စွယ်စုံမီဒီယာဂရု(ပ်)၏ သုတ စွယ်စုံစာအုပ်တိုက်မှ ချီးမြှင့်သည့် (၁၄) ကြိမ်မြောက် သုတစွယ်စုံ စာပေဆုချီးမြှင့်ပွဲ အခမ်းအနားကို ၁-၆-၂၀၁၉ ရက်နေ့က ရန်ကုန်မြို့ ဆူးလေဘုရားလမ်းရှိ ဆူးလေရှန် ဂရီလာဟိုတယ်၌ ကျင်းပခဲ့ပါတယ်။

အခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာဖေမြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဝန်ကြီး နှင့် တာဝန်ရှိသူများက ဆုရစာရေး ဆရာ/ဆရာမ ၇ ဦးအား စာပေဆုများ အသီးသီးချီးမြှင့်ခဲ့ကြသည်။ ထို့ပြင် အခမ်းအနားတွင် စွယ်စုံ မီဒီယာဂရု(ပ်)မှ ဒေါက်တာ တင်ထွန်းဦးနှင့် ဒေါက်တာခင်မိုးမိုးတို့က ဟင်္သာတမြို့နယ် နိဗ္ဗာန်ကျေး ရွာရှိ ဦးဖိုးကျားအထိမ်းအမှတ် သုတစွယ်စုံစာကြည့် တိုက်အဆောက် အအုံအသစ် တည်ဆောက်ရန် ငွေကျပ်သိန်း ၂၀ဝ အပါအဝင် အသင်းအဖွဲ့နှင့်စာကြည့်တိုက်များ သို့ စုစုပေါင်း ငွေကျပ် သိန်း ၂၂၀ လှုဒါန်းခဲ့ကြောင်း သိရသည်။

ယခုနှစ်အတွက် ဆုရရှိသူများမှာ
၁။ သုတစွယ်စုံတစ်သက်တာ စာပေဆု – ဒေါက်တာခင်အေး (မောင်ခင်မင်-ဓနုဖြူ)
၂။ စာပဒေသာဘာသာရပ် – ဒေါက်တာအောင်ကြီး၏ “ကဗျာလူ စာလူ အရပ်ဝတ်အင်္ကျီနဲ့လူ” စာအုပ်
၃။ လူမှုစီးပွားဘာသာရပ် – စိန် လင်း (ခွဲစိတ်နှင့် ကင်ဆာပါရဂူ)၏ “ခေါင်းဆောင်မှုအနုပညာ” စာအုပ်
၄။ လူငယ်စာပေဘာသာရပ် – လင်္ကာရည်ကျော်၏”သားသို့…” စာအုပ်
၅။ ဝိဇ္ဇာဘာသာရပ် – နွယ်ဦးလှိုင်၏ “မဇ္ဈိမပြတိုက်” စာအုပ်
၆။ သုတသိပ္ပံဘာသာရပ် – ဒေါက်တာခင်မောင်လွင်၏ “လိုအပ်နေသော ရေဥပဒေ” စာအုပ်
၇။ အသုံးချသိပ္ပံဘာသာရပ် – မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ်၏ “အသက်ကြီးသော်လည်း မပျက်စီးသေးသူများနှင့် ကျန်းမာရေး အသိပညာပေးဆောင်းပါးများ” စာအုပ်…တို့ဖြင့်ရရှိခဲ့ခြင်းဖြစ်ပါတယ်။
အဆိုပါ အခမ်းအနား၌ စာပေဆုရ စာရေးဆရာတစ်ဦး လျှင် ငွေကျပ် ၁၅ သိန်းစီချီးမြှင့်ပြီး သုတစွယ်စုံ တစ်သက်တာစာပေ ဆုရဒေါက်တာ ခင်အေး (မောင်ခင် မင်-ဓနုဖြူ)အား ငွေကျပ်သိန်း ၂၀ ဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။

အိ