ဒါရိုက်တာအသစ်၊ သရုပ်ဆောင်တွေက အသစ်တွေနဲ့ ရုပ်ရှင်ကားကြီးရိုက်ကူးဖို့ဆိုတာ မလွယ်ကူသလို၊ အောင်မြင်မှုရဖို့ဆိုတာ ပိုပြီးခက်ခဲပါတယ်။ ဒါပေမဲ့ မနှစ်က ရုံတင်ခဲ့တဲ့ ရုပ်ရှင်ကားကြီး တစ်ခုကတော့ ပရိသတ်တွေရဲ့ နှစ်ခြိုက်မှုကိုရရှိခဲ့ပြီး အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ကားကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။ အဲဒီကားကတော့ “ည” ဆိုတဲ့ ရုပ်ရှင်ကားပါ။ အဲဒီ “ည” ကားမှာ ပါဝင်သရုပ်ဆောင်ခွင့်ရခဲ့တဲ့ သရုပ်ဆောင်မင်းသား ငြိမ်းသော်ကို ယခုတစ်ပတ်ရဲ့ မျက်နှာဖုံးရှင်အဖြစ် တင်ဆက်ပေးလိုက်ပါတယ်။

မေး ။ ။ အနုပညာလောကထဲကို ဘယ်လိုစတင်ပြီး ဝင်ရောက်ဖြစ်ခဲ့တာလဲ

ဖြေ ။ ။ ကျွန်တော် ၂၀၁၄ ခုနှစ် နှစ်လယ်ပိုင်းလောက်မှာ Stars & Model Agency မှာ သင်တန်းတက်ဖြစ်တယ်။ ၂၀၁၄ ခုနှစ်ကုန်ခါနီးမှာ Astar Network က ကျင်းပတဲ့ Mr. ASNI ဝင်ပြိုင်ဖြစ်ပြီး Mr. ASNI 2014 ဆု ရရှိခဲ့ပါတယ်။ အဲဒီနောက်ပိုင်း Photo Model အဖြစ်နဲ့ဂျာနယ်၊ မဂ္ဂဇင်းတွေရိုက်ဖြစ်တယ်။ ကြော်ငြာတွေ၊ MTV တွေ ရိုက်ကူးဖြစ်ပါတယ်။ “ည” ရုပ်ရှင်အတွက် လျှောက်လွှာခေါ်ယူတဲ့အချိန်မှာ ဝင်လျှောက်ဖြစ်ပြီး “ည” ရုပ်ရှင်ကားမှာ ပါဝင်သရုပ်ဆောင်ခွင့်ရခဲ့ပါတယ်။

မေး ။ ။ သရုပ်ဆောင်တဲ့အခါမှာရော အခက်အခဲတွေရှိခဲ့လား

ဖြေ ။ ။ သရုပ်ဆောင်တဲ့အခါမှာ အခက်အခဲတွေရှိပါတယ်။ ကျွန်တော့် ကို စီနီယာတွေကလည်း သင်ကြားပေးတဲ့အတွက် အဆင်ပြေခဲ့ပါတယ်။ သရုပ်ဆောင်အလုပ်ကို အခွင့်အရေးရရင် ရသလိုလုပ်ဖြစ်သွားပါမယ်။

မေး ။ ။ လတ်တလော အနုပညာလှုပ်ရှားမှုကရော

ဖြေ ။ ။ ကျွန်တော် ကြော်ငြာတွေရိုက်ကူးဖြစ်နေပါတယ်။

မေး ။ ။ ကိုယ်တိုင်ရော ဆေးလိပ်သောက်သုံးလေ့ရှိလား

ဖြေ ။ ။ ဆေးလိပ်ကို တစ်ခါတစ်ရံတော့ သောက်ဖြစ်ပါတယ်။ ဆေးလိပ်သောက်ပြီး အနံ့နံနေတာကို မကြိုက်လို့ သိပ်မသောက်ဖြစ်ပါဘူး။

