ်ကတော့ စာရေးသူ၏ ဖြတ်သန်းခဲ့ရသော ဘဝအတွေ့အကြုံများကို သားဖြစ်သူထံ ရေးသားပေးပို့သည့် ပေးစာများအဖြစ် ရေးသားထားသော ဆောင်းပါးများကို စုစည်းထုတ်ဝေထားခြင်းဖြစ်ပါတယ်။

စာရေးသူ၏ အမှာစာတွင် စာအုပ်ပါအကြောင်းအရာ၊ အဖြစ်အပျက်၊အချက်အလက်များသည် ဘဝတစ်လျှောက် ကြုံတွေ့ခဲ့ရသော ကိုယ်တွေ့အဖြစ်အပျက်များ၊ မြင်တွေ့ခဲ့ရသော ဖြစ်ရပ်မှန် အကြောင်းအရာများ၊ ခံစားသိရှိခဲ့ရသောတောဓလေ့၊ တောသဘာဝများကို ပြန်လည်မျှဝေထားခြင်းဖြစ်ကြောင်း၊ စာရေးသူ၏ဇောစေတနာသည် လူငယ်များအတွက် ဦးတည် ရေးသားထားပါသဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာန (ဝန်ကြီးရုံး)၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနအောက်ရှိ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ၊ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်နှင့်စစ်ကိုင်း)၊ လူငယ်သင်တန်းကျောင်းများ၊ စက်မှုလက်မှုသင်တန်းကျောင်းများ၊ အိမ်တွင်းမှုသင်တန်းကျောင်းများသို့ ဖြန့်ဝေလှူဒါန်းသွားမည်ဖြစ်ကြောင်း ရေးသားထားပါတယ်။

ဤစာအုပ်ကို ရောင်းရန် မဟုတ်ဘဲ သူ၏ ဇနီးဖြစ်သူ ကွယ်လွန်ခြင်း(၂)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် စာပေအလှူဒါန လှူဒါန်း ဖြန့်ဝေသွားမှာဖြစ်ကြောင်းလည်း သိရပါတယ်။

စာအုပ်တွင် (၁) အာစရိယဂုဏောအနန္တော၊ (၂) သုံးရာသီ သဘာဝ စာသလို့ထားချင်တယ်၊ (၃) ခြင်းထောင်းစိမ်းစိမ်းလေးထဲ မှာ၊ (၄) သားအတွက် ပြတိုက် ငယ်လေးတစ်ခု၊ (၅) ဝိုင်းဝန်းထိန်း သိမ်းစောင့်ရှောက်ရမည့် သဘာဝ ပတ်ဝန်းကျင်၊ (၆) အမေရေးခဲ့တဲ့ စာကလေးတစ်စောင်၊ (၇) လမင်းထိန်ထိန်တလင်းနယ်ချိန်၊ (၈) တုံတုံ၊ စုံစုံ၊ ပိုကီမွန်၊ (၉) Second Nature ၊ (၁၀) ဒုတိယ ဒေါင်းလန်းကြီးတစ်ချပ်၊ (၁၁) အမှားကို ဝန်ခံခြင်း၊ (၁၂) စာပေ အမွေ၊ (၁၃) စည်းကမ်းလိုက်နာ ဘေးကင်းကွာ၊ (၁၄) အောင်မြင် မှုအတွက် ခြေတစ်လှမ်း၊ (၁၅) Facebook ၊ (၁၆) အမှိုက်ပုံးလေး တစ်ခု ဟူ၍ ဆောင်းပါး ၁၆ ပုဒ် ပါရှိပါတယ်။

စာမြည်းအဖြစ် ဖော်ပြရလျှင် “မေမေကြီးကတော့ သူ့ကို ထိုင်ပေး ထားတဲ့ ကုလားထိုင်ပေါ်ကနေပဲ သားရဲ့ကျောင်းသွားကျောင်းပြန်ကို မျှော်နေတဲ့အလုပ်ကိုပဲ လုပ်နေရတော့တာ၊ မှတ်ဉာဏ်တွေလည်းလျော့ပါးပြီး တစ်ချိန်က အကြောင်းအရာတွေကို မှတ်မိတာလည်းရှိ၊ မမှတ်မိတာတွေ လည်းရှိ ဖြစ်နေတော့တာပေါ့၊ အထူးသဖြင့် ဦးနှောက်အမြှေးရောင်ရောဂါရပြီးမှ မနေ့တစ်နေ့ က အဖြစ်အပျက်တွေကို မမှတ်မိတော့တာများတယ်၊ တစ်ခါတလေ လွန်ခဲ့တဲ့နှစ်ပေါင်း ၂ဝလောက်က အကြောင်းတွေကိုတော့ သေချာ မှတ်မိနေပြန်ပါရော…။

