SLE Systemic Lupus Erythematosus အက်စ်အယ်လ် အီး ခေါ် စစ်စတမ်မစ်လူးပတ်စ် အီရီသမ်မတိုဆပ် ရောဂါဟာ အမျိုးသမီးတွေမှာ ဖြစ်တဲ့ သွေး ဓာတ်မတည့်အော်တိုအင်ြွမန်းရော ဂါတစ်မျိုးဖြစ်ပါတယ်။ ခန္ဓာကိုယ် ခုခံစနစ်က မိမိကို ပြန်တိုက်သော ရောဂါ ခန္ဓာကိုယ်၏ ခုခံအား စနစ်က မှားယွင်းစွာ တိုက်ခိုက် လိုက်တဲ့အတွက် ကျန်းမာနေတဲ့ ခန္ဓာကိုယ်နေရာများစွာက တစ် သျှူးတွေပါ ပျက်စီးစေတဲ့ ရောဂါ လည်းဖြစ်တယ်။ ဝေဒနာများဟာ လူတစ်ယောက်နဲ့ တစ်ယောက် ကြား အမျိုးမျိုး ကွဲပြားနေပြီး သာမန်အပျော့စားဝေဒနာမှသည် ပြင်းထန်ဆိုးဝါးတဲ့ဝေဒနာအထိ ရှိတတ်ပါတယ်။ ထိုရောဂါရှိပါက အရေပြား၊ အဆစ်အမျက်များ၊ ကျောက်ကပ်များ၊ ဦးနှောက်နှင့် အခြားနေရာများကိုပါ ထိခိုက် စေနိုင်ပါတယ်။ လူးပတ်စ်ရောဂါ လို့လည်း ခေါ်သလို SLE အက်စ် အယ်လ်အီးလို့လည်း အတိုကောက် ခေါ်တဲ့ ထိုရောဂါဟာ နာတာရှည် ရောဂါတစ်ခုဖြစ်ကာ ကြာလာရင် လူနာမှာ ပင်ပန်းနွမ်းနယ်မှု ပြင်း ထန်စွာခံစားရသလိုအဆစ်အမျက် တွေလည်း ကိုက်ခဲလာတတ်ပါ တယ်။ တချို့သော အမျိုးသမီး တွေရဲ့ မျက်နှာအရေပြားပေါ်မှာ ပါးနှစ်ဖက်နှင့် နှာတံပေါ်တွင် လိပ် ပြာတောင်ပံခတ်သလို ပုံသဏ္ဌာန် လေးပေါ်လာတတ်ပါတယ်။
ထိုရောဂါရှိတဲ့ အမျိုးသမီး ခမျာ သူလည်း လောကီသားပေမို့ အိမ်ထောင်ကျတဲ့အခါ ကိုယ်ဝန် ဆောင်ဘဝ မလွဲမသွေ ခံယူခဲ့ရပါ လျှင် ကျန်းမာရေးပြဿနာတွေ ကြုံတွေ့လာနိုင်ပါတယ်။ မျိုးပွား နိုင်တဲ့အသက်အရွယ်မှာ SLE ရောဂါကနဦးရရှိခဲ့ပါက တကယ့် ကမ္ဘာလောကကြီးထဲလက်တွေ့ဘဝ ရင်ဆိုင်လာရတာကတော့ ရှေ့မှာ ဖော်ပြခဲ့တဲ့ကိုယ်ဝန်ဆောင်မှုအပေါ် အကျိုးသက်ရောက်မှု ရလဒ်များ အား သိထားရန်လိုပါတယ်။ အမျိုးသားအတွင်းလူနာများထဲက ၁၉၉၈ခုနှစ်မှ ၂၀၁၅ခုနှစ်အတွင်း ကျပန်းကောက်ယူထားတဲ့စာရင်း ပေါ်အခြေခံ၍ အက်စ်အယ်လ်အီး SLE ရောဂါရှိ ကိုယ်ဝန်ဆောင် မိခင်ပေါင်း ၉၄၀ဝ၀ နှင့် SLE ရောဂါမရှိတဲ့ ကိုယ်ဝန်ဆောင် မိခင် ၇၈çဝဝဝçဝဝဝတို့အား စောင့်ကြည့် လေ့လာသုတေသနပြုခဲ့တာဖြစ်ပါ တယ်။
ထိုလေ့လာမှုအရ ကိုယ်ဝန် ဆောင်များ ဆေးရုံတက်မီးဖွားကြ ရာတွင် မိခင်ပေါင်း တစ်သိန်းလျှင် SLE ရောဂါရှိ မိခင် ၁၈၀ ဦး သေ ဆုံးပြီး ထိုရောဂါမရှိတဲ့ မိခင် ၁၂ ဦးသာ သေဆုံးကြကြောင်း နှိုင်း ယှဉ်တွေ့ရှိခဲ့ရပါတယ်။ သန္ဓေသား အနေနဲ့ကတော့ မီးဖွားမှု ၁၀ဝဝဝ = တစ်သောင်းမှာ SLE မိခင်ရဲ့ သန္ဓေသား ၁၈၀ ဦး သေဆုံးပြီး၊ SLE ရောဂါမရှိသောမိခင်များရဲ့ သန္ဓေသား ၆၅ ဦးသာသေဆုံး ကြောင်း ဖော်ထုတ်တွေ့ရှိခဲ့ကြရပါသတဲ့။
ဘာတွေကြောင့် မိခင်ရော သန္ဓေသားနှင့် ကလေးငယ်များ သေဆုံးကြရတဲ့အကြောင်းရင်းများကတော့ ကိုယ်ဝန်ဆောင်အချင်း အဆိပ်တက်ခြင်း သို့မဟုတ် မီးမဖွားမီ အချင်းကွာကျခြင်းနှင့် ဗိုက်ခွဲ၍ ကလေးမီးဖွားခံရခြင်း စတဲ့ အချက်များကြောင့်ဖြစ် ကြောင်း လေ့လာခဲ့ရပါသတဲ့။
