ကမ္ဘာပေါ်မှာ ကူးစက်တတ်သောရောဂါများထဲက အသက် အန္တရာယ်ဖြစ်ခြင်း၊ လူစင်မမီဖြစ် ခြင်း စသည်တို့ကို ဖြစ်ပွားစေနိုင်သော ရောဂါပိုးများမှ ကာကွယ်နိုင်ရန်အတွက် ကာကွယ်ဆေး (vaccine) များကို ဆေးပညာရှင်များက တီထွင်ထုတ်လုပ်ပြီး ကမ္ဘာတစ်ဝန်းမှာရှိသော ကလေးသူငယ်များအား ထိုးပေးလျက်ရှိပါတယ်။
ကာကွယ်ဆေးများရရှိနိုင်တဲ့ အခွင့်အလမ်းနည်းပါးခြင်းကြောင့် ကမ္ဘာတစ်ဝန်းမှာ သေစေနိုင်သော ဖျားနာမှုတွေနဲ့ ဝမ်းနည်းဖွယ်ဖြစ် ရပ်များကိုကြုံတွေ့နေကြရပါတယ်။
မိသားစုဝင်ငွေနှင့် ပထဝီဝင် မြေတည်နေရာဒေသတို့က ကလေး ငယ်များအတွက် ကာကွယ်ဆေး ရရှိမှု သို့မဟုတ် မရရှိမှုအပေါ်တွင် လွှမ်းမိုးလျက်ရှိပါတယ်။
ကာကွယ်ဆေးများ ကမ္ဘာတစ် ဝန်းရှိ ကလေးသူငယ်များအတွက် ရရှိနိုင်ရေးအတွက် အမေရိကန် ပြည်ထောင်စုမှ ရော့ခ်ဖဲလားဖောင် ဒေးရှင်း Rockefeller Foundation က ဦးဆောင်ပြီး ဒီပြဿနာကို ဖြေ ရှင်းပေးလျက်ရှိပါတယ်။ အဲဒီ ဖောင်ဒေးရှင်းက တစ်ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေး မဟာမိတ်အဖွဲ့ GAVI = The Global Alliance of Vaccines and Immunization အဖွဲ့ကြီးမှတစ်ဆင့် တာဝန်ယူပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင် သက်ဆိုင်ရာ အစိုးရများနှင့် ပူးပေါင်းဆောင်ရွက် ကာ ကလေးများအတွက် ကာကွယ် ဆေးများ လှူဒါန်းပေးလျက် ရှိပါ တယ်။
GAVI အဖွဲ့ကြီးရဲ့ လက်ရှိ ဥက္ကဋ္ဌတာဝန် ထမ်းဆောင်နေသူ ကတော့ အာဖရိကတိုက် နိုက်ဂျီး ရီးယားနိုင်ငံမှ ဘဏ္ဍာရေးဝန်ကြီးဟောင်း Ngozi Okonjo-lweala ဖြစ်ပါတယ်။ သူမနဲ့ အခြား အတတ်ပညာရှင်များက ရော့ခ်ဖဲ လားဖောင်ဒေးရှင်း၏ ဖြေရှင်းလို့ ရသော ကမ္ဘာ့အရပ်ရပ်က လူ့အဖွဲ့ အစည်းဆိုင်ရာ ပြဿနာအခက် အခဲများကို ကိုင်တွယ်ဖြေရှင်းသည့် လှုပ်ရှားမှု #Solvable ဟူသော အမည်ဖြင့် ကမ်ပိန်းတစ်ခုကို ဆောင်ရွက်လျက်ရှိပါတယ်။
“ကျွန်မက ကာကွယ်ဆေးများကို ဆေးနှုန်းသက်သာစေ ရန်နှင့် လူတိုင်းလက်လှမ်းမီနိုင်အောင် လုပ်ဆောင်မယ်” ဟု သူမပြောကြားထားပြီး သူမရဲ့ လုပ်ငန်းဆောင်ရွက်မှုများကလည်း တိုးတက်လျက်ရှိပါတယ်။
