ယခုတစ်ပတ်မှာတော့ ဆေးသိပ္ပံပညာလောကအတွက် အထူး ဝမ်းမြောက်ဖွယ်ရာသတင်းတစ်ခုကို ဖော်ပြပေးလိုပါတယ်။ အဲဒါကတော့ အစ္စရေးနိုင်ငံမှ ဆေးသိပ္ပံ ပညာရှင်များက ကင်ဆာကာကွယ်ဆေး (Cancer Vaccine) တစ်ခုကို တီထွင်ထုတ်လုပ်နိုင်ခဲ့ကြပြီး အဲဒီဆေးက ကင်ဆာအားလုံးရဲ့ ၉၀ ရာခိုင်နှုန်းကို ပျောက်ကင်းအောင် ကုသပေးနိုင်တော့မှာဖြစ်တဲ့အကြောင်း ဖြစ်ပါတယ်။
Vaxil Bio Therapeutics Limited လို့ခေါ်တဲ့ ဆေးကုမ္ပဏီက ထုတ်လုပ်ခဲ့တာဖြစ်ပြီး ကာကွယ်ဆေးလည်းဖြစ်၊ ကုသတဲ့ဆေး လည်းဖြစ်တဲ့အတွက် Therapeutic vaccine ကုထုံးဆိုင်ရာ ကာကွယ် ဆေးလို့လည်း ခေါ်နိုင်ပါတယ်။ ဆေးရဲ့ အမည်ကိုတော့ ImMucin လို့ နာမည်ပေးထားပါတယ်။
ဒီဆေးက မကောင်းတဲ့ ကင်ဆာကလာပ်စည်းများ တိုက်ထုတ် ဖျက်ဆီးပေးပြီး ကောင်းတဲ့ ကျန်းမာနေတဲ့ ကလာပ်စည်းတွေကို မထိခိုက်အောင် ခုခံအားစနစ်ကို သင်ပေးသော ဆေးဖြစ်ပါတယ်။ ဒီကုထုံးက အခြားသော ကာကွယ် ဆေးတွေလိုပဲ ဘေးထွက်ဆိုးကျိုး နည်းပါးပြီး ကင်ဆာကလာပ်စည်း တွေကိုသာ သီးသန့်တိုက်ခိုက်ပေး တဲ့အတွက် ပို၍ ကောင်းကျိုးသက် ရောက်မှုရှိပါတယ်။
ရိုးရိုးသမားရိုးကျပုံမှန်ကာကွယ် ဆေးတွေနဲ့ ကွာခြားပုံကတော့ အဲဒီ ပုံမှန်ကာကွယ်ဆေးတွေက ခန္ဓာ ကိုယ်ထဲကို မရင်းနှီးသော ရောဂါ ဖြစ်စေသော ဗက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်ပိုးတွေ ဝင်ရောက်လာရင် ခုခံအားစနစ်ကို ကာကွယ်တိုက် ထုတ်ပေးဖို့ သင်ကြားပေးတာဖြစ် တယ်။ ကျန်းမာနေတဲ့လူတွေကို လည်း ဒီကာကွယ်ဆေးကို ထိုးလို့ ရတယ်။
Therapeutic vaccine ကတော့ နေမကောင်းတဲ့သူတွေကို ကောင်းလာအောင် လုပ်ပေးတာ ဖြစ်တယ်။ ဒါကြောင့် သူ့ကို ဆေး ဝါးတစ်မျိုးအဖြစ် ခေါ်နိုင်ပါတယ်။ အနည်းငယ်ရှုပ်ထွေးမှုတော့ ရှိပါ တယ်။
ကင်ဆာအကြောင်းနှင့် ပတ် သက်ပြီး အနည်းငယ် ရှင်းပြရရင် လူတစ်ယောက် ကင်ဆာဖြစ်လာ တယ်ဆိုတာက အဲဒီလူရဲ့ ခန္ဓာ ကိုယ်ထဲမှာရှိသော ကိုယ်ပိုင် ကလာပ်စည်းတွေဟာ ထိန်းချုပ်လို့ မရအောင် ပုံတူကူး ပွားများလာ ခြင်းပဲ ဖြစ်တယ်။
ခန္ဓာကိုယ်နှင့် မရင်းနှီးသော အခြားသော ဗက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေနှင့် မတူတဲ့အချက်က အဲဒီ ကင်ဆာကလာပ်စည်းဆိုတဲ့ ပစ္စည်းတွေက အဲဒီလူရဲ့ ခန္ဓာကိုယ် ထဲမှာရှိသော မှားယွင်းသွားသော ကိုယ်ပိုင်ကလာပ်စည်းတွေသာ ဖြစ်တယ်။ တခြားသူစိမ်း အခြား တစ်နေရာမှ ဝင်လာတာ မဟုတ် ပါ။
