အစာအိမ်နာ (peptic ulcer) ဆိုတာ အစာအိမ်အတွင်း နံရံမှာ ချိုင့်ခေါက်လိုဖြစ်နေတဲ့နေရာများ ဖြစ်