နီပေါနန်းတွင်းလူသတ်ပွဲ ၂ဝဝ၁ ခုနှစ်တွင် ဖြစ်ပွားပြီးနောက် နီပေါဘုရင်အဖြစ် ဆက်ခံခဲ့ရသော ဂိုင်ရင်နန်ဒြာမှာ ၁၉၅၀-၅၁ တုန်းက ကလေးငယ်ဘဝတွင် ရင်ခွင် ပိုက်ဘုရင်လေးအဖြစ် နီပေါထီးနန်းကို အုပ်စိုးခဲ့ဖူးကြောင်း ဖော်ပြခဲ့ပြီးဖြစ်သည်။ ၁၉၅ဝခုနှစ်၊ နိုဝင်ဘာလတွင် နီပေါဘုရင်ထရိုင်ဘူဗန် အိန္ဒိယသို့ ထွက်ခွာသွားခဲ့ပြီးသား တော်အိမ်ရှေ့မင်းသား မဟိဒြာလည်း ပါဝင်သွားသောကြောင့် မြေးတော်ဂိုင်ရင်နန်ဒြာသည် တစ်ဦးတည်းသော နီပေါတော်ဝင် အမျိုး သားအဖြစ် နီပေါနိုင်ငံတွင်ကျန်ရစ်ခဲ့သည်။ ထိုစဉ်က Rana ဝန်ကြီး ချုပ်က မြေးတော်လေးဂိုင်ရင်နန်ဒြာကို နီပေါထီးနန်းအပ်နှင်းရုံမက နီပေါငွေကြေးများတွင်လည်း ဂိုင်ရင်နန်ဒြာ၏ အမည်ကိုဖော်ပြပေး ခဲ့သည်ဟုဆိုသည်။ ဘုရင်လေးအတွက် တစ်နှစ်လျှင် ရူပီးသုံး သိန်းဘဏ္ဍာငွေအဖြစ် ချမှတ်ခွဲဝေပေးခဲ့သည်။ ၁၉၅၁ခုနှစ်ဇန်နဝါရီလ တွင် ဘုရင်ထရိုင်ဘူဗန် နီပေါသို့ ပြန်ရောက်လာကာထီးနန်းပြန်လည် ရယူခဲ့သည်။ ဂိုင်ရင်နန်ဒြာသည် အိန္ဒိယနိုင်ငံ ဒါဂျီလင်မြို့တွင် ကျောင်းတက်ခဲ့သည်။ သူ၏အစ်ကို ဘီရင်ဒြာထီးနန်းစိုးစံစဉ် ကာလအတွင်း သဘာဝထိန်းသိမ်းရေးဖောင်ဒေးရှင်း၌ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ သူ့ကို ရှေးရိုး စွဲဝါဒီတစ်ဦးအဖြစ် သတ်မှတ်ခဲ့ကြသည်။
ယခု ဒုတိယအကြိမ် နန်းတက်ခဲ့ရပြီးသောအခါမှာတော့ နီ ပေါနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေအသစ်နှင့် ပတ်သက်ပြီး တစ်နိုင်ငံလုံး အုံကြွမှုဖြစ်ပေါ်နေသည့်ကာလဖြစ်သည်။ လုပ်ကြံခံ လိုက်ရသည့် သူ၏အစ်ကိုဖြစ်သူ ဘုရင်ဘီရင်ဒြာကစည်းမျဉ်းခံဘုရင် စနစ် (Constitutional Monarchy) ကို ကြေညာပေးခဲ့ပြီးဖြစ်သည်။ သို့သော် ဒီမိုကရေစီ လှုပ်ရှားမှုများက စည်းမျဉ်းခံဘုရင်စနစ်ကို စိန် ခေါ်နေပြီဖြစ်သည်။ ဘုရင် ဂိုင်ရင်နန်ဒြာအုပ်ချုပ်စဉ် ကာလအတွင်း ဒီမိုကရေစီလိုလားသူများအား ဘုရင်ဂိုင်ရင်နန်ဒြာက နှိပ်ကွပ်ခဲ့သည်။ မော်ဝါဒီ ကွန်မြူနစ်များ၏ လှုပ်ရှားမှုများကို နှိမ်နင်းထိန်းချုပ်ရန် အကြောင်းပြပြီး ဘုရင်ဂိုင်ရင် နန်ဒြာက ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေကို ရပ်ဆိုင်းလိုက်ပြီး တိုက်ရိုက်အာဏာအသုံးချမှုကို ၂ဝဝ၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင်ရယူလိုက်သည်။ သို့သော် ဘုရင်၏ အာဏာချုပ် ကိုင်မှုကို နေရာအနှံ့အပြား၌ ဆန့်ကျင်ခဲ့သည်။ သို့နှင့် ၂ဝဝ၆ခုနှစ်၊ ဧပြီလတွင် ယခင် ပါလီမန် အဟောင်းကို အာဏာပြန်လည် အပ်နှင်းပေးခဲ့သည်။
ဘုရင်ဂိုင်ရင်နန်ဒြာက ငြိမ်းချမ်းရေးနှင့် ထိရောက်သော ဒီမို ကရေစီကို ပြန်လည်ရယူပေးမည်ဟု ကတိပြုခဲ့၏။ သို့သော် မော်ဝါဒီ များအား နှိမ်နင်းခြင်း၊ နီပေါစာနယ် ဇင်းသမားများအား နှိပ်ကွပ်ခြင်း၊ စာနယ်ဇင်း လွတ်လပ်ခွင့်ကန့်သတ်ခြင်း၊ လုံခြုံရေးအကြောင်းပြ လျက် ဖမ်းဆီးထောင်ချခြင်း စသည်တို့ကို ပြုလုပ်ခဲ့သည်။ ၂ဝဝ၆ခုနှစ်၊ ဧပြီလတွင် နိုင်ငံ အဝှမ်း၌ ဆန္ဒပြမှုများ၊ အုံကြွမှုများ ဖြစ်ပေါ်ခဲ့သည်။ နီပေါနိုင်ငံ အတွင်းရှိ နိုင်ငံရေးပါတီခေါင်းဆောင်များက ဘုရင်ဘီရင်ဒြာက