အဲဒီအခြေအနေမျိုးမှာ ခန္ဓာ ကိုယ်ခုခံအားစနစ်က ထိထိရောက် ရောက်တုံ့ပြန်ဖို့က ခက်ခဲပါတယ်။ ကိုယ့်တပ်ကိုယ်ပြန်နင်းရမဲ့ကိန်းမျိုး ဆိုက်နေတယ်။
ကင်ဆာလူနာတွေဟာ ကျန်း မာရေးက ဆိုးဝါးလာပြီး ကင်ဆာ ရောဂါကိုယ်တိုင်ကရော သောက် နေရတဲ့ ဆေးတွေကြောင့်ပါ ခန္ဓာ ကိုယ်ခုခံမှုက အရှုံးပေးလိုက်ရတာ မျိုးဖြစ်ရင် အခြေအနေက ပိုပြီး ဆိုးနိုင်ပါတယ်။
Therapeutic vaccine ရဲ့ ထူးခြားချက်က ကင်ဆာကလာပ်စည်း တစ်ခုခုတွေ့တာနဲ့ တစ်ပြိုင်နက် ကိုယ်တွင်းခုခံအား စနစ်ကို သင် ပေးလိုက်တာက ကင်ဆာကလာပ် စည်းများကို တိုက်ထုတ်ဖျက်ဆီးဖို့ပါပဲ။ T ကလာပ်စည်းလို့ခေါ်တဲ့ ခုခံအားကလာပ်စည်းတွေကို ပို့ဆောင်တတ်ဖို့ သင်ပေးလိုက်တာ ဖြစ်တယ်။ ကင်ဆာကလာပ်စည်း တွေအပေါ်မှာ တိကျတဲ့ အမှတ် အသားတစ်ခုခုကို ရှာတတ်ဖို့ အတွက် T ကလာပ်စည်းများကို သင်ပေးခြင်းဖြစ်တယ်။ T ကလာပ်စည်းများက ထိုအမှတ်သားရှိတဲ့ ကင်ဆာကလာပ်စည်းတွေကိုပဲ သီးသန့် ဖျက်ဆီးပေးတယ်။
ယခု ထုတ်လုပ်ထားတဲ့ ImMucin ဆိုတဲ့ ကာကွယ်ဆေးက T ကလာပ်စည်းတွေကို MUC 1 လို့ခေါ်တဲ့ ပရိုတိန်းကို ညွှန်ပြပေးသော (အမှတ်အသားပြပေးသော) ကလာပ်စည်းတွေကိုသာ တိုက် ထုတ်ဖို့ လေ့ကျင့်ပေးခြင်း ဖြစ်ပါတယ်။ MUC 1 ဆိုတဲ့ ပရိုတိန်းဓာတ်ဟာ ကင်ဆာကလာပ်စည်း တွေမှာသာလျှင် တွေ့နိုင်တာဖြစ်တယ်။ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ဖြစ်ပွားသော ကင်ဆာ အမျိုးအစားများအားလုံး၏ ၉၀ ရာခိုင်နှုန်းသော ကင်ဆာကလာပ် စည်းတွေက အဲဒီပရိုတိန်း MUC 1 ထုတ်လုပ်တယ်။ ဒါကြောင့် ImMucin ဆိုတဲ့ ဆေးဝါးက ကင်ဆာတစ်ခုမှာ အလုပ်လုပ်ရင် နောက်ထပ် ၉၀ ရာခိုင်နှုန်းသော ကင်ဆာတွေမှာလည်း အလုပ်လုပ်မှာ ဖြစ်ပါတယ်။
ImMucin ထဲမှာ အခြားသော ဆေးဝါးတွေနဲ့ လုံးဝမတူကွဲပြားတဲ့ အချက်က အကျိုးသက်ရောက်မှု ၂မျိုး ပေးနိုင်ခြင်းဖြစ်တယ်။ ပထမ အချက်ကတော့ ImMucin ကို ကမ္ဘာပေါ်ရှိ လူအားလုံးနီးပါး အသုံး ပြုနိုင်ခြင်းဖြစ်တယ်။ လူ့ခန္ဓာကိုယ် အတွင်းရှိခုခံအားစနစ်ထဲမှာအသုံး ပြုနိုင်ဖို့ Therapeutic vaccine တစ်ခုသည် အခြေခံအကျဆုံးနည်း လမ်းများနှင့်ဝင်ရောက်နိုင်ရတာဖြစ်ပြီး