ပန်းချီဆရာ ၃၇ ဦး စုပေါင်း ပြသသည့် The Second Batch အမည်ရှိ ပန်းချီပြပွဲကို ၁၃-၇-၂၀၁၉ ရက်နေ့မှ ၁၆-၇-၂၀၁၉ ရက်နေ့အထိ နံနက် ၉ နာရီမှ ညနေ ၅ နာရီအချိန်အတွင်း အမှတ် ၁၀၁၊ ၄၃ လမ်း (မဟာဗန္ဓုလ လမ်းနှင့် ကုန်သည်လမ်းကြား) ရှိ 43 Art Gallery တွင် ကျင်းပခဲ့သည်။
ပြပွဲတွင် မြန်မာနိုင်ငံ အရပ်ရပ်ရှိ ထင်ရှားသော ရှေးဟောင်း အမွေအနှစ် များ၊ ကျေးလက်ရှုခင်းများ၊ စေတီပုထိုးများနှင့် သဘာဝ အလှအပများကို ရေဆေး၊ ဆီဆေး၊ အခရီလစ်ဆေး တို့ဖြင့် ရေးဖွဲ့တင်ပြထားသည်။ လက်ရာအများစုကို သရုပ်မှန်ရေးနည်းဖြင့် ရေးဖွဲ့တင်ပြထားပြီး ရသမျိုးစုံ ကို ရှုမြင်ခံစားရသည်။ ဖော်ပြပါပန်းချီ လက်ရာမှာ ပန်းချီဆရာမိုးညို၏ Poetic Poem အမည်ရှိ ပန်းချီကား ဖြစ်ပြီး ၁၁ လက်မ × ၂၂ လက်မအရွယ်ရှိ စက္ကူပေါ်တွင် ရေဆေးအကြည်ဖြင့် ရေးဖွဲ့ထားသည်။ ပန်းချီကား ဖွဲ့စည်းပုံ၊ အရောင်သုံးစွဲပုံ၊ အလင်း အမှောင် အယူအဆများကို ပန်းချီ ဆရာမိုးညို၏ ကိုယ်ပိုင်ဟန် အတိုင်း ရေးဖွဲ့တင်ပြထားသည်ကို တွေ့ရသည်။

TWA