၁၉၉၈ခုနှစ်မှစပြီး ၂၀ဝဝပြည့် နှစ်အတွင်း ဆေးရုံတက် မီးဖွားသူ အမျိုးသမီးတစ်သိန်းမှာ SLE မိခင် လောင်း ၄၄၂ ဦး သေဆုံးခဲ့တာ လေ့လာတွေ့ရှိခဲ့ရသလို၂၀၁၃ခုနှစ် မှ ၂၀၁၅ ခုနှစ် (နှစ်နှစ်အတွင်း) ထိုရောဂါရှိ မိခင်ပေါင်း ၅၀ ကျော် သေဆုံးခဲ့ရကြောင်း လေ့လာတွေ့ ရှိခဲ့ရပါတယ်။ ဆေးရုံတက်မီးဖွား ရာမှာ SLE ရောဂါရှိ မိခင်များရဲ့ သေဆုံးနှုန်းလျှော့ချလာနိုင်တာ တွေ့လာရပါပြီ။
ထိုတွေ့ရှိချက်များအရ ဆေး သိပ္ပံပညာရှင်များမှတ်ချက်ပေးလာ တာကတော့ SLE ရောဂါရှိတယ် လို့ သိရရင် အရွယ်ရောက်သူ အမျိုးသမီးများအနေဖြင့် အတတ် နိုင်ဆုံး ကိုယ်ဝန်တားဆေးများ အသုံးပြုသင့်ကြောင်းနှင့် ကလေး ယူချင်ပါက မီးယပ်သားဖွားဆရာ ဝန်ကြီးနှင့် သေသေချာချာနှစ်သိမ့် ဆွေးနွေးအကြံပေးတာခံယူသင့် ကြောင်း၊ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ဝန်ဆောင်ဖြစ်နိုင်ခြေရှိတဲ့ ကျန်းမာရေးပြဿနာများ၊ အခက် အခဲများ၊ ဥပမာ မိမိရဲ့ ရောဂါြွက လာမည့်အခြေအနေရှိခြင်း၊ ကိုယ် ဝန်ဆောင်စဉ် သွေးဆိပ်တက်နိုင် ခြင်း၊ သွေးခဲခြင်း၊ သန္ဓေသားကြီး ထွားမှုဟန့်တားခံရခြင်းနှင့် နေ့မစေ့ လမစေ့ မွေးဖွားနိုင်ခြင်း စတဲ့ အန္တ ရာယ်ဘေးထွက်ဆိုးကျိုးများ အကြောင်း ဆရာဝန်ကြီးက သင့် အားရှင်းပြမှာ ဖြစ်ပါတယ်။ ရှောင် ရန်၊ ဆောင်ရန်တို့ သင့်အနေဖြင့် ကြိုသိထားရမှာဖြစ်ပါတယ်။ ဒီပြင် SLE ရောဂါလက္ခဏာများငြိမ်နေတဲ့ အချိန်ကာလမှာမှ ကိုယ်ဝန် ဆောင်သင့်တာမို့ ကိုယ်ဝန်ယူပြီး ၆လကျော်အထိ အိုဂျီနှင့် အမြဲသွား ပြသနေရန်လိုပါတယ်။ ဒီအချက် ကို ကြိုတင်စီမံထားသင့်ပါတယ်။ ကိုယ်ဝန်မဆောင်သင့်တဲ့ အခြေ အနေများမှာ (၁) SLE လည်းရှိပြီး ပြင်းထန်ဆိုးဝါးတဲ့ ကျောက်ကပ် ရောဂါ သို့မဟုတ် လတ်တလော ကျောက်ကပ်ရောင်ရမ်းခြင်း အခြေ အနေရှိနေချိန်မှာ ကိုယ်ဝန် မဆောင်သင့်ပါ။
(၂) antiphospholipid antibodies(+) အင်တီဖော့စ်ဖိုလစ် ပစ်အင်တီဘော်ဒီများ တွေ့နေရ ချိန်မှာ IUD ခေါ် သားဆက်ခြား ကိရိယာလေး သားအိမ်ထဲ ထည့် ထားသင့်ပါတယ်။
(၃) အင်တီဖော့စ်ဖိုလစ်ပစ် အင်တီဘော်ဒီ (-) သွေးထဲမရှိနှင့် ပလိတ်လက်ခေါ် သွေးမွှားဥပုံမှန် ရှိပါက သန္ဓေတားဆေးသောက် ဆေးရော၊ ထည့်တာ ၂မျိုးစလုံးနှင့် သင့်တော်ပါသတဲ့။
SLE မိခင်ကိုယ်ဝန်ဆောင်နေ စဉ်အတွင်းမှာရော နို့တိုက်မိခင် ဖြစ်နေချိန်မှာရော ဟိုက်ဒရောက်စီ ကလိုရိုကွင်းဆေးဟာ အာနိသင် ကောင်းတဲ့အတွက် ဘယ်လောက် သောက်သင့်လဲဆိုတာ သင့်ဆရာ ဝန်က သင့်အားဆက်သောက်ဖို့ ပေးပါလိမ့်မယ်။
Ref : NEJM
Tracking pregnancy outcomes among women with SLE

ဒေါက်တာရည်ညွန့်မေ