အမျိုးသမီး ပန်းချီပညာရှင်များဖြစ်ကြသော သွယ်မျိုးမျိုးသိုက်၊ အဲလစ်ခိုင် ဝင်းဇံနှင့် ညိုဇွန်နိုင်ဝင်းတို့ ပူးတွဲပြသသော Our Pleasure အမည်ရှိ ပန်းချီပြပွဲကို ၂၅-၆-၂၀၁၉ ရက်နေ့မှ ၂၇-၆-၂၀၁၉ ရက်နေ့အထိ အမှတ် ၁၀၁၊ ၄၃ လမ်း (မဟာဗန္ဓုလ လမ်းနှင့် ကုန်သည်လမ်းကြား) ရှိ
43 Art Gallery တွင် ပြသခဲ့သည်။ ပြပွဲတွင် ရေဆေးနှင့် အခရီလစ် ဆေးတို့ဖြင့် ရေးဆွဲထားသော ပန်းချီကား ၉၉ ကားကို ပြသခဲ့သည်။ ပန်းချီလက်ရာများမှာ မြို့ပြရှုခင်းများ၊ ကျေးလက်ရှုခင်းများ၊ မြန်မာ့သဘာဝအလှရှုခင်း များ၊ ပုံတူနှင့် ပန်းများကို ကိုယ်ပိုင်ဟန်များဖြင့် ရေးဖွဲ့တင်ပြထား သည်။ ဖော်ပြပါ ပန်းချီကားမှာ အဲလစ်ခိုင်ဝင်းဇံ၏ အင်းလေး အမည်ရှိ ရှုခင်းပန်းချီကားဖြစ်ပြီး ၂ ပေ× ၃ ပေအရွယ်ရှိ ကင်းဗတ်ပိတ်ပေါ်တွင် အခရီ လစ်ဆေးဖြင့် ရေးဖွဲ့ထားသည်။

TWA