သူ့ရဲ့မှတ်ဉာဏ်တချို့ ပျောက် ဆုံးသွားပြီဆိုတာကို ဆေးရုံကြီး ICU ခန်းမကြီးထဲမှာ ဖေဖေစပြီး သတိထားလိုက်မိတယ်၊ ရက်ပေါင်း ၂၀ ကျော် သတိလစ်မေ့မြောနေပြီး ၂၃ ရက်မြောက်နေ့မှာမှ ပြန်သတိရလာတာ၊ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်နဲ့၊ ဟိုလူကြည့်၊ ဒီလူကြည့်နဲ့၊ တချို့သူငယ်ချင်းတွေလာကြည့်ရင်တောင် နာမည်တွေကို ချက်ချင်းမမှတ်မိတော့ဘူး၊ ပြောရရင် တခြားကမ္ဘာတစ်ခုကနေ ပြန်ရောက်လာတဲ့ လူတစ်ယောက်ပုံစံမျိုးဖြစ်သွားတယ်၊ ဘယ်လိုပုံစံနဲ့ပဲပြန်ရရ အသက်ရှင်ခွင့်ရလိုက်လို့ ဖေဖေအရမ်းဝမ်းသာမိပါတယ်။ ICU ခန်းမထဲမှာသူနဲ့ အတူတူ ရက်ပေါင်း ၂ဝကျော်ဝင် နေရတုန်း ဘေးနားကလူနာတချို့ အသက်ဆုံးရှုံးပြီး နောက်ပေါက်က နေ ပြန်ထွက်သွားရတာတွေ မြင်နေရတယ်လေ။ ကုသိုလ်ကံအများကြီး ကောင်းပါသေးတယ်၊ အဲဒီ့ မှတ်ဉာဏ်မကောင်းတာလေးတစ်ခုပဲ၊ ဖေဖေ့ကိုတောင် မှတ်မိရဲ့လား၊ သူနဲ့ လှိုင်လှိုင်မင်း ဘာတော်သလဲလို့ ဆရာဝန်တွေ၊ ဆရာမတွေက မေးတဲ့အခါ၊ မှတ်မိတယ်တဲ့၊ ဘာတော်လဲ မေးတော့ မေမေက ဖြေတယ်လေ…လင်တဲ့။ ကျွန်မယောကျာ်းပါလို့မပြောဘဲအားရပါးရ လင်တော်တယ်လို့ဖြေလိုက်တော့ သဘောကျပြီး ဝိုင်းရယ်ကြတယ် တော်သေးတာပေါ့ ယောကျာ်းကို မှတ်မိလို့” (စာမျက်နှာ ၃၃ မှ)

“နောက်မှ ဘယ်မှာလဲ ပန်းသီး ဖေဖေကိုပြဆိုတော့ သားလက်ညှိုးလေးထိုးပြတာက အီဗာထုပ်၊ အမျိုးသမီးလစဉ်သုံးအီဗာထုပ်တွေ။ ဟေ… ပန်းသီးမဟုတ်တာ အီဗာထုပ်တွေကွဆိုလည်း သားက လက်မခံ၊ ဟင့်အင်း.. ဟင့်အင်း အထဲမှာ ရှိတယ်ချည်း ပြောရင်းငိုနေတော့တာကလား။ သေချာစဉ်းစားကြည့်တော့မှ သဘောပေါက်လိုက်ပြီ။ ညတိုင်း လွှင့်နေတဲ့ တီဗွီကြော်ငြာတစ်ခု။ စိုးမြတ်သူဇာနဲ့ စိုးမြတ်နန္ဒာညီအမတွေ ပါဝင်သရုပ်ဆောင်ထားတဲ့ အီဗာကြော်ငြာကြောင့်။ အီဗာထုပ်တွေအကြောင်း စိုးမြတ်သူဇာက ပြောဆို ကြော်ငြာပြီးတာနဲ့ ရေကန်ထဲမှာ ဘောကွင်းစီးနေတဲ့ စိုးမြတ်နန္ဒာဆီကို ပန်းသီးလေး တစ်လုံး ပစ်ချပေးလိုက်တယ်၊ ဟိုတစ်ယောက်က လှမ်းဖမ်းပြီး စားပြလိုက်တယ် ခွပ်ကနဲဆိုပြီးတော့။ ဒီကြော်ငြာကြောင့် သားရဲ့စိတ်ထဲမှာဝင်သွားတာက အီဗာထုပ်တွေရဲ့အထဲမှာ ပန်းသီးရှိနေတယ်ဆိုတဲ့ အတွေးပေါ့” (စာမျက်နှာ ၃၃နှင့် ၃၄ မှ)

ဆေးကုသမှုအတွေ့အကြုံများ၊ ကျေးလက်တောရွာအတွေ့ အကြုံများ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သိမှတ်စရာများ ဘဝအောင်မြင်ရေး ကျင့်ဝတ်စည်းကမ်းဆိုင်ရာအကြောင်းအရာများ စသဖြင့် အကြောင်းအရာလည်း စုံ လင်ပါတယ်။ သုတကော ရသပါ ပေးနိုင်သော အကြောင်းအရာများ ဖြစ်ပါတယ်။ အတ္ထုပ္ပတ္တိရုပ်ပုံလွှာ အပိုင်းအစများ စုစည်းထားသော စာအုပ်လို့လည်း ဆိုနိုင်ပြီး စာဖတ်ပရိသတ်များ ဖတ်ချင်စဖွယ် စာအုပ်တစ်အုပ် ဖြစ်ပါတယ်။

စာအုပ်ကို ထုတ်ဝေသူ ဦးဝင်းအောင် (မြဲ-ဝဝ၂၇၃) မှ ထုတ်ဝေပြီး ဦးဝင်းအောင် (မြဲ-ဝဝဝ၈၂) သန်းထိုက်ရတနာပုံနှိပ်တိုက်မှ ၂၀၁၈ ခုနှစ်၊ မေလတွင် ပထမ အကြိမ် ရိုက်နှိပ်ထားပါသည်။

426 COMMENTS

  1. My partner аnd I stumblеd over hеre by a different ԝeb page and thouցht I miɡht as
    ԝekl check things out. I like wat I see so i am just following you.

    Look forward to lоoking at your web page for a second time.

    Aⅼso visit my ԝеb-site: all free dating – freedatingsitesus.com

LEAVE A REPLY

Please enter your comment!
Please enter your name here