ကာကွယ်ဆေးတွေထဲမှာ နမိုးနီးယား အဆုတ်ရောင် ရောဂါနှင့် ဦးနှောက်အမြှေးရောင် ရောဂါတို့ကို ကာကွယ်ရာတွင် အရေးပါတဲ့ ကာကွယ်ဆေးတစ်ခုကတော့ Pneumococcal Vaccine ဖြစ်ပါ တယ်။ သူမက ဒီကာကွယ်ဆေးရဲ့ကုန်ကျစရိတ်နှင့် ဆေးနှုန်းကို လျှော့ချရန် တာဝန်ယူဆောင် ရွက်နေသူဖြစ်ပါတယ်။ အဲဒီဆေးက အမေရိကန်ပြည်ထောင်စုမှာ ဆိုရင် ဆေးတစ်လုံးလျှင် အမေရိ ကန်ဒေါ် လာ ၁၀ဝ ခန့်ကျသင့်ပြီး ဆင်းရဲတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေ၊ ကာကွယ်ဆေးကို လိုအပ်နေသည့် နေရာတွေမှာ အမေရိကန်ဒေါ်လာ ၂.၉၅ ဒေါ်လာအထိ ဈေးနှုန်း လျော့ကျသွားအောင် ဆောင်ရွက်လျက်ရှိပါတယ်။ GAVI ရဲ့ စွမ်း ဆောင်မှုကြောင့် ကမ္ဘာပေါ်ရှိ ကလေးသူငယ်ပေါင်း သန်း ၆၉၀ ကို အဲဒီကာကွယ်ဆေး အခမဲ့ထိုး ပေးထားပြီး အသက်ပေါင်း ၁၀သန်း ကိုလည်း ကယ်တင်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ သို့သော်လည်း ကာကွယ် ဆေးကို ရသင့်သော်လည်း လက်လှမ်းမမီသေးသော ကလေးငယ် တွေ ရှိနေပါသေးတယ်။ ကျန်းမာရေးနှင့် ဆေးဝါးနှင့်သက်ဆိုင်သော ကုမ္ပဏီကြီးအများစုကလည်း ဝေးလံခေါင်းပါးသောဒေသများ အတွက် ဆေးဝါးများထောက်ပံ့နိုင်အောင် နည်းပညာသစ်များ အသုံး ပြုလျက်ရှိကြပါတယ်။ Zipline အမည်ရှိ ဆေးကုမ္ပဏီကြီးတစ်ခုက ရဝမ်ဒါနိုင်ငံလို တောတောင်ထူ ထပ်ပြီး သွားလာရေးခက်ခဲသည့် နေရာများသို့ ကာကွယ်ဆေးအပါအဝင် ဆေးဝါးအမျိုးမျိုး၊ သွေး အစရှိတဲ့ ထောက်ပံ့ရေးပစ္စည်းများကို drone လေယာဉ်ငယ်များ အသုံးပြုလျက် ပို့ဆောင်ပေးနေပါတယ်။ ကမ္ဘာတစ်ဝန်းလုံးရှိ မိဘများအားလုံး သူတို့ရဲ့ သားသမီးများကို ကာကွယ်ဆေးထိုးဖို့ မပူပန် ရတော့ဘဲ သားသမီးများ သက် ရှည်ကျန်းမာစွာ နေထိုင်လျက် မိသားစုအကျိုး၊ နိုင်ငံ့အကျိုးနဲ့ ကမ္ဘာကြီးရဲ့အကျိုးသယ်ပိုးနေကြပုံကို စိတ်ကူးပုံဖော်ကြည့်ဖို့ GAVI ဥက္ကဋ္ဌက ပြောကြားလိုက်ပါတယ်။
GAVI က မြန်မာနိုင်ငံမှာလည်း ၂၀ဝဝပြည့်နှစ်ကတည်းက ရောက် ရှိလာပြီး ၂၀၁၆ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း Pneumococcal Vaccine ကို မြန်မာကလေးသူငယ် ၁ သန်းအတွက် ထိုးပေးနိုင်တော့ မှာ ဖြစ်ကြောင်း သိရပါတယ်။
အဆိုပါ ကာကွယ်ဆေးကို ရန်ကုန်မြို့ပေါ်ရှိ ပုဂ္ဂလိကဆေး ခန်းများတွင်ထိုးပါက ကျပ် ၄ သောင်းခွဲပတ်ဝန်းကျင်ခန့် ကုန်ကျ နိုင်ကြောင်း သိရှိရပါတယ်။

မောင်