Colours of Truth ပန်းချီပြပွဲကို ၁၉-၆-၂၀၁၉ ရက်နေ့မှ ၂၅-၆-၂၀၁၉ ရက်နေ့အထိ နံနက် ၉ နာရီမှ ညနေ ၅ နာရီအချိန်အတွင်း အမှတ်(၁၀ဝ)၊ ဘိုကလေးဈေးလမ်း၊ ရန်ကုန်မြို့ရှိ ပန်သူရိယ ပန်းချီပြခန်း တွင် ပြသခဲ့သည်။ ပြပွဲ၏ ခံယူချက်အဖြစ် တင်ပြထားသည်မှာ “တစ်ခါ တစ်ရံ သင်ဟာ သင့်ကိုယ်သင် (ဒါမှမဟုတ်) သင်နေ့စဉ်ဖြတ်သန်းနေ ရတဲ့ဘဝကို အစစ်အမှန်တစ်ခုဖြစ်တယ်လို့ ယုံကြည်ကောင်း ယုံကြည် နေလိမ့်မယ်။ တချို့သူတွေက ဘဝကို သူတို့လိုချင်တဲ့ အရည်အသွေး တွေနဲ့ ပြည့်မီအောင် တည်ဆောက်တတ်ကြတယ်။ တချို့သူတွေက တော့ ဘဝကို ပစ်စလက်ခတ်ဖြတ်သန်းကြတယ်။ တစ်ခါတလေမှာ ဘဝတွေဟာ သတ်မှတ်ချက်တွေ၊ စံနှုန်းတွေအောက်မှာ ဘောင်သွင်း တည်ဆောက်ခြင်းခံနေရတတ်ပါတယ်။ ဥပမာ-နိုင်ငံရေးသမား၊ ဘာသာရေးသမား၊ ပညာရှင် စတဲ့ ခေါင်းစဉ်တွေအောက်မှာ သတ်မှတ် ပြဋ္ဌာန်းခံနေရသလိုမျိုးပေါ့။ အကယ်၍ သင်ဟာ သတ်မှတ် ချက်ဆိုတဲ့ အရာတွေအောက်မှာ သင့်ရဲ့ ကိုယ်ပိုင်ခံစားချက်တွေ အမှန်တရားတွေ ပျောက်ဆုံးနေတယ်လို့ ခံစားမိခဲ့ရင်၊ အဲဒီအမှန် တရားတွေကို ကျွနု်ပ်တို့ လိုမျိုး ခရေစေ့တွင်းကျ ဖော်ထုတ်တတ်ခဲ့မယ်ဆိုရင် သင်ဟာ သင် မဟုတ်တဲ့ အခြားအရာတစ်ခုခုဆိုတာကို ရှာဖွေတွေ့ရှိကောင်းတွေ့ရှိ နိုင်ပါလိမ့်မယ်” ဟူ၍ ဖြစ်သည်။
ပါဝင်ပြသသော ပန်းချီပညာရှင်များမှာ အေးကို၊ သော်ဒီဝေ၊ နီပိုဦး၊ ကိုသီး၊ ဟိန်းထက်၊ ကိုဆက်၊ ထားဝယ်လေး၊ မျိုးပနှင့် အိမ့်ချမ်း မြေ့တို့ ဖြစ်ကြသည်။

TWA