အဆုတ်ကင်ဆာဟာ ဆေးလိပ်ငွေ့ တစ်ခုတည်းကြောင့် ဖြစ်တာလား
‘အမွှေးတိုင်ထုပ်တွေမှာ “အမွှေးတိုင်အငွေ့များရှူမိလျှင် အဆိပ်သင့်နိုင်သည်” ဆိုတဲ့ ကျန်းမာရေး သတိပေးချက်တွေ ထည့်ဖို့ လိုအပ်နေပြီ” လို့ Daily Telegraph ရီပို့တွေမှာ ၂၀၁၅ ခုနှစ် လောက်ကတည်းက ဖော်ပြခဲ့ဖူးပါတယ်။ အမွှေးတိုင်ဆိုတာ အနောက် တိုင်းမှာရော အာရှဒေသမှာပါ ဘာသာရေးနဲ့ဆိုင်တဲ့ အခမ်းအနားတွေမှာ အသုံးပြုခဲ့တာ နှစ်ပေါင်းထောင်ချီလို့တောင် ကြာနေပြီဖြစ်ပါတယ်။ အမွှေးတိုင်က ထွက်လာတဲ့ အငွေ့တွေမှာ ဓာတုပစ္စည်း များစွာ ပါဝင်တာကိုတွေ့ရပြီး အချို့ဟာ ကျန်းမာရေးကိုထိခိုက်စေပါ တယ်။
ဆေးလိပ်ဆေးရွက်ကြီး ကုမ္ပဏီ တစ်ခုမှာလုပ်တဲ့ သုတေ သနမှူး နှစ်ဦးဟာ စမ်းသပ် မှုတစ်ခုလုပ်ခဲ့ပါတယ်။ တိရစ္ဆာန်လေးတွေနဲ့ ဗက်တီးရီယား ဆဲလ်တချို့ကို နှစ်ဖွဲ့ ခွဲပြီး တစ်ဖွဲ့ကို ဆေးလိပ်ငွေ့၊ နောက်တစ်ဖွဲ့ကို အမွှေးတိုင်အငွေ့ပေးပြီး စမ်းသပ် ကြည့်တာဖြစ်ပါတယ်။ တကယ်လို့ အခိုးအငွေ့က ဆဲလ်တွေနဲ့ DNA နဲ့ ဗီဇပြောင်းလဲမှုနဲ့ အဆိပ်သင့် မှုတွေကို ဖြစ်စေတယ်ဆိုရင် ဘယ်အငွေ့ကြောင့် အဆိပ်ဖြစ်တာလဲ ဆိုတာကို စမ်းသပ်ခဲ့ကြတာပါ။
ဘာတွေ့ရသလဲဆိုတော့ ဆေးလိပ်ငွေ့ထက် အမွှေးတိုင်ငွေ့ ရှူနေရသူက ပိုပြီးအဆိပ်သင့်နေ တာကို တွေ့ရပါတယ်တဲ့။ အမွှေး တိုင် ၄ တိုင်၊ စီးကရက်တစ်လိပ် နှုန်းနဲ့ စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။
ဆေးလိပ်က သောက်ရှူရခြင်း ဖြစ်ပြီး အမွှေးတိုင်ကတော့ ဆေးလိပ် လို သောက်ရတာမဟုတ်ဘဲ နှာခေါင်း ကနေတစ်ဆင့် ဝင်တာဆိုတော့ အဆုတ်ဆဲလ်တွေအပေါ်မှာ သက်ရောက်ပုံချင်းတော့ ကွဲပြားပါ တယ်။ ဒါပေမဲ့ အမွှေးတိုင် မီးခိုး ရှူရတဲ့သူနဲ့ တစ်ဆင့်ခံဆေးလိပ်ငွေ့ ရှူရတဲ့သူတို့ကြား သက်ရောက်ပုံ ကတော့ ခုထိကွဲကွဲပြားပြား မဖော် ထုတ်နိုင်သေးပါဘူး။
ဘာပဲပြောပြော အမွှေးတိုင် ဖြစ်ဖြစ်၊ ဆေးလိပ်ဖြစ်ဖြစ်၊ မီးသွေး ဖြစ်ဖြစ် တစ်ခုခုကိုလောင်ကျွမ်းလို့ ထွက်လာတဲ့အငွေ့ကို ရှူမိရင်တော့ အဆုတ်ကို ထိခိုက်ပျက်စီးစေပါ တယ်ဆိုတာကို ဒီစမ်းသပ်မှုက မီးမောင်းထိုးပြခဲ့ပါတယ်။

