အဆစ်လွဲ/ အကြောတင်/အကြောမျက်တာ လူတိုင်းနီးနီး ခံစားဖူးကြမှာပါ။ ဒီလိုကြုံတွေရရင် အရေးပေါ်ကုသမှုတွေ ပြုလုပ်တတ်ကြပါတယ်။ ဒီလို အရေးပေါ်ကုသတဲ့အခါ ဆောင်ရန်/ရှောင်ရန်အချက်တွေကတော့…………

ရှောင်ရန်

ပျက်ခြင်းများပါတယ်။
*အပူကြပ်ထုပ်ထိုးတာ ရှောင်ပါ။
- ဒီနည်းက ကြွက်သား ဒါမှမဟုတ် အရိုးအဆစ်ဒဏ်ရာရခြင်းကို ကုသရာမှာ အထိရောက်ဆုံးနည်းလမ်း 
မဟုတ်ပါဘူးတဲ့။ သင့်မှာ ဒဏ်ရာရရင် အတွင်းပိုင်းမှာ သွေးယိုစီးပါတယ်။ အပူပေးခြင်းက သွေးပိုပြီး ယိုစီးမှုကို
 ဖြစ်စေနိုင်ပါတယ်။

ဆောင်ရန်

*ရေခဲကြပ်ထုပ်ထိုးပါ။ အဆစ်လွဲ/ အကြောတင်/အကြောမျက် ဒဏ်ရာများကို ကုသရာမှာ အကောင်းဆုံးနည်းလမ်း
ကတော့ "RICE" ဆိုတဲ့နည်းပါ။
R ဆိုတာက (rest) အနားယူခြင်း ဖြစ်တယ်။လမ်းများများ မလျှောက်ပါနှင့်။ 
I ဆိုတာက (ice) ရေခဲ ကိုဆိုတာပါ။ ပဝါကြမ်းတစ်ထည်ထဲမှာ ရေခဲကို ထုပ်ပြီး ဒဏ်ရာပေါ်ကို အုံပေးပါ။ 
C ကတော့ (compress) ဖိပေးဖို့ ဖြစ်တယ်။ ဒဏ်ရာကို ပတ်တီးစည်း ပေးထားပါ။ 
E ဆိုတာက (Elevate) မ,တင်ထားဖို့ပါ။ ဒဏ်ရာနေရာကို မိမိနှလုံးထက်မြင့်တဲ့နေရာအထိ မ,တင်ထားပါ။