မေး ။ ။ ဆေးလိပ်သောက်ခြင်းက ကျန်းမာရေးအတွက် ဘယ်လိုဆိုးကျိုးတွေဖြစ်လဲ

ဖြေ ။ ။ ဆေးလိပ်သောက်တာက အဆုတ်ကို ထိခိုက်စေတယ်။ ပတ်ဝန်းကျင်ကိုလည်း ထိခိုက်စေတယ်။

မေး ။ ။ စီးကရက်အစားထိုး အီးစီးကရက်ကိုရောသိလား

ဖြေ ။ ။ အီးစီးကရက်အကြောင်းကို ကြားဖူးပါတယ်။ ကျွန်တော့်သူငယ်ချင်းတွေသုံးတာလည်း မြင်ဖူးပါတယ်။ ကျွန်တော်ကိုယ်တိုင်တော့ မသုံးကြည့်ဖူးပါဘူး။ အနံ့မွှေးပြီး ချိုတဲ့အရသာရှိတယ်ဆိုတာတော့ ကြားဖူးပါတယ်။

မေး ။ ။ အီးစီးကရက်ကို အစားထိုးသောက်သုံးခြင်းဖြင့် ရရှိလာမဲ့ ရလဒ်တွေကိုလည်း သိသလောက် ပြောပြပေးပါ။

ဖြေ ။ ။ အီးစီးကရက်က ဆေးလိပ်အစားထိုးလို့ပြောပေမဲ့ ကျန်းမာရေးအတွက် အကျိုးရှိမယ်လို့တော့ မထင်ပါဘူး…လို့ဖြေကြားသွားခဲ့ပါတယ်။

ယနေ့ မြန်မာလူငယ်များအတွင်း လူသိများလာတဲ့ အီးစီးကရက် e-cigarette (electronic cigarette) ဆိုတာဟာ အတိုဆုံးပြောရရင် စီးကရက်ကဲ့သို့ အငွေ့ထွက်စေသည့် ပုံမှားရိုက်ထားသော စီးကရက်ပစ္စည်းအတုဖြစ်ပါတယ်။ သမားရိုးကျ စီးကရက်ကို မီးရှို့ရှူရှိုက်ရာတွင် ပါဝင်သည့် နီကိုတင်းကို အီလက်ထရောနစ်စနစ်ကို အသုံးပြုကာ ထွက်စေခြင်းဖြစ်ပါတယ်။ ၂ဝဝ၃ ခုနှစ်တွင် တရုတ်နိုင်ငံမှ ဆေးဝါးဗေဒပညာရှင်တစ်ဦးမှ သူကိုယ်တိုင် ဆေးလိပ်စွဲနေသည့်အတွက် ဆေးလိပ်ဖြတ်ရန် နည်းလမ်းရှာကြံရင်း စတင်တီထွင်ခဲ့ခြင်းဖြစ်ပါတယ်။

ဆေးရွက်ကြီးထဲတွင် ပါဝင်သော နီကိုတင်းကို အရည်အဖြစ်ဖျော်ကာ အီလက်ထရောနစ်စနစ်ဖြင့် အငွေ့အဖြစ် ပြောင်းလဲ (Vape) စေပြီး အဲဒီအငွေ့ကို ရှူစေခြင်းဖြစ်ပါတယ်။

ဆေးလိပ်ကုမ္ပဏီကြီးများက ဆေးရွက်ကြီးသုံးသကဲ့သို့ အန္တရာယ်မရှိဟု ပြောဆိုရောင်းချသော်လည်း အမှန်တကယ်တွင် နီကိုတင်းပါဝင်ပြီး ကျန်းမာရေးအန္တရာယ်ရှိပါတယ်။

ဒါ့ကြောင့် အီးစီးကရက်သည်လည်း ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းကဲ့သို့ သတ်မှတ်ထားပါတယ်။ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းထိန်းချုပ်ရေးဥပဒေနဲ့လည်း အကျုံးဝင်ပါတယ်။ ဒါ့ကြောင့် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက် သုံးစွဲမှုဆန့်ကျင်သူတိုင်း အီးစီးကရက်ကိုလည်း ဆန့်ကျင်ရမည့် ဆေးရွက်ကြီးထွက်ပစ္စည်းဖြစ်ကြောင်း မြန်မာလူငယ်များအား အသိပေးလိုပါတယ်။

Photo by – Nyar Na

Graphic – Saw Tha Wah

130 COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here