ဒီစမ်းသပ်မှု ဘယ်လိုစတင်ခဲ့ တာလဲ
ဒီစမ်းသပ်မှုဟာ South China University of Technology က သုတေသီတွေနဲ့ the China Tobacco Guangdong Industrial Company တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
ဘယ်အဖွဲ့အစည်းရဲ့ ရန်ပုံငွေနဲ့ လုပ်တာလဲတော့ မသိရပါဘူး။ ဦးဆောင်လုပ်ပေးခဲ့တဲ့ သုတေသီတွေက ဆေးလိပ်ကုမ္ပဏီအတွက် လုပ်ပေးခဲ့တာဖြစ်ပြီး အဲဒီဆေးလိပ် ကုမ္ပဏီရဲ့ ဘက်မလိုက်ဘဲ တရား မျှတမှုရှိတဲ့ မေးခွန်းထုတ်မှုတွေ အတွက် ဆောင်ရွက်ပေးခဲ့တာ ဖြစ် တယ်လို့ သိရပါတယ်။
သုတေသနတွေ့ရှိချက်ကို Peer-reviewed Science Journal ရဲ့ Environmental Chemistry Letters ကဏ္ဍမှာ ဖော်ပြခဲ့ပါ တယ်။
The Mail Online နဲ့ The Daily Telegraph တို့ကနေလည်း ဖော်ပြခဲ့ကြပေမဲ့ ဆေးလိပ်ကုမ္ပဏီ ကြီးများနဲ့ ဆက်သွယ်ပြီး ဒီလို လေ့လာမှုမျိုး လုပ်တာကိုတော့ သတိထားကြဖို့သတိပေးခဲ့ပါတယ်။

ဘယ်လိုသုတေသန ပြုမှုမျိုးတွေ လုပ်ခဲ့တာလဲ
ဓာတ်ခွဲခန်းစမ်းသပ် သုတေသန ပြုမှုအနေနဲ့ မီးရှို့ထားတဲ့ အမွှေးတိုင် ကနေထွက်လာတဲ့ အမှုန်တွေနဲ့ ဓာတုပစ္စည်းတွေကို စက်ကိရိယာ တွေ အသုံးပြုပြီး ဖော်ထုတ်တိုင်းတာ ခဲ့ကြတာပဲ ဖြစ်ပါတယ်။
ထွက်ရှိလာတဲ့ ဓာတုပစ္စည်း တွေပါတဲ့ အငွေ့တွေဟာ ဗက်တီး ရီးယားတွေနဲ့ တိရစ္ဆာန်ဆဲလ်တွေ အပေါ်မှာ ဘယ်လိုသက်ရောက်မှု တွေ ရှိသလဲဆိုတာကို ရှာဖွေသုတေ သနပြုခဲ့ကြတာ ဖြစ်ပါတယ်။

သုတေသနပြုမှုမှာ ဘာတွေလုပ်ခဲ့ကြသလဲ
သုတေသနပြုသူတွေဟာ အမွှေးတိုင်လေးတိုင် ထွန်းထားရာ က ထွက်လာတဲ့ အငွေ့တွေနဲ့ အမှုန်တွေရယ်၊ စီးကရက်တစ်လိပ်ကို လောင်ကျွမ်းရာက ထွက်လာတဲ့ အငွေ့တွေနဲ့ အမှုန်တွေရယ်ကို စုဆောင်းခဲ့ကြပါတယ်။ ရလာတဲ့ အမှုန်တွေကိုအဆင့်ဆင့် ခွဲခြားထားပြီး gas chromatography နဲ့ mass spectrometry နည်းလမ်းများ ကိုအသုံးပြု စစ်ထုတ်ပြီး ဓာတုဗေဒဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုတွေကို ပြုလုပ်ကြပါတယ်။ အဲဒီနောက် Petri လို့ခေါ်တဲ့ စမ်းသပ်ဖန်ပန်းကန် ပြားလေးထဲက ဆဲလ်စ်တွေအပေါ်မှာ မီးခိုးအကြွင်းအကျန်တွေကို စမ်းသပ်ခဲ့ကြပါတယ်။
