တစ်ခါတစ်ရံ သွားပိုးစားခြင်း က သွားအတွင်းပိုင်း ပျော့ပျောင်း သည့်အလွှာအထိ ကျူးကျော်ဝင် ရောက်ဖျက်ဆီးခဲ့လျှင် အာရုံကြော များနှင့် သွေးကြောများ ပျက်စီး သွားတတ်ပါတယ်။ ၎င်းတို့ဟာ သွားတစ်ချောင်းရဲ့ အလယ်တွင် ရှိနေသော အရာများဖြစ်တယ်။ ဤ ကဲ့သို့သော အခြေအနေမျိုးတွင် RCT ခေါ် အမြစ်သတ်ခြင်း ကုထုံးကို ပြုလုပ်ရလေ့ရှိပါတယ်။
သွားအတွင်းဆုံး ပျော့ပျောင်းသည့် နေရာ (pulp) ကို ဖယ်ရှားပစ်ရပြီး ပိုးသန့်စင်ဆေးများဖြင့် သွား အခေါင်းပေါက်ကို သန့်ရှင်းရေး လုပ်ရပါတယ်။ အကယ်၍ သွား အတွင်း ကူးစက်ပိုးဝင်ရောက်မှုက ပြင်းထန်ဆိုးဝါးလျှင် ယာယီသွားဖာ ပေးခဲ့ရပြီး ရက်အနည်းငယ်အကြာ မှာတော့ သွားအခေါင်းပေါက်ကို ထပ်မံ သန့်စင်ဆေးကြောရပါ တယ်။ အမြစ်သတ်ပြီးပါက သွား ပိုးစားနေသော အပေါက်နေရာကို သွားဖာပေးရပါတယ်။

T