နိုင်ငံရေးတွင် ဘုရင်စနစ်၏ အနာ ဂတ်ကို ဆုံးဖြတ်ပေးရန်အတွက် ကောင်စီတစ်ခု ဖွဲ့စည်းပေးရန် ကမ်းလှမ်းတောင်းဆိုမှုကို ပယ်ချ ခဲ့ကြသည်။ တစ်နည်းအားဖြင့်ဆိုရသော် နီပေါနိုင်ငံရေးပါတီ များက ဘုရင်စနစ်ကို အလိုမရှိတော့ကြောင်း ပြသခြင်းသဘော မျိုးဖြစ်သည်။ သို့သော် အိန္ဒိယ နိုင်ငံမှ ကွန်ဂရက်ပါတီ၏ ကြိုးကိုင်မှုဖြင့် နီပေါနိုင်ငံအတွင်းရှိ ပါတီ များ၏ ခေါင်းဆောင်များက ဘုရင်၏ အနေအထားနှင့် ပတ်သက်၍ သဘောတူညီခဲ့သည်။ ၂ဝဝရခုနှစ် ဒီဇင်ဘာလတွင် နီပေါပါလီမန်က မော်ဝါဒီ ပုန်ကန်သူများနှင့် ငြိမ်း ချမ်းရေးတည်ဆောက်ရန် လိုက် လျောမှုအဖြစ် နီပေါနိုင်ငံ၏ ဘုရင် စနစ်ကို ၂ဝဝ၈ခုနှစ်၌ အဆုံးသတ် ပေးမည့်အကြောင်း အတည်ပြု ကြေညာပေးခဲ့သည်။
၂ဝဝ၈ ခုနှစ် မေလ ၂၈ ရက် နေ့၌ ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေတွင် နီပေါနိုင်ငံ ဘုရင်စနစ်အား ဖျက်သိမ်း၍ ရီပတ်ဘလစ် ပြည်သူ့ သမ္မတနိုင်ငံစနစ်ဖြင့် အစားထိုးလိုက်ကြောင်း တရားဝင် ကြေညာ လိုက်သည်။ ဤဆုံးဖြတ်ချက်မှာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ မပြုလုပ်ဘဲ ဖွဲ့စည်းအုပ်ချုပ်ပုံညီလာခံတွင် ကြေညာလိုက်ခြင်းဖြစ်သည်။
ဘုရင်ဂိုင်ရင်နန်ဒြာအဖို့ ထိုဆုံးဖြတ်ချက်ကို လက်ခံလိုက်ရကာ နီပေါထီးနန်းကို စွန့်လွှတ်လိုက်ရတော့သည်။ နန်းစွန့်လိုက်ရသည့် ဘုရင်ဂိုင်ရင်နန်ဒြာသည် ယခု မိမိရောက်ရှိနေသော နာရာရန်ဟစ် တီနန်းတော်ကြီးမှ ဖယ်ရှားပေးလိုက်ရခြင်းဖြစ်သည်။ နီပေါအစိုးရ က နန်းစွန့်ဘုရင် ဂိုင်ရင်နန်ဒြာအား Nagarjuna Palace နာဂါဂျူး နားနန်းတော်ကိုနေထိုင်ရန်အတွက် ပေးခဲ့သည်။ ဂိုင်ရင်နန်ဒြာအတွက် အစိုးရကပေးသော ထိုနန်းတော်သစ်မှာ အဆောက်အဦဆယ်လုံး ပါရှိသည်ဟုဆိုသည်။ သို့ဖြစ်ရာ ၂ဝဝ၈ခုနှစ် ဇွန်လ ၁၁ ရက်နေ့၌ နန်းစွန့်ဘုရင် ဂိုင်ရင်နန်ဒြာသည် နာရာရန်ဟစ်တီမှ ထွက်တော်မူ နန်းကခွာတယ် ဖြစ်ခဲ့ရတော့သည်။ နာရာရန်ဟစ် တီနန်းတော်ကြီးကို ပြတိုက်ကြီးအဖြစ် ပြောင်းလဲပစ် လိုက်ပြီး စိန်နှင့်ပတ္တမြားကျောက် မျက်ရတနာများ စီခြယ်သထားသော ဘုရင်သရဖူနှင့် အခြား နန်း သုံးတော်ဝင် ပစ္စည်းများကိုလည်း အစိုးရပိုင်ပစ္စည်းအဖြစ် ကြေညာ လိုက်တော့သည်။
ဘုရင် ဂိုင်ရင်နန်ဒြာ၏ နန်း စွန့်မှုသည်ကမ္ဘာပေါ်တွင်ဟိန္ဒူဘုရင် တစ်ပါးအနေဖြင့် နောက်ဆုံး နန်း စွန့်ခြင်းလည်းဖြစ်ပြီး ၁၇၆ဝပြည့်လွန် နှစ်များကတည်းက နီပေါနိုင်ငံကြီး အားစည်းရုံးတည်ထောင်ခဲ့သော ရှားဘုရင်မင်းဆက် (Shah Dynasty) ကျဆုံးခန်းလည်းဖြစ်ပါသည်။
နန်းစွန့်ပြီးနောက် အင်တာဗျူးတစ်ခုတွင် ဘုရင်ဟောင်းဂိုင်ရင် နန်ဒြာက နီပေါနိုင်ငံ၌ ဘုရင်စနစ်အား ဖျက်သိမ်းခဲ့သည့်ကြားဖြတ် ပါလီမန်၏ ဆုံးဖြတ်ချက်ကို ကျေနပ်မှုမရှိကြောင်း နိုင်ငံခြားသား သတင်းထောက်များအား ဖြေကြားခဲ့သည်ဟု ဂျပန်နိုင်ငံအတွင်း ဦး ဆောင်သတင်းစာကြီးတစ်ခုဖြစ်သော The Daily Yomiuri သတင်းစာ၌ ဖော် ပြထားသည်ဟု ဆိုပါသည်။ ပါလီမန်၏ ဆုံးဖြတ်ချက်သည် နီပေါ ပြည်သူအများစု၏ အမြင်ကို ကိုယ်စားမပြုကြောင်း၊ ဒီမိုကရေစီ နည်းလမ်းမကျကြောင်း ဖြေကြားခဲ့သည်ဟုလည်း ဆိုပါသည်။
ဆက်ရန်