ပထမစမ်းသပ်မှုက salmonella cell တွေပေါ်မှာ လုပ်ခဲ့တာဖြစ်ပါတယ်။ ဆဲလ်တွေရဲ့ DNA မှာ မျိုးရိုးဗီဇပြောင်းလဲမှု ဖြစ်မဖြစ်ဆိုတာကို စမ်းတာပါ။ DNA မှာမျိုးရိုးဗီဇပြောင်းလဲမှုတွေ ဖြစ်လာပြီဆိုရင် ကင်ဆာဖြစ်မဲ့ ဘက်ကို ဦးတည်ပါတယ်။ ဒုတိယ အဆင့်မှာတော့ Chinese hamsters လေးတွေရဲ့ မျိုးဥအိမ်မှာ စမ်းသပ် တာပဲဖြစ်ပါတယ်။ အဲဒီက ဆဲလ်တွေပေါ်မှာ အဆိပ်သင့်တဲ့လက္ခဏာ ရှိ/မရှိ ဆိုတာကို ကြည့်တာပဲဖြစ်ပါတယ်။

ကနဦးတွေ့ရှိချက်
အမွှေးတိုင်မီးခိုးက နေပြီး တော့ သေးငယ်တဲ့အမှုန်နဲ့ အလွန် သေးငယ်တဲ့ အမှုန်ရောရာတွေ ရရှိပြီး အဲဒါတွေက အဆုတ်ကျန်းမာ ရေးကို ထိခိုက်စေပါတယ်။ ဓာတု စစ်ဆေးချက်အရ အမွှေးတိုင်လေး တိုင်ပေါင်းမှာ ဓာတုဒြပ်ပေါင်း ၆၄ မျိုး ပါဝင်နေတာကို တွေ့ရပါတယ် တဲ့။
အဆိုပါ ဒြပ်ပေါင်းတွေကတော့ အမွှေးတိုင်လုပ်ရာမှာ မပါမဖြစ် ပါဝင်တဲ့ အရာတွေဖြစ်တဲ့ သစ်သား မှုန်တွေနဲ့ အမွှေးဆီတွေက ရလာ တာပဲ ဖြစ်ပါတယ်။ အဲဒီဒြပ်ပေါင်း တွေ လောင်ကျွမ်းလို့ ထွက်လာတဲ့ မီးခိုးတွေက မွှန်ပြီး မျက်လုံးစပ်စေ ပါတယ်။ ပြီးတော့ အဆိပ်ပါဝင်တဲ့ ဒြပ်ပေါင်းတွေကိုလည်း တွေ့ရပါ တယ်။ သုတေသနစာတမ်းရဲ့ အဆို အရ စီးကရက်ကိုစမ်းသပ်လို့ ထွက်လာတဲ့ အမှုန်အရွယ်အစား နဲ့ ဓာတုဒြပ်ပေါင်းတွေနဲ့ မတူကွဲပြားတယ်လို့ ဆိုထားပါတယ်။
အဲဒီတော့ Salmonella cell ပေါ်မှာစီးကရက်က ရရှိတဲ့ မီးခိုး နမူနာနဲ့ အမွှေးတိုင် လေးတိုင်က ရရှိတဲ့ မီးခိုးနမူနာတို့ကို သီးခြားစီ စမ်းသပ်လိုက်တဲ့အခါမှာ ဆဲလ် DNA ရဲ့ မျိုးရိုးဗီဇပြောင်းလဲသွားမှု ချင်း မတူတာကို တွေ့ရပါ တယ်။ ဟမ်းစတားရဲ့ မျိုးဥ ဆဲလ်ပေါ်မှာကျတော့ စီး ကရက်မီးခိုးရော၊ အမွှေးတိုင်မီးခိုး ကပါ အဆိပ်သင့်စေတာကို တွေ့ပါ တယ်။ ဒါပေမဲ့ အမွှေးတိုင် မီးခိုး အဆိပ်သင့်မှုက စီးကရက် မီးခိုး အဆိပ်သင့်မှုထက် လျော့နည်း တယ်လို့ ဖော်ပြပါတယ်။

