ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းခြင်း

များစွာသော ဆယ်ကျော်သက်တို့ဟာ သူတို့ရဲ့ ကိုယ်အလေးချိန်များနဲ့ ပတ်သက်ပြီး စိုးရိမ်သောကဖြစ်မှုအဆင့်များကို ကျော်ဖြတ်ကြရလေ့ရှိပါတယ်။ သူတို့အနေနဲ့ ခန္ဓာကိုယ်တစ်ခုလုံးအပေါ်မှာ အဆီတွေများပြားနေခြင်း သို့မဟုတ် ခန္ဓာကိုယ်ရဲ့ အချို့သောနေရာများမှာကွက်ပြီး အဆီတွေစုဝေးနေခြင်းများနဲ့ ပတ်သက်ပြီး ခံစားကြရလေ့ရှိပါတယ်။

အဲဒီအသက်အရွယ်မှာ ဆယ်ကျော်သက်တို့ရဲ့ ကိုယ်အလေးချိန်ဟာ တက် လိုက်ကျလိုက်နဲ့ ဖြစ်နေနိုင်ပါတယ်။ ဒါပေမဲ့ ဆက်လက်ရှင်သန် ဖွံ့ဖြိုးမှုကတော့ ရှိနေမှာပါပဲ။ ဆယ်ကျော်သက် မိန်းကလေးတစ်ဦးဟာ ရာသီသွေးမပေါ်ခင်က ကိုယ် အလေးချိန်ထက်ပိုပြီးများလာနိုင်ပါတယ်။ ဒါကြောင့် ဆယ်ကျော်သက်တစ်ဦးဟာ သူ့ရဲ့ ကိုယ်အလေးချိန်နဲ့ပတ်သက်ပြီး ဦးစားပေးအာရုံစိုက်နေခြင်းဟာ ကောင်းတဲ့စိတ်ကူး မဟုတ်ပါဘူး။ ဒါပေမဲ့ တစ်ကိုယ်လုံးရဲ့ ပုံပန်းသဏ္ဌာန်နဲ့ ခြုံပြီးကြည့်ဖို့လိုပါတယ်။ အသက်အရွယ်ရလာလို့ ရင့်ကျက်လာတာနဲ့အမျှ ရင်သားများ၊ တင်ပါးများလည်းဖွံ့ဖြိုး ပြောင်းလဲလာမှာ ဖြစ်ပါတယ်။ ဆယ်ကျော်သက်တစ်ဦးအနေနဲ့ သူ့ရဲ့ကိုယ်အလေးချိန်နဲ့ ပတ်သက်ပြီး သံသယဖြစ်လောက်အောင် နည်းလွန်း သို့မဟုတ် များလွန်းဖြစ်နေတယ် လို့ထင်ရင် ကျောင်းကျန်းမာရေးဆရာဝန်၊ ဆရာမများထံမှာ အကြံဉာဏ်ယူနိုင်ပါတယ်။ ကိုယ်အလေးချိန်ဘယ်လောက်ရှိသင့်တယ်ဆိုတာကို အကြံဉာဏ်ပေးကြပါလိမ့်မယ်။

