လက်ရှိကာလအထိ အဆုတ်ဖုံး အမြှေးပါးကင်ဆာကို ကင် ဆာဆေးသွင်းပြီး ကုသနည်းဟာ အကောင်းဆုံး ဖြစ်နေပါတယ်။ ပလက်တီနမ် (Platinum) အမည်ရတဲ့ ကင်ဆာဆေးတစ်မျိုးကို အခြေ ခံပြီး နောက်ကင်ဆာဆေး တစ်မျိုးနဲ့ ပေါင်းစပ် ကုသခြင်းဟာ အဆုတ်ဖုံးအမြှေးပါး ကင်ဆာရောဂါအတွက် တရားဝင် လက်ခံထားတဲ့ ကုထုံးဖြစ် နေဆဲပါ။ အခုနောက်ပိုင်းမှာ အသစ်ထွက်လာတဲ့ ကိုယ်ခံ စွမ်းအားကုထုံးများနဲ့လည်း စမ်းသပ်ကုသနေကြတာ ရှိပါ တယ်။ သို့ပေမဲ့ လူနာအရေအတွက် နည်းပါးတာရယ်၊ အင်မတန်ပြင်းထန်တဲ့ ကင်ဆာ အမျိုးအစား ဖြစ်နေတာရယ် ကြောင့် ကုထုံးသစ်များ ပေါ် ထွက်လာရေးမှာ နှောင့်နှေး ကြန့်ကြာလျက်ရှိပါတယ်။
လက်ရှိပြုလုပ်နေတဲ့ သုတေသနတစ်ခုမှာဆိုရင် ြွကက်တွေကို အသုံးပြုပြီး ကင် ဆာကုသရှူဆေးတစ်မျိုးနဲ့ စမ်းသပ်နေကြတာတောင် ရှိပါတယ်။ ထူးခြားချက်တစ်ခုကတော့ ယနေ့ပြုလုပ်ဆဲဖြစ်တဲ့ အဆုတ် ဖုံး အမြှေးပါးကင်ဆာ ကုထုံးသစ် သုတေသနများဟာ သာ မန်ဓာတုဗေဒ ကင်ဆာဆေးဝါးများနဲ့ စမ်းသပ်တာမျိုး မဟုတ်တော့ဘဲ ကိုယ်ခံစွမ်း အား ကုထုံးဆေးသစ်များနဲ့ချည်း စမ်းသပ်နေတာ တွေ့ကြရပါတယ်။ အနာဂတ်ကင်ဆာ ကုသရေးမှာ Immunotherapy ခေါ်တဲ့ ကိုယ်ခံစွမ်းအား ကုထုံးများရဲ့ နေရာဟာ အရေးပါလာ မယ်လို့ ခန့်မှန်းရပါတယ်။
၂၀၁၉ ခုနှစ်ထဲမှာပဲ အမေရိကန်ပြည်ထောင်စု၊ အမျိုးသား ကင်ဆာအင်စတီကျူက အဆုတ်ဖုံး အမြှေးပါး ကင်ဆာ သုတေသနအတွက်
ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၀.၇သန်းကို ပန်ဆိုင်ဇန်းနီး ယားတက္ကသိုလ်ထံ ပေးအပ်ခဲ့ပါတယ်။ ကိုယ်ခံစွမ်းအား ကုထုံးတစ်မျိုးဖြစ်တဲ့ CAR T-cell ကုထုံးအတွက် သုတေသန ပြုလုပ်ဖို့ဖြစ်ကြောင်း တွေ့ရှိရ ပါတယ်။ အထက်ပါဆေးကုထုံး သုတေသနများရဲ့ ရလဒ်တွေ ကို စောင့်ကြည့်ပြီး အဆုတ်ဖုံး အမြှေးပါးကင်ဆာလူနာများရဲ့ မျှော်လင့်ချက်များကို အသက်ဆက်ပေးကြရမှာဖြစ်ပါကြောင်း။
Ref: Pleural mesothelioma:talking a deadly cancer from Lancet Oncology

ဒေါက်တာမိုးဆွေ