အိပ်ချိန်နည်းခြင်းဟာ သင့်ရဲ့ မှတ်Óဏ်ကိုလည်း ထိခိုက်စေနိုင် သလို ဦးနှောက်အမြှေးရောင်ရောဂါ ဖြစ်နိုင်ခြေကိုလည်း ပိုစေပါတယ်။

တကယ်တော့ ဦးနှောက်ဆို တာ သင့်ရဲ့တစ်နေ့စားသုံးတဲ့ အာဟာရတွေကနေ ရရှိတဲ့ စွမ်းအင် ပမာဏရဲ့ ၂၀ ရာခိုင်နှုန်းလောက် ထိအောင် အသုံးပြုလည်ပတ်နေ တဲ့ အပိုင်းတစ်ခုပါ။ ပြီးရင် အဆိပ် အတောက်ဖြစ်စေနိုင်တဲ့ ဓာတ်တွေ ကို ပြန်လည်ချေဖျက်မှုတွေကိုပါ လုပ်ဆောင်ပါတယ်။ ဓာတ်ပြောင်း လဲမှုတွေနဲ့အတူ အဆိုပါ အဆိပ် အတောက်ဓာတ်တွေက မှတ်Óဏ် ပိုင်းကိုလည်း ထိရောက်မှုရှိလာစေ ပါတယ်။

အထူးသဖြင့်တော့ ဦးနှောက် ကနေ စွန့်ထုတ်ဓာတ်တွေထဲမှာ Amyloid ဆိုတဲ့ အသားဓာတ် တစ်မျိုးက ဦးနှောက်အမြှေးရောင် ရောဂါဖြစ်စေဖို့ အားပေးပါတယ်။ တစ်နေ့တာအချိန်အတွင်း အဆိုပါ Amyloid တွေက ဦးနှောက်အတွင်း ပိုင်း ဆဲလ်တွေကြားမှာ တည်ရှိ ကပ်ငြိနေတတ်ပါတယ်။ အဆိုပါ Amyloid တွေနဲ့ အခြားအဆိပ် အတောက်ဓာတ်တွေကို ဖယ်ထုတ်မှုကို ဦးနှောက်က ကျွန်တော်တို့ အိပ်စက်ချိန်မှာ လုပ်ဆောင်လေ့ ရှိပါတယ်။

နောက်ပြီး အိပ်စက်ခြင်းက ကျွန်တော်တို့ ဦးနှောက်ကို အနား ပေးရာကျသလို နောက်တစ်ရက် မနက်မှာ လန်းဆန်းကြည်လင်မှုကို ပေးနိုင်ပါတယ်။ ဒါကြောင့် အိပ်ရေး ဝ၀ အိပ်မယ်၊ အိပ်ချိန်ပေးမယ် ဆိုရင် အထက်မှာပြောခဲတဲ့ Amyloid တွေကိုလည်း ကောင်းကောင်းဖယ် ထုတ်နိုင်မယ်၊ အိပ်ရေးဝလည်း လူရော စိတ်ရောလည်း လန်းဆန်းသလို Amyloid တွေ ကင်းစင်မှုကနေ ဦးနှောက်အမြှေးရောင်ရောဂါ ဖြစ်နိုင်ခြေလည်း လျော့ကျလာစေတာ ဖြစ်ပါတယ်။

