• အခုခေတ်မှာ လူနေမှုပုံစံ၊ အစားအသောက်ပုံစံတွေ ပြောင်းလဲလာတာကြောင့် အူမကြီးကင်ဆာဖြစ်ပွားနှုန်းလည်း များလာပါပြီ။ အူမကြီးကင်ဆာမှာ တခြားကင်ဆာတွေထက် ထူးခြားတာက ကြိုတင်စစ်ဆေးရင် စောစောစီးစီးသိရှိပြီး ကုသမှုကို လက်ဦးမှု ရယူနိုင်တာပါတယ်။
  • အူမကြီးကင်ဆာဟာ များသောအားဖြင့် ကင်ဆာအကြိုအဆင့် အသားပို (Polyps)တွေကစတင်တာပါ။ အသားပိုကမှ ကင်ဆာအဆင့်ကိုပြောင်းသွားတာပါ။ ဒီအသားပိုအဆင့်မှာ သိရှိပြီး ခွဲစိတ်ဖယ်ရှားလိုက်ရင် ကင်ဆာမဖြစ်တော့ပါဘူး။

ဘယ်အရွယ်မှာ စတင်စမ်းသပ်မလဲ


အသက် (၅၀) ပြည့်ပြီဆိုရင် အူမကြီးကင်ဆာ ရှိ၊မရှိ စတင်စစ်ဆေးပါ။ အထူးသဖြင့် မိသားစုဝင်ထဲမှာ အူမကြီးကင်ဆာဖြစ်ဖူးတဲ့ ရာဇဝင်ရှိသူတွေပါ။

နှစ်စဉ်ပြုလုပ်ရန်
ဝမ်းထဲမှာ မျက်စိနှင့် မမြင်နိုင်လောက်တဲ့ သွေးပါမှုရှိ၊ မရှိ စစ်ဆေးခြင်းကို အနည်းဆုံး တစ်နှစ် တစ်ကြိမ်ပြုလုပ်သင့်ပါတယ်။

ငါးနှစ်တစ်ကြိမ်ပြုလုပ်ရန်

စအိုအတွင်း မှန်ပြောင်းကြည့် စစ်ဆေးခြင်း (Sigmoidoscopy) ကို ငါးနှစ်တစ်ကြိမ် ပြုလုပ်သင့်ပါတယ်။

ဆယ်နှစ်တစ်ကြိမ်ပြုလုပ်ရန်
အူမကြီးအတွင်း မှန်ပြောင်းကြည့်စစ်ဆေးခြင်း (Colonoscopy) ကို ဆယ်နှစ်လျှင်တစ်ကြိမ်ပြုလုပ်သင့်ပါတယ်။ ဒီစစ်ဆေးမှုဟာ အူမကြီးကင်ဆာရှိမရှိ အတိအကျပြောနိုင်တဲ့ စစ်ဆေးချက်ဖြစ်ပြီး၊အူမကြီးတစ်ခုလုံးကို နေရာလပ်မကျန် ကြည့်ရှုစစ်ဆေးနိုင်ပါတယ်။ အကယ်၍ ကင်ဆာအကြိုအဆင့် အသားပိုတွေ တွေ့ခဲရင်လည်း မှန်ပြောင်းမှတစ်ဆင့်တစ်ခါတည်း ဖြတ်တောက်ကုသနိုင်မှာဖြစ်ပါတယ်။