သဘာဝပတ်ဝန်းကျင်အတွက်ဖြစ်စေ၊ ကမ္ဘာမြေအတွက် ဖြစ်စေ၊ သက်ရှိသတ္တဝါများ၏ ကောင်းကျိုးအတွက်ဖြစ်စေ ကောင်းမွန်သော အပြောင်းအလဲများ ပြုလုပ်ကျင့်ကြံ နေထိုင် ကြတဲ့အခါ တစ်ဦးတစ်ယောက်ချင်းစီရဲ့ သေးငယ်သော ဆောင်ရွက်ချက်များကြောင့် ဘာမှ အပြောင်းအလဲဖြစ်မသွား နိုင်ဘူး၊ ထူးခြားမလာနိုင်ဘူးလို့ ထင်စရာ ရှိပါတယ်။ ဒါပေမဲ့ အဲဒီလိုမဟုတ်ပါဘူး။ အသေးအဖွဲလေးတွေ ပေါင်းစုလိုက်ကြ တဲ့အခါ သိသာတဲ့ အပြောင်းအလဲ အရွေ့တစ်ခု ဖြစ်လာနိုင် တာကြောင့် ၂၀၁၉ ခုနှစ် ထဲမှာ သက်သေပြနိုင်ခဲ့တဲ့ ဖြစ်ရပ် အချို့ရှိခဲ့ပါတယ်။

သက်သတ်လွတ် စားခြင်းကြောင့် တိရစ္ဆာန်တို့ သေဆုံး မှု လျော့ကျလာခြင်းအသားစားများခြင်းကြောင့် တိရစ္ဆာန်လေးတွေ မွေးမြူပြီး ရက်စက်စွာ သတ်ဖြတ်ခံရပါတယ်။ ဒါတင် မကသေးပါဘူး။ မွေးမြူရေးတိရစ္ဆာန်တွေ၊ မွေးမြူရေးဇုန်တွေက ထွက်ရှိတဲ့ အညစ်အကြေးတွေမှတစ် ဆင့် မီသိန်းဓာတ် ငွေ့ထွက်ရှိကာ အိုဇုန်းလွှာပါးခြင်း၊ ညစ်ညမ်းပစ္စည်းနှင့် ပဋိဇီဝဆေးဝါးများ မြေထု၊ လေထု၊ ရေထုအား ညစ်ညမ်းစေခြင်း၊ မွေးမြူရေးလုပ်ရန် သစ်တော၊ သစ်ပင်နှင့် မြက်ခင်းလွင်ပြင်များ ဖယ်ထုတ်ရှင်းလင်းခံရခြင်းတွေ ရှိပါတယ်။ ဒီဆိုးကျိုးတွေကို သိလာတဲ့လူတွေ အထူးသဖြင့် အနောက် တိုင်းလူနေမှုစနစ်မှာ အသာလျှော့စားပြီး အပင်ထွက် အစားအစာကို အခြေခံတဲ့ အစားအစာတွေ ခေတ်စားလာတဲ့ နောက် ပိုင်းမှာ ၂၀၁၇ ခုနှစ်က စတင်ပြီး ကမ္ဘာ့အသားစားမှုပမာဏ လျော့ကျလာခဲ့ရာ ယခုအခါမှာ တစ်နှစ် ကို တိရစ္ဆာန်အသက်ပေါင်း သန်း ၅၀ဝ ခန့် ယခင်ကထက် လျော့နည်း သတ်ဖြတ် ခံခဲ့ရပါတယ်။ သက်သတ်လွတ်စားဖို့ဆိုတာ လွယ်ကူတဲ့ ရွေးချယ်မှုမဟုတ်ပါဘူး။ ဒီလို လျော့နည်းခြင်း ဟာ သက်သတ်လွတ် စားလို့ချည်း မဟုတ်ပါဘူး။ အသားလျှော့စားခြင်းရဲ့ ကောင်းကျိုးတွေကို Awareness ရလာတဲ့ လူတွေနဲ့ အသားနည်းနည်း၊ အသီးအရွက်များများ စားသောက်မှုစတိုင်လ် ပြောင်းလဲမှုကြောင့် ဖြစ်ပါတယ်။

တစ်ခါသုံး ပလတ်စတစ် သုံးစွဲမှု လျော့ကျလာခြင်း
တစ်ခါသုံးပလတ်စတစ်တွေဖြစ်တဲ့ ဖော့ခွက်တွေ၊ အအေး စုပ် ပိုက်တွေ၊ ထုပ်ပိုးခွံတွေ စသဖြင့် သုံးစွဲမှုဟာ ၂၀၁၉ ခုနှစ် မှာ ၅၃ ရာခိုင်နှုန်းခန့် လျော့ကျသွားတယ်လို့ သိရပါတယ်။ ဒါဟာ တစ်ကမ္ဘာလုံးအတိုင်းတာနဲ့ တွက်ချက်တိုင်း တာထားခြင်း မဟုတ်ဘဲ UK နှင့် US နှစ်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ စစ်တမ်း ဖြစ်ပါတယ်။ ဒါကို Attenborough Effect လို့ ခေါ်ဆိုပါ တယ်။ David Attenborough နှင့် အဖွဲ့ရဲ့ ပလတ်စတစ်ရဲ့ သက်ရှိသတ္တဝါတွေအပေါ် ဆိုးကျိုးသက် ရောက်ပုံ ဗီဒီယိုဖိုင် တွေနဲ့ ဖြန့်ဝေပညာပေးရာမှတစ်ဆင့် ၁၂ လအတွင်းမှာ စားသုံးသူတွေရဲ့ Awareness ရရှိခဲ့ပြီး ပလတ်စတစ် သုံးစွဲမှုဆိုင်ရာ အမူအကျင့်တွေ ပြောင်းလဲ သွားခြင်းဖြစ်ပါတယ်။

ဥပဒေပြုမှုများ
၂၀၁၈-၂၀၁၉ ခုနှစ်မှာ ကမ္ဘာတစ်ဝန်းမှာ ပလတ်စတစ်သုံးစွဲမှု ကန့်သတ် ခြင်းဆိုင်ရာ ဥပဒေနဲ့ လုပ်ထုံးလုပ်ငန်း ပြောင်းလဲခဲ့တဲ့ နိုင်ငံ ၅ နိုင်ငံ ရှိခဲ့ပါတယ်။ အထူးသဖြင့် တစ်ခါသုံး ပလတ်စတစ် ကို ကန့်သတ်တဲ့ ဥပဒေတွေပါပဲ။ Mc Donald’s နဲ့ Pepsi ကုမ္ပဏီမှလည်း ၎င်းတို့ရဲ့ ထုတ်ကုန် အားလုံးရဲ့ ထုပ်ပိုး မှုနဲ့ စားသောက်မှုတွေမှာ ၂၀၂၅ ခုနှစ်ရောက်လျှင် ပလတ်စတစ် ကင်းစင်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပြီး Walmart လည်း ပါဝင်လာပါ တယ်။

ခိုင်မွန်ကျော်