မျက်စိအတွင်း၌ ရှိသော သဘာဝမှန်ဘီလူးက အသက် အရွယ်ကြီးရင့်လာသည့်အခါ မှုန်မှိုင်းလာခြင်းကြောင့် တိမ်စွဲ သည်ဟု တင်စားခေါ်ဝေါ်လေ့ရှိ သော အတွင်းတိမ်ရောဂါဖြစ်လျှင် ထိုသူ၏ မျက်စိအမြင်ကောင်းစွာ မရရှိတော့ဘဲ ဖြစ်သွားပါတယ်။ အချို့ဆိုလျှင် မျက်စိကွယ်သွား သည်အထိ ဖြစ်လေ့ရှိပါတယ်။ ကမ္ဘာပေါ်တွင် နေ့စဉ်နှင့်အမျှ လူ ၁၀ သန်းဝန်းကျင်ခန့် အတွင်း တိမ်ရောဂါ ခံစားနေကြရတာဖြစ် ပါတယ်။ အသက်ကြီးလာရင် သဘာဝမှန်ဘီလူးအတွင်းမှာရှိတဲ့ ပရိုတိန်းဓာတ်များပြိုကွဲကာ အပိုင်း အစများအဖြစ် ပြောင်းလဲသွားခြင်း ကြောင့် တိမ်စွဲသကဲ့သို့ ဖြစ်သွား ရခြင်းဖြစ်ပါတယ်။
အတွင်းတိမ်ရောဂါကို ကုသရန် နည်းလမ်းကတော့ မျက်စိ အတွင်းက အဲဒီတိမ်စွဲနေသော သဘာဝမှန်ဘီလူးကို ခွဲစိတ်ဖယ် ရှားပစ်လိုက်ပြီး မှန်ဘီလူးအတုတစ်ခု ထည့်သွင်းပေးလိုက်ခြင်း ပါပဲ။ ဒီကုထုံးကို ကျင့်သုံးလာခဲ့တာ မျက်စိဆေးပညာလောကမှာ ကြာခဲ့ပါပြီ။ ယခု အသစ်တီထွင်လိုက်တဲ့ မျက်စဉ်းကတော့ အဲဒီ အတွင်းတိမ်များအား ခွဲစိတ်စရာ မလိုဘဲ ဖယ်ရှားပေးနိုင်တော့မှာ ဖြစ်ပါတယ်။
မော်လီကျူလာ ဇီဝပညာရှင် အဖွဲ့တစ်ဖွဲ့နှင့် မျက်စိအထူးကု ဆရာဝန်များက စတီးရွိုက်အခြေခံအဖြစ် ပါဝင်သော မျက်စဉ်းတစ် မျိုးကို တီထွင်လိုက်ကြခြင်း ဖြစ်ပါတယ်။ ၎င်းမျက်စဉ်းက အတွင်း တိမ်ဖြစ်ပေါ်စေသော ပရိုတိန်း အပိုင်းအစများကို ပျော်ဝင်သွားစေ ခြင်း ဖြစ်ပါတယ်။
ယခုအထိ အဲဒီမျက်စဉ်းကို ခွေးများနှင့် စမ်းသပ်ခဲ့ရာ အောင် မြင်မှုများ ရရှိနေပါတယ်။ ခွေး တွေကလည်း အသက်ကြီးလာရင် လူသားများလိုပဲ မျက်စိအတွင်းတိမ် စွဲလေ့ရှိပါတယ်။ ခွေးများတွင် အတွင်းတိမ်ဖြစ်ခြင်းကပိုလို့တောင် များပါတယ်။ ယခုတီထွင်လိုက်တဲ့ မျက်စဉ်းကို ခွေးရဲ့ မျက်လုံးအတွင်း ၆ပတ်ကြာ ခတ်ပြီးနောက် အတွင်း တိမ်များ ပျောက်ကွယ်သွားတာ တွေ့ခဲ့ရပါတယ်။ သုတေသီများက လူသားများအပေါ်တွင်လည်း ဤရလဒ်မျိုး ရရှိနိုင်မယ်လို့ ယုံကြည် ထားပါတယ်။ ဒီနည်းသာ အောင်မြင်ခဲ့လျှင် ဖျက်ဆီးခြင်းနည်းပညာ များထဲမှ disruptive technologies တစ်ခုဖြစ်လာရန် အလားအလာ ရှိပြီး ကျွနု်ပ်တို့ ယခုသုံးစွဲနေသော ဆေးပညာတစ်ခုလုံးကို ပြောင်းလဲ ပစ်နိုင်မဲ့သဘောရှိပါတယ်။ အနာ ဂတ်တွင် ဒီနည်းပညာက အတွင်း တိမ်သာလျှင်မက အခြားသော ပရိုတိန်းဓာတ်နှင့် ပါဝင်ပတ်သက် ပြီး ဖြစ်ပွားရသည့် ရောဂါများဖြစ် သည့် အယ်လ်ဇိုင်းမားရောဂါ၊ ပါကင်ဆန်ရောဂါကဲ့သို့သော ရောဂါမျိုးကိုလည်း ကုစားနိုင် တော့မှာ ဖြစ်ပါတယ်။ ခွေးများ အတွက် ပျော်ရွှင်ဖွယ်ရာ ရလဒ် ဖြစ်ပြီး သူတို့ရဲ့ အကောင်းဆုံးမိတ် ဆွေဖြစ်သော လူသားများအတွက် လည်း မျှော်လင့်ချက်ရှိနေသော ကုထုံးဖြစ်ပါတယ်။

မောင်
Ref : Science TV