သုတေသီတို့၏ မှတ်ချက်
ဒီပရောဂျက်သုတေသီတို့ရဲ့ အဆိုအရ အရင်းအမြစ်တူညီတဲ့ ပမာဏဖြစ်တဲ့ အမွှေးတိုင် ၄ တိုင် နဲ့ စီးကရက် တစ်လိပ်ကနေ ထွက် လာတဲ့ မီးခိုးပမာဏမှာ အမွှေးတိုင် မီးခိုးက စီးကရက်မီးခိုးထက် ပိုများ တာမို့လို့ Chinese hamster ရဲ့ မျိုးဥ ဆဲလ်ပေါ်မှာ အဆိပ်သင့်မှုဟာ စီးကရက်ထက် အမွှေးတိုင်က ပိုပြီး ပြင်းထန်တယ်လို့ သုံးသပ်ပါတယ်။
ဒါပေမဲ့ ဒီလိုဆိုလိုက်လို့ စီးကရက်မီးခိုးရဲ့ အဆိပ်သင့်မှုက အမွှေးတိုင်မီးခိုး အဆိပ်သင့်မှု ထက် နည်းတယ်လို့ ရိုးရိုးလေး မယူဆစေချင်ပါဘူးတဲ့။ ဘာလို့ဆိုတော့ ဒီစမ်းသပ်မှုဟာ နမူနာနည်းနည်းကိုပဲ စမ်းသပ်တာဖြစ်ပြီး တကယ် တမ်းမှာ ရှူမိတဲ့ စီးကရက်နဲ့ အမွှေး တိုင် မီးခိုးအနည်းအများပေါ်မှာ မူတည်ပြီး ရလဒ်ဟာအကြီးအကျယ် ပြောင်းလဲနိုင်ပါတယ်လို့ ထပ်လောင်း ပြောကြားထားပါသေးတယ်။

နိဂုံး
နိဂုံးချုပ်အားဖြင့် ပြောရမယ်ဆိုရင်တော့ အမွှေးတိုင်မီးခိုးက ထွက်လာတဲ့ အမှုန်တွေနဲ့ အလွန်aသးငယ်တဲ့အမှုန်တွေဟာ အဆုတ် ရောဂါကို ဖြစ်စေတယ်။ ဒါဟာလည်း ထူးဆန်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ အမွှေးတိုင်မှမဟုတ်၊ တခြားက ထွက်လာတဲ့ မီးခိုးတွေ ဖြစ်တဲ့ ဟင်းချက်တဲ့နေရာက

ထွက်တဲ့ မီးခိုးတွေ၊ ဆေးလိပ်ငွေ့တွေစတာတွေဟာလည်း အလားတူ သက် ရောက်မှုတွေ ဖြစ်စေပါတယ်။
ဒါပေမဲ့ အကြံပြုချင်တာက အမွှေးတိုင်မီးခိုးဟာ ဆေးလိပ်လိုပဲဆိုးနိုင် တယ် အချက်ပါပဲ။ အမွှေးတိုင်လေးတိုင်ကထွက်တဲ့အခိုးနဲ့ စမ်းတာမှာ စီးကရက်မီးခိုးနဲ့ စမ်းတာနဲ့ မတူကွဲပြားတဲ့ မျိုးရိုးဗီဇ ပြောင်းလဲချက်တွေနဲ့ အဆိပ်သင့်မှုတွေကို DNA ဆဲလ်တွေမှာ တွေ့ခဲ့ရပါတယ်။ နှိုင်းယှဉ်မှုအရ ကတော့အမွေးတိုင်က ၄ တိုင်ဖြစ်ပြီး စီးကရက်ကတော့တစ်လိပ်တည်းပါပဲ။