ဒေါက်ထွေး (ဆေး/မန်း)

1073 COMMENTS

  1. positive reinforcement leadership culture works , positive quotes universe. community bridges west valley buy lyrica online buy pregabalin , community america parkville community action council howard county positive reinforcement psychology example , positive and negative make community action council grays harbor? community first credit union kaukauna wi community acquired pneumonia definition cdc, community health center west palm beach crabtree positive and negative yeast.
    positive pregnancy test empty uterus , positive correlation variables positive feedback loop polar ice melting community america bank locations.

  2. positive words beginning with n positive and negative x ray image , positive words can change your brain. environments cannot be coerced to other types lyrica dosage buy lyrica 150 , community action council near me community action agency naranja environmental quality improvement act , community action west palm beach community definition sociology? social hierarchy definition community bank vernon ny, followers vs likes on facebook skinner positive reinforcement year.
    positive feedback loop climate change , community first aid course community acquired pneumonia epidemiology cdc positive reinforcement games.

  3. autocad 2020 software free download with drawing program website to buy Autocad software autocad software 2020 system requirements. hp officejet pro 7740 software for mac office software tools engeeeneringu#$sssaunnplus , china receiver software download 2020. software engineering graduate programme 2020, 2020 kitchen design software free download full version mac office software alternatives free office software trial. ch341a programmer software 2020 download receiver software download 2020, solid 6363 software 2020 download.

  4. h&r block software 2020 download drawing program website to buy Autocad software office software for mac. best free office software reviews govt software jobs 2020 engeeeneringu#$sssaunnplus , 2020 software price. legal office software programs, ms office software free download enginuity 2020 software download radeon software adrenalin 2020 size. software ideas 2020 office suite programs for windows 10, smart office software free download.