ခန္ဓာကိုယ်အလေးချိန် ထိန်းထားနိုင်ချင်ရင်

ရက်တိုကာလတို ဓာတ်စာစားခြင်းဟာ ကိုယ်အလေးချိန် လျှော့ချ ချင်တဲ့ မြီးကောင်ပေါက်မတွေအတွက် ရေရှည်သုံးစွဲဖို့ကောင်းတဲ့ နည်းလမ်း တစ်ခုမဟုတ်ပါ။ ဒီနည်းလမ်းက သိပ်ဝနေတဲ့ ခန္ဓာကိုယ်ကို ရက်ပိုင်း အတွင်း ချက်ချင်းလျော့ကျသွားစေနိုင်သော်လည်း ‘တစ်နည်းအားဖြင့် အစားအသောက် ရုတ်တရက်မစားဘဲ လျှော့ချလိုက်ခြင်းဖြင့် ပထမရက် သတ္တပတ်အတွင်း ကိုယ်အလေးချိန် ၄ ကီလိုဂရမ် (၈ ပေါင်ခွဲ) လျော့ကျ သွား စေနိုင်သော်လည်း’ ရေရှည်ကာလမှာ ဒီလိုနည်းနဲ့ ဝိတ်ချထားတဲ့သူ ထက်ဝက်လောက်ဟာ ပြန်လည် ‘ဝ’ လာတတ်ပါတယ်။ ဝိတ်ချချင်လို့ တစ်နေ့ကို ၄ဝဝ ကယ်လိုရီလောက်သာ စားတဲ့သူတစ်ယောက်ဟာ ရက်ပိုင်းအတွင်း ခန္ဓာကိုယ်အလေးချိန် လျော့ကျသွားရခြင်းမှာ လျော့ကျသွားရတဲ့ အလေးချိန်ရဲ့ထက်ဝက်လောက်မှာ ခန္ဓာကိုယ်မှ ရေဓာတ် ဆုံးရှုံးသွားရမှုကြောင့် ဖြစ်ရတာလို့ ဆိုကြပါတယ်။ ဒါ့အပြင် နေ့စဉ်ပုံမှန် စားနေတဲ့ အစားအစာကို ရုတ်တရက်ကြီး ဖြတ်တောက်လျှော့ချ လိုက်ခြင်းဟာ ခန္ဓာကိုယ်အတွက် နေ့စဉ်လိုအပ်သော အစာအာဟာရ ပြတ်တောက်မှုကို အနည်းငယ်ဖြစ်စေပါတယ်။ စားသောက်မှုမှရသော အစာအာဟာရမလုံလောက်မှုကြောင့် ခန္ဓာကိုယ်ထဲသိုလှောင်ထားသော အရန်စွမ်းအင် လောင်စာတွေကို အစားထိုးသုံးစွဲလာရတာကြောင့် အစား အစာတရားလွန် လျှော့ချမှုသည် ဗိုက်ဆာခြင်း၊ မအီမသာဖြစ်ခြင်း၊ စိတ်တိုခြင်း၊ အစားအသောက် ချဉ်ခြင်းတပ်ခြင်းတို့ကိုပါ ခံစားစေနိုင်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ် နည်းနည်းလေး ပိန်သွားပြီဆိုပြီး စိတ်ထဲကျေနပ်မှုရလိုက်တာနဲ့ ငတ်ခဲ့သမျှအတိုးချပြန်စားနိုင်တာမို့ ချလိုက်တဲ့ ဝိတ်ကနည်းနည်း၊ အတိုးချ ပြန်စားလိုက်လို့ ပြန်တက်လာတဲ့ ဝိတ်ကများများ ဖြစ်သွားတတ်ပါတယ်။ ဒါ့အပြင် ဝိတ်ကျချင်လို့ ရေတိုအစားလျှော့စားခြင်း၊ လုံးဝမစားဘဲနေခြင်းဟာ တကယ် တမ်းကျတော့ ကျန်းမာရေးနဲ့ ညီညွတ်မျှတစေတဲ့ စား သောက်မှုပုံစံကို ပြောင်းလဲဖြစ်ပေါ်စေခြင်း မဟုတ်ပါ။ ဒါကြောင့် ရေရှည်မှာ ခန္ဓာကိုယ်အလေးချိန်ကို အမြဲထိန်း ထားချင်ရင် နေ့စဉ်စားသုံးနေတဲ့ အစားအသောက် ပုံစံကို ကျန်းမာရေးနဲ့ညီညွတ်မျှတတဲ့ အစားအစာပုံစံဖြစ်အောင် အမြဲတမ်းထိန်းသိမ်း ဆင်ခြင်စားသောက်ရမှာဖြစ်ပြီး ကိုယ်လက်လှုပ်ရှားမှုကိုလည်း အချိန်မှန်ပြုလုပ်သွားရမှာ ဖြစ်ပါတယ်။

T & K

2228 COMMENTS

  1. Thanks a lot for sharing this with all of us you really
    realize what you’re talking about! Bookmarked.
    Please additionally seek advice from my website =).
    We may have a hyperlink alternate arrangement between us

    click here=부산오피

  2. Magnificent items from you, man. I’ve take into account
    your stuff prior to and you’re just too great. I actually
    like what you have received right here, certainly like what you’re saying and the way through which you say
    it. You are making it entertaining and you still care
    for to stay it wise. I cant wait to learn far more from
    you. This is actually a terrific site. http://herreramedical.org/viagra