AP CAT = Asia Pacific Cities Alliance for Tobacco Control and NCDs Prevention ဆေးရွက်ကြီးထိန်းချုပ်ရေးနှင့် မကူးစက်တတ်သော ရောဂါများကာကွယ်ရေး အာရှပစိဖိတ်မြို့တော်များ မဟာမိတ်အဖွဲ့
(၁) AP CAT ကို ၂၀၁၆ နိုဝင်ဘာလတွင် စတင် ဖွဲ့စည်းခဲ့ပြီး မြို့တော်ဝန်များနှင့် ဒေသတွင်းဆိုင်ရာ ခေါင်းဆောင်များစုစည်းကြပြီး ကျန်းမာရေးနှင့် ညီညွတ်သော ပတ်ဝန်းကျင်ထူထောင်ရေးအမြင်ကို မျှဝေရန်ဖြစ်သည်။
(၂) AP CAT ကို အင်ဒိုနီးရှားနိုင်ငံ ဘိုဂိုမြို့တော်ဝန် ဒေါက်တာ Bima Arya Sugiarto နှင့် ဖိလစ်ပိုင်နိုင်ငံ ဘလန်ကာမြို့တော်ဝန် Francis Anthony S.Garcia တို့က ပူးတွဲ ဥက္ကဋ္ဌများအဖြစ် တာဝန်ယူလျက်ရှိ သည်။

ရည်မှန်းချက်ပန်းတိုင်များမှာ
(၁) ခိုင်မာသော မူဝါဒပိုင်းဆိုင်ရာ ကတိကဝတ် တည်ဆောက်ရန်၊
(၂) မိတ်ဖက်သစ် အခွင့်အလမ်းများ ထူထောင်ရန်၊
(၃) ထိန်းသိမ်းနိုင်ပြီး ထိရောက်သော အရင်းအမြစ် အသုံးချမှု ပြုလုပ်နိုင်ရန်၊
(၄) ပို၍အားကောင်းသော ကျန်းမာရေးစနစ် စွမ်းဆောင်ရည်များနှင့် ရလဒ်များရရှိစေရန်
တို့ ဖြစ်သည်။

မျှော်မှန်းချက်များမှာ
(၁) ထိရောက်သော အရင်းအမြစ်များကို အသုံးပြု လျက် ပြီးပြည့်စုံသော ဆေးရွက်ကြီးထိန်းချုပ်ရေး မူဝါဒ ပြဋ္ဌာန်းဆောင်ရွက်ရန်၊
(၂) မကူးစက်တတ်သောရောဂါများ ကာကွယ်ရေး အတွက် တီထွင်မှုရှိသော အဖြေရှာခြင်းများ ဖန် တီးနိုင်ရန်၊
(၃) စည်းကမ်းစည်းမျဉ်းများ ထုတ်ပြန်ခြင်းအားဖြင့် ဆေးရွက်ကြီး လုပ်ငန်းရှင်များ၏ မူဝါဒပိုင်းဆိုင်ရာ နှောင့်ယှက်မှုများကို ကိုင်တွယ်ရန်
တို့ဖြစ်သည်။

အလုပ်လုပ်ပုံမှာ
(၁) တစ်နိုင်ငံမှ တစ်နိုင်ငံသို့ အလေ့အကျင့်များနှင့် သင်ခန်းစာများကို မျှဝေသည်။
(၂) မြို့တော်တစ်ခုမှ မြို့တော်တစ်ခုသို့သွားရောက်လည်ပတ်ခြင်းဖြင့် အချင်းချင်း စေ့ဆော်မှုရရှိစေပြီး သင်ခန်းစာများ မျှဝေသည်၊
(၃) မူဝါဒကို လက်တွေ့အဖြစ် ကျင့်သုံးမည်၊ ပို၍ကျယ်ပြန့်သော အစီအစဉ်များ၊ လွှမ်းခြုံမှုများနှင့် မူဝါဒများကို လက်တွေ့အဖြစ် ပြောင်းလဲနိုင်သော မူဝါဒပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်ရရှိရန်ဖြစ်သည်၊
(၄) ဒေသတွင်းဆိုင်ရာမှ နိုင်ငံအဆင့်သို့ ဆက်သွယ်ဆောင်ရွက်ရန်၊ ဤသို့ဆောင်ရွက်ရာတွင် နိုင်ငံမူဝါဒချမှတ်သူများအား မကူးစက်တတ်သောရောဂါများ ကာကွယ်ရေး နှင့် ဆေးရွက်ကြီးထိန်းချုပ်ရေးမူဝါဒများကို ပိုမိုဖွံ့ဖြိုးတိုးတက်လာစေမှာဖြစ် သည်။
(၅) သတင်းအချက်အလက်များမှသည် ဆက်သွယ်ရေးဆီသို့၊ သတင်းအချက်အလက်များ၊ မူဝါဒဆိုင်ရာ ရလဒ်များကို ပြည်သူလူထုအတွင်း ရောက်ရှိဖြန့်ဝေသွားမည် တို့ဖြစ်ပါသည်။
၄ ကြိမ်မြောက် AP CAT အစည်းအဝေးတွင် နိုင်ငံပေါင်း ၁၂ နိုင်ငံနှင့် မြို့တော် ကြီးပေါင်း ၄၇ခု ပါဝင်ခဲ့ပြီး ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်မှ နေပြည်တော်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့လည်း ပါဝင်နေပြီဖြစ်ပါသည်။

အယ်ဒီတာ