တကယ်လို့ အိပ်ရေးဝအောင် မအိပ်ဘူးဆိုရင်တော့ ဖြစ်လာနိုင် တာတွေက ဦးနှောက်ကို ကျုံ့သွားစေနိုင်ပါတယ်။ အသက် ၂၀ ကနေ ၈၀ အတွင်းရှိ လူ ၁၄၇ ဦးကို လေ့လာချက်တွေအရ အိပ်ရေးဝအောင် မအိပ်ဖြစ်သူတွေရဲ့ ဦးနှောက်ဟာ အိပ်ရေးဝအောင် အိပ်သူတွေထက် ကျုံ့သွားတယ်ဆိုတာ တွေ့ရှိထားရတယ်လို့ ဆိုပါတယ်။ နောက်ပြီး မစ်ချီဂမ် တက္ကသိုလ်နဲ့ ကယ်လီဖိုးနီးယား တက္ကသိုလ်က အဖွဲ့တွေ ပူးပေါင်း လေ့လာမှုမှာ တစ်ရက်ကို ၅ နာရီ နဲ့ အောက်ဘက်အချိန်လောက်ပဲ အိပ်သူတွေက နေ့စဉ်ဘဝမှာ အမှားတွေ ပိုပြီးလုပ်မိ၊ ကျူးလွန်မိ တယ်လို့လည်း တွေ့ရပါတယ်။ နောက်ဆုံးတစ်ချက်ကတော့ ဆွီဒင်နိုင်ငံ၊ အက်ဆာလာတက္ကသိုလ်ရဲ့ လေ့လာချက်အရ အိပ်ရေးမဝ သူတွေက အိပ်ရေးဝအောင် အိပ်စက်သူတွေထက် ဦးနှောက်အမြှေးရောင် ရောဂါဖြစ်နိုင်ခြေ ၁ ဆခွဲလောက်ထိအောင် ပိုတာလည်းတွေ့လာရ တာပဲဖြစ်ပါတယ်။

ဒါဆို သေချာတာကတော့ အိပ်ရေးဝ၀ အိပ်ဖို့လိုအပ်ပါပြီ။ ဒါပေမဲ့ ပညာရှင်တွေက နောက်ထပ်တစ်ချက် ထောက်ပြတာက တချို့ဟာ အိပ်ချိန်မှာ အိပ်မပျော်ကြဘူးလို့ ဆိုတာပါပဲ။ တစ်ရက်မှာ အကောင်းဆုံးအနေနဲ့ ၇ နာရီက နေ ၈ နာရီ အိပ်သင့်တဲ့အတွက် တချို့က အဆိုပါအချိန်တွေကို အိပ်ချိန်အဖြစ် ပေးပေမဲ့ တကယ်တမ်း အိပ်မပျော်ကြသူတွေရှိလို့ အိပ်ရာထဲမှာ ၇ နာရီနေသည့် တိုင်အောင် အိပ်ချိန် ၇ နာရီမရှိတတ်ဘူးလို့ ဆိုပါတယ်။
ဒီလို အိပ်မပျော်သူတွေအတွက်ကတော့ အကောင်းဆုံးအနေနဲ့ လမ်းညွှန်ထားတာက မနက်ဘက် အိပ်ရာထမှာ အိမ်အပြင်ဘက် လမ်းထွက်လျှောက်တာ ကောင်းတယ်လို့ဆိုလာပါတယ်။ ကျန်းမာရေး လည်း ကောင်းစေသလို ဇီဝဖြစ်စဉ် မှန်ကန်စေပြီး ညဘက်မှာ အိပ် ကောင်းစေတယ်လို့ ဆိုပါတယ်။ နောက်ပြီး အိပ်ခန်းကို အတတ်နိုင် ဆုံး အလင်းလုံအောင်ထားရှိ အိပ်စက်တာ အကောင်းဆုံးအိပ်ပျော် စေသလို ဖုန်းနဲ့ တက်ဘလက်တွေကနေ တီဗီလိုအရာတွေထိအောင် ပိတ်ပြီး အိပ်စက်တာ အကောင်းဆုံး အိပ်ပျော်စေနိုင်တယ်လို့ သိရပါတယ်။ ပြီးတော့ မအိပ်ခင် ရေချိုးပေးခြင်းက အိပ်ပျော်ဖို့ ပိုမိုလွယ်ကူ စေတယ်လို့တွေ့ရပြီး အခြား ကျန်းမာရေးဆိုင်ရာ လေ့ကျင့်ခန်း တွေကိုလည်း ပုံမှန်လုပ်ပေးမယ်။ အာဟာရပြည့်ဝစာတွေကို ကယ်လို ရီအပိုမဖြစ်အောင် စနစ်တကျ စားသုံးပေးမယ်ဆိုရင် အိပ်ရေးဝအောင် ကောင်းကောင်း အိပ်ပျော် နိုင်မှာဖြစ်ပြီး အိပ်ရေးဝတာနဲ့အတူ ဦးနှောက်အမြှေးရောင်ရောဂါဖြစ် နိုင်ခြေလည်း လျှော့ချနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

 

သက်နိုင်ဦး