• အသက်အရွယ်ရလာရင် အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတစ်ရပ်ကတော့ ဒူးနာလာတာပါ။ ဒူးနာလာပါက အခုဖော်ပြမဲ့ နည်းတွေကို လိုက်နာလုပ်ဆောင်ကြည့်လိုက်ပါနော်။
  • ကိုယ်အလေးချိန်များခြင်းကြောင့် ဒူးနာရတာဆိုရင် ကိုယ်အလေးချိန် လျှော့ပါ။ မဝစေရန် ဂရုစိုက်ပါ။
  • ဒူးကို မကြာခဏ ကွေးခြင်း မလုပ်ပါနှင့်။ ဆောင့်ကြောင့်ထိုင်ခြင်း၊ ဒူးခေါက်ထိုင်ခြင်း၊ တင်ပလ္လင်ခွေထိုင်ခြင်း၊ ဒူးထောက်ခြင်း၊ ပဆစ်တုပ်ထိုင်ခြင်းတို့က ဒူးကိုအကြာကြီး ကွေးထားခြင်းဖြစ်ပါတယ်။
  • ထိုင်လျှင် ခြေ ၂ ဖက်စုံချထိုင်ပါ။ ခြေထောက်များကို တည့်တည့်မတ်မတ် ချထိုင်ပါ။
  • ထိုင်သည့်အခါ မကြာခဏ ခြေပြောင်းထိုင်ပေးပါ။
  • ဒူးနာနေပါက အချိန်ကြာမြင့်စွာ လမ်းမလျှောက်ပါနှင့်။ မတ်တတ်မရပ်ပါနှင့်။


တင်ပေးနိုင်ပါတယ်။

  • မလိုအပ်ဘဲ လှေကား အတက်၊အဆင်း မလုပ်ပါနှင့်။
  • အလေးအပင်များ သယ်မခြင်း မပြုပါနှင့်။
  • အိမ်သာထိုင်လျှင် ဘိုထိုင်အိမ်သာမျိုး သုံးပါ။
  • ဒူးပေါ် ရေနွေးအိတ် (သို့) ဆားကြပ်ထုပ် ၁၅ မိနစ်ခန့်တင်ပေးနိုင်ပါတယ်။ တစ်နေ့လျှင် (၂) ကြိမ်ပြုလုပ်ပါ။
  • အကူ ၄ချောင်းထောက်တုတ်ဖြစ်စေ ၊ ၁ ချောင်းထောက်ဖြစ်စေ သုံးနိုင်ပါတယ်။ တစ်ချောင်းထောက် တုတ်ဖြစ်ပါက မနာတဲ့ဘက်မှကိုင်ပါ။
  • ဒူးလေ့ကျင့်ခန်းများကို ဆရာဝန်ညွှန်ကြားသည့်အတိုင်းနေ့စဉ်ပြုလုပ်ပါ။