လူတစ်ဦးချင်းစီ၏ခန္ဓာကိုယ်ကလည်း တစ်ယောက်တစ်မျိုးစီမတူဘဲတုံ့ပြန်တတ်ပါတယ်။ ဆေးတစ်မျိုးဟာ မတူကွဲပြားသော သန်းနှင့်ချီပြီးရှိနေတဲ့ ခုခံအားစနစ်တွေ အားလုံး အတွက် တူညီတဲ့ ဖြေရှင်းချက် တစ်ခုပေးနိုင်တယ်ဆိုတဲ့ အချက်က တော့လွယ်ကူတဲ့ကိစ္စရပ်တစ်ခုမဟုတ်ပါဘူး။ ImMucin ရဲ့ ဒုတိယအကျိုး သက်ရောက်မှုတစ်ခုကတော့ လွတ်ထွက်နေသော ကင်ဆာကလာပ် စည်းများ (Tumor Escape) တွေပါ တိုက်ဖျက်နိုင်ခြင်းဖြစ်တယ်။
ကင်ဆာဆိုတဲ့ ရောဂါက တစ်ခါတစ်ရံ ကုထုံးကို ခံနိုင်ရည်ရှိပြီး ကာကွယ်တတ်လာတာ ဆေးမတိုးတော့တာမျိုး ဖြစ်လေ့ရှိတယ်ဆိုတာ မိမိတို့အားလုံး သိပြီးဖြစ်တယ်။ အဲဒီလိုအခြေအနေမျိုးမှာ နောက် ထပ်ကုထုံးအသစ်တစ်ခုနဲ့ ကြိုးစားပြန်တော့လည်း ကင်ဆာက အဲဒီ ကုထုံးအသစ်ကိုပါ ယဉ်ပါးလာပြီး တစ်ခုပြီးတစ်ခု ကုထုံးအမျိုးအစား တွေ မကျန်တော့အောင် ဆေးယဉ်ပါးသွားတာမျိုး တိုးမပေါက်တော့ တာမျိုး ဖြစ်လေ့ရှိပါတယ်။ ဒီလို ဖြစ်ခြင်းရဲ့ အကြောင်းရင်းက ကင်ဆာကလာပ် စည်းတွေဟာ ကုထုံး တွေကို ဖုံးကွယ်နိုင်ပြီး ဗီဇပြောင်း (Mutation) ဖို့တောင်မှ စွမ်းဆောင်နိုင်ခြင်းကြောင့်ဖြစ်တယ်။ ဒါကို Tumor Escape Mechanism လို့ ခေါ်ပါတယ်။ ImMucin က လွတ်မြောက်အောင် ကြိုးစားမှုကို ရှာပြီး နည်းအမျိုးမျိုးနဲ့ တိုက်ထုတ်နိုင်အောင် ဒီဇိုင်းလုပ်ထားခြင်းဖြစ်တယ်။
ဒါကြောင့် ယခု ImMucin ကို ကုသရန်နည်းလမ်းကောင်းကောင်း မရှိသေးတဲ့သွေးကင်ဆာအမျိုးအစား တစ်ခုဖြစ်သော Myeloma ကင်ဆာ လူနာတွေနဲ့ စမ်းသပ်ကုသမှုတွေ အောင်မြင်စွာပြုလုပ်လျက်ရှိပါတယ်။
နောင်အနာဂတ်မှာလည်း MUC 1 ပရိုတိန်းထုတ်သော အခြားေသော ကင်ဆာတွေမှာလည်း စမ်းသပ်ကုသဖို့ ကုမ္ပဏီက စီစဉ်နေပါတယ်။ အရာအားလုံးအဆင်ပြေ ချောမွေ့မယ်ဆိုရင်တော့ နောက် ၆နှစ်မှ ၇နှစ်လောက်အတွင်းမှာ ImMucin ကို ဆေးဈေးကွက်ထဲမှာ ဝယ်ယူရရှိနိုင်တော့မှာဖြစ်ပါတယ်။
ImMucin ကို Vaxhit လို့ ခေါ်တဲ့ နည်းပညာနဲ့ ရှာဖွေတွေ့ ရှိထားတာဖြစ်ပါတယ်။ ယခုအခါ ကမ္ဘာ့ဆေးလောကမှာ VAXHIT ကို ကျယ်ပြန့်စွာ အသုံးပြုလျက်ရှိကြ ပြီး နောင်အနာဂတ်တွင် AIDS ၊ ငှက်ဖျားနှင့် တီဘီရောဂါဆေးများ ထုတ်လုပ်နိုင်ရန်လည်း အစီအစဉ် ရှိပါတယ်။ ဒါ့အပြင် အီဘိုလာ ဗိုင်းရပ်စ်အတွက်လည်း စမ်းသပ်နေပါတယ်။
Ref : jewtube.tv

မောင်