ယခင်တစ်ပတ်မှ အဆက်

၆။ ကမ္ဘာကြီးကို ကျွေးမွေးပ
အသားစားခြင်းဟာ တိရစ္ဆာန်တွေကို နာကျင်စေရုံတင်မကပါဘူး။ လူသားတွေကိုလည်း ထိခိုက်စေပါ တယ်။ မွေးမြူရေးတိရစ္ဆာန်တွေကို ကျွေးမွေးဖို့ ကောက်ပဲသီးနှံနဲ့ ရေ များစွာကုန်ကျပါတယ်။ အသား ၁ ပေါင်ထွက်ရှိဖို့ ကောက်ပဲသီးနှံ ၁၃ ပေါင်အသုံးပြုခဲ့ရပါ တယ်။ ဒီကောက်ပဲသီးနှံတွေကို လူတွေက တိုက်ရိုက် စားသုံးလိုက်ရင် ပိုမိုအကျိုးရှိမှာပါ။ လူတွေ ပိုမို သက်သတ်လွတ်စားလေလေ၊ကမ္ဘာ ကြီးပေါ်က ဆာလောင် နေတဲ့ လူတွေကို ကောက်ပဲသီးနှံ ပိုကျွေးနိုင်လေပဲပေါ့။


(၇) မြေကမ္ဘာကို ကယ်တင်ပါ
အသားစားခြင်းဟာ သဘာဝ ပတ်ဝန်းကျင် နဲ့ မကိုက်ညီပါဘူး။ အသားထုတ်လုပ်ခြင်း ဟာ ဘေးထွက်ပစ္စည်းအမှိုက်တွေ များစွာ ထွက်ရှိပြီး ညစ်ညမ်းမှုတွေ ဖြစ်စေပါတယ်။ အသားထုတ်လုပ်ငန်းနဲ့ မွေးမြူရေးဇုန်တွေ ကြောင့် ရာသီဥတုပြောင်းလဲခြင်းတွေ ဖြစ်ပေါ် စေပါတယ်။ သက်သတ်လွတ် စားသုံးခြင်း ဟာ ရာသီဥတု ပြောင်းလဲခြင်းကို ဆန့်ကျင် တဲ့နေရာမှာ အကျိုးရှိစေပါတယ်။

(၈) ဝက်တွေဟာ သင်ထင်တာထက် ပိုဉာဏ်ကောင်းပါတယ်
လူတွေဟာ အိမ်မွေးတိရစ္ဆာန်အဖြစ် ခွေးနဲ့ ကြောင် ကိုသာ မွေးမြူလေ့ရှိကြပါတယ်။ ကြက်၊ ဝက်၊ ငါးနဲ့ နွားတို့ကို မရင်းနှီးကြပါဘူး။ ကျွနု်ပ်တို့ အစားအစာ အဖြစ် အသုံးပြုတဲ့ တိရစ္ဆာန်လေးတွေဟာ ကျွနု်ပ် တို့ချစ်လို့ အိမ်မှာမွေးထားတဲ့ ခွေး၊ ကြောင်လေးတွေနဲ့ ဉာဏ်ရည် အတူတူပါပဲ။ နာကျင်ခံစားတတ်တာ ခြင်းလည်း အတူတူပါပဲ။ ဝက်တွေဟာ ဉာဏ်အလွန် ကောင်းပြီး သခင်ကိုလည်း သိတတ်ပါတယ်။ အိမ်မွေးတိရစ္ဆာန်ချစ်တတ်သူများ အသားစားမယ် ဆိုရင် စဉ်းစားကြည့်ဖို့ပါပဲ။

ခိုင်မွန်ကျော်