ဒါကြောင့်မို့လို့ အမွှေးတိုင်မီးခိုးဟာ ဆေးလိပ်ငွေ့ထက် အဆိပ်ပိုဖြစ် တယ်လို့လည်း ယတိပြတ်မဆုံးဖြတ်နိုင်ပြန်ပါဘူး။ နောက်တစ်ခုက သုတေ သနပြုမှုဟာ ဓာတ်ခွဲခန်းထဲမှာ တိရစ္ဆာန်ဆဲလ်တွေကိုသာ ပြုလုပ်ခဲ့တာ ဖြစ်ပြီး လူသားတွေအပေါ်မှာ စမ်းသပ်ကြည့်ခဲ့တာလည်း မဟုတ်ခဲ့ပါဘူး။ ဓာတ်ခွဲခန်းက စမ်းသပ်ဖန်ပန်းကန်ပြားလေးထဲက ဆဲလ်ပေါ်မှာ ဖြတ်သန်း သွားတာနဲ့ သက်ရှိလူသားတွေ ပကတိအခြေအနေမှာ ဖြတ်သန်းသွားတာ လည်း ပတ်ဝန်းကျင်အနေအထားချင်း မတူနိုင်ပြန်ပါဘူးတဲ့။
နောက်တစ်ခုက မီးခိုးရှူမိပုံချင်းလည်း ကွဲပြားပါတယ်တဲ့။ စီးကရက်က ပါးစပ်ကနေ အဆုတ်ထဲကို တိုက်ရိုက်ရှိုက်သွင်းသောက်ရှူရတာဖြစ်ပြီး ပြန်မထုတ်ခင် အချိန်အတွင်းရှိုက်လိုက်တဲ့ တစ်ခဏဆိုတာရှိပါတယ်။ အမွှေး တိုင်မီးခိုးကျတော့ လေထုထဲမှာ ပြန့်ဝဲနေတာဖြစ်ပြီး အသက်ရှူသလို ရှူမိ တာဖြစ်ပါတယ်။ အဲဒီတော့ အဆုတ်ထဲဝင်သွားတဲ့ မီးခိုးပမာဏဟာ အမွှေး တိုင် ဘယ်လောက်များများလောင်ကျွမ်းရာကထွက်လာတာလဲ၊ အချိန် ဘယ်လောက်ကြာကြာရှူမိတာလဲ။ အမွှေးတိုင်ထွန်းထားတဲ့ အခန်းရဲ့အကျယ် အဝန်းနဲ့ လေဝင်လေထွက်စတာတွေနဲ့ အများကြီးသက်ဆိုင်ပါတယ်။
ဒီပရောဂျက် သုသေတနပြုသူတွေနဲ့ ဆေးလိပ်ဆေးရွက်ကြီး ကုမ္ပဏီ တွေကတော့ ]]အမွှေးတိုင်မီးခိုးဟာ စီးကရက်အငွေ့ထက်ဆိုးတယ်}}လို့ ခပ်တိုတိုထုတ်ပြန်လိုက်ပြီး ဆေးလိပ်မီးခိုးဟာ အမွှေးတိုင်လောက် မဆိုးပါ ဘူးဆိုတဲ့ အတွေးမျိုးလူတွေထင်မြင်သွားအောင်လုပ်လိုက်တာပဲဖြစ်ပါတယ်။
တစ်ဖက်က ပြန်တွေးရမယ်ဆိုရင် အဆုတ်နဲ့ပတ်သက်တဲ့ ရောဂါရှိ သူတွေအနေနဲ့ အမွှေးတိုင်ထွန်းခြင်းကိုပါ ရှောင်ရှားသင့်ပြီး ကျန်တဲ့သူ တွေအနေနဲ့ကလည်း အခန်းအနံ့မွှေးအောင် အမွှေးတိုင် ထွန်းထားတာ တွေဘာတွေကိုလည်း ဆင်ခြင်သင့်ပါတယ်။
ဆေးလိပ်သောက်တာကတော့ အားလုံးသိကြတဲ့အတိုင်း အသက်သေ ဆုံးတဲ့အထိ ဖြစ်နိုင်တဲ့ ရောဂါတွေဖြစ်တဲ့ နှလုံးရောဂါ၊ အဆုတ်ကင်ဆာ၊ လေဖြတ်ခြင်းစတာတွေဖြစ်ပွားစေတဲ့အတွက် အားလုံးအတူတကွ ရှောင် ရှားသင့်တဲ့ ကိစ္စတစ်ခုပဲ ဖြစ်ပါကြောင်း။
Ref : Analysis by Bazian, Edited by NHS Website

ဝဏ္ဏမိုးအောင်