ပဋိသန္ဓေ ကိုယ်ဝန်တားနည်းများ
ဒီနည်းလမ်းတွေဟာ ငွေကုန်ကြေးကျ တစ်ပြားမျှ ကုန်စရာမလိုဘဲ ရှေးဟောင်းမဆွ ကတည်းက သုံးစွဲလာခဲ့တဲ့ သဘာဝနည်းလမ်းအတိုင်း ပဋိသန္ဓေတားနည်းတွေပဲဖြစ်ပါတယ်။
ပြက္ခဒိန်ရက်ရှောင်နည်း
ပဋိသန္ဓေကိုယ်ဝန်ဆောင်ဖို့ မမျိုးသားဥနှင့် ဖိုသုက်ပိုးတို့ ထိတွေ့ပေါင်းစပ် သန္ဓေအောင်ဖို့ လိုအပ်ရာ၊ အမျိုးသမီးတစ်ဦး၏ မမျိုးသားဥ ေြွကချိန်တစ်ဝိုက်၌ လိင်မှုကိစ္စရှောင်ကြဉ်ခြင်းဖြင့် ကိုယ်ဝန်မရစေတဲ့ အလွန်ရိုးစင်းသောနည်းလမ်း ဖြစ်ပါတယ်။ အမျိုးသမီးတစ်ဦးရဲ့ မမျိုးသားဥဟာ ရာသီစပေါ်တဲ့နေ့မှ...
ကိုယ့်မှာကာလသားရောဂါ ရှိ၊ မရှိ ဘယ်လိုသိနိုင်မလဲ
လူပျို၊ အပျို ဖြစ်ခါစဆယ်ကျော်သက်တွေမှာ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေအကြောင်း အတွေ့ အကြုံ ဗဟုသုတ နည်းတာကတစ်ကြောင်း၊ အဆိုပါ ကာလသား ရောဂါခေါ် လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေ အများစုဟာ ဖြစ်ခါစအချိန်မှာ ဘာရောဂါလက္ခဏာကိုမှ မပြသတတ်တာက တစ်ကြောင်းတို့ကြောင့် လူပျို၊ အပျိုတွေအဖို့ ကိုယ့်မှာ...
လုံခြုံဘေးကင်းတဲ့ လိင်ကိစ္စဆိုင်ရာ လမ်းညွှန်
ကွန်ဒုံးတစ်ခု သယ်ဆောင်ထားပါ
အရေးပေါ်အခြေအနေမျိုးကျမှ ကွန်ဒုံးရှာမရတဲ့ အဖြစ်မျိုးမကြုံရလေအောင် ကွန်ဒုံးတစ်ခုကို ကိုယ်နဲ့မကွာ အမြဲသယ်ဆောင်ထားပါ။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျားရော၊ မရော လိုအပ်ပါတယ်။
ကွန်ဒုံးစွပ်နည်းလည်း လေ့လာထားဦး
ပွဲမဝင်ခင် အပြင်က ကျင်းပဆိုသလိုပဲ ကွန်ဒုံး တပ်တာချွတ်တာမှာလည်း
နည်းစနစ်တကျ ရှိဖို့လိုတယ်။ လေ့ကျင့်ခန်း လုပ်ကြည့်ရင် အကောင်းဆုံးပဲ။
ကွန်ဒုံးတပ်ပြီးမှ လိင်မှုကိစ္စ ဆောင်ရွက်ပါ
လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများ လုံးဝ...
မိမိဘာသာ လိင်ဆန္ဒဖြေဖျောက်ခြင်းနှင့် ပတ်သက်သည့် အယူအဆအမှားများ
လူအများစုက (ကျားဖြစ်စေ၊ မဖြစ်စေ) အရွယ်ရောက်လာပြီးရင် မသင်ဘဲ အလိုလို တတ် မြောက်လာလေ့ရှိတဲ့ လိင်ပိုင်းဆိုင်ရာ အပြုအမူတစ်ခုကတော့ လိင်ဆန္ဒနိုးကြားလာမှုကို မိမိဘာသာ အာသာပြေအောင် ဖြေဖျောက်လေ့ရှိတဲ့ ကိစ္စပါပဲ။ အင်္ဂလိပ်လိုတော့ Masturbation လို့ခေါ်ပါ တယ်။
မိမိဘာသာ တစ်ကိုယ်တော် လိင်ဆန္ဒအာသာဖြေဖျောက်ခြင်း အလုပ်သည် ကျန်းမာရေးနှင့် မညီညွတ်ဘူးလို့...
ပန်းသေပန်းညှိုးပြဿနာ အဖြေရှာ အပိုင်း (၁)
သေပန်းညှိုးဖြစ်တယ်လို့ပြောကြတဲ့ ပြဿနာက သိပ္ပံနည်းကျ တိတိ ကျကျ အဓိပ္ပာယ်ဖွင့်ဆိုရလျှင် လိင်တံမမာတောင့်နိုင်ခြင်း၊ ဆေး ပညာဝေါဟာရအနေဖြင့် Erectile Dysfunction (ED) လို့ ခေါ်ပါတယ်။
သည့်ထက်ပိုပြီး တိတိကျကျ တစ်တစ်ခွခွပြောရရင်တော့ ယောကျာ်းတို့ရဲ့ လိင်တံက လိင်ဆက်ဆံမှုပြုလုပ်ရန် လိင်တံကိုမာတောင့်ထားခြင်းအမှု ကြာကြာ ထိန်းမထားနိုင်တဲ့ ပြဿနာပဲ ဖြစ်ပါတယ်။...
အမျိုးသားများပြီးမြောက်ခြင်း အပိုင်း (၂)
ယခင်တစ်ပတ်မှအဆက် ...
(ခ) သုက်လွှတ်ခြင်းအဆင့်များ
အောင်မြင်တဲ့ လိင်ဆန္ဒပြီးမြောက်မှုတစ်ခု ဖြစ်လာစေနိုင်ရန် အတွက် အဆင့်တွေကို ဖြတ်သန်းရတယ်။
(၁) နိုးကြားကြွရွခြင်းအဆင့် (Arousal)
အမျိုးသားတစ်ယောက်က လိင်ဆန္ဒစိတ်ဝင်စားမှုကို ဖြစ်စေ သော အရာတစ်ခုခု လူပုဂ္ဂိုလ်ဖြစ်စေ၊ ဝတ္ထုပစ္စည်းတစ်ခုခုဖြစ်စေ လက်ခံရရှိလိုက်တယ်ဆိုပါတော့။ အဲဒီလိုလက်ခံရရှိလိုက် တဲ့အကြောင်း သူ့ရဲ့ ဦးနှောက်ဆီသို့ သတင်းပို့ လိုက်တယ်။ အဲဒီအခါ...
အမျိုးသားများ ပြီးမြောက်ခြင်း အပိုင်း (၁)
တုတ်နဲ့ရိုက်ရိုက်၊ ဓားနဲ့ခုတ် ခုတ် ဘာမျှမဖြစ်ဘူး။ တုတ်ပြီး ဓား ပြီးတယ်ဆိုတဲ့ ပီယဆေးအကြောင်း ပြောဖို့ မဟုတ်ပါဘူး။ လိင်ဆန္ဒပြီး မြောက်ခြင်းအကြောင်းနှင့်ပတ်သက် ပြီး ပြောပြချင်တာလေးတွေ ရှိနေ လို့ပါ။
သာမန်အားဖြင့်တော့ ပုရိသ ယောကျာ်းတွေ လိင်တူ လိင်ကွဲ လိင်ဆက်ဆံတဲ့အခါပဲ ဖြစ်ဖြစ်၊ မိမိဘာသာ ဆန္ဒဖြေဖျောက်မှု...
ဆယ်ကျော်သက်များ ကြုံတွေ့ရလေ့ရှိတဲ့ ကျန်းမာရေးပြဿနာ ၇ ခု
ဆယ်ကျော်သက်အရွယ်ဆိုတာဟာ လွတ်လပ်မှုကို စတင်ရှာဖွေတဲ့ အရွယ်ဖြစ်ပြီး မိဘများအနေနဲ့ သူတို့ရဲ့ အသေးအမွှားပြုမူလှုပ်ရှားမှု လေးတွေကို ကလေးဘဝတုန်းကလို တစ်ချိန်လုံးစောင့်ကြပ်ကြည့်ရှု ထိန်း သိမ်းခွင့်ရတော့တာ မဟုတ်ပါဘူး။ သူ့ဘာသာသူ ဆုံးဖြတ်ချက်ချမယ်။ လုပ်ချင်တာကိုလုပ်မယ်။ အဲဒီလုပ်ရပ်က သူတို့ရဲ့ ကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှု ဖြစ်ပေါ်စေတာပါပဲ။ ကိုယ်လုပ်ကိုယ်ခံဆိုတဲ့ သဘောမျိုးရှိတယ်။
ဒါကြောင့် မိဘအုပ်ထိန်းသူများအနေနဲ့...
နှောင်းချစ်ဝဲလည်
ဒီတစ်ပတ်မှာတော့ သက်လတ်ပိုင်းကျော်မြောက်၊ သက်ကြီးပိုင်းရောက်လေ ဘဝရဲ့ ပျော်ရွှင်နှစ်သက်ခံစားမှုတွေဟာ ပွင့်ပွင့်လင်းလင်း ကိစ္စတွေနဲ့ ပိုပြီးနှီးနွှယ်လေလေဆိုတဲ့အကြောင်း လက်တွေ့သိရှိ လေ့လာထားရတဲ့ အကြောင်းလေးတွေ ဖော်ပြပေးချင်ပါတယ်။
ကဲ-မယုံချင်နေလို့ပဲဆိုရမလား မသိ။ တွေ့ရှိထားပုံကတော့ ဒီလိုပါခင်ဗျ။ အမျိုးသားကြီးတွေရဲ့ ဘဝပျော်ရွှင်နှစ်သက်မှုတွေဟာ အင်တာ ကို့စ် (Intercourse) လို့ ခေါ်တဲ့ လိင်ထိုးသွင်းဆက်ဆံမှုတွေနဲ့ နှီးနွှယ်နေလေ့...
အိမ်ထောင်သည်များဖတ်ရန်ဆောင်းပါး
လူတို့ရဲ့ သဘာဝက ဘယ် ကိစ္စမှာမဆို အမြဲတမ်းပြုလုပ် ဆောင်ရွက် ရတာဆိုရင် ကြာလာတဲ့ အခါ ရိုးအီငြီးငွေ့လာတဲ့ သဘောရှိပါတယ်။
ကာမရာဂ သံဝါသအမှု ပြုကြတဲ့အခါမှာလည်း နေ့စဉ်နေ့တိုင်း ဒီလူ၊ ဒီပုဂ္ဂိုလ်၊ ဒီနည်း၊ ဒီပုံစံ၊ ဒီ အချိန်၊ ဒီနေရာဆိုသလို အဖန်ဖန် တလဲလဲ တစ်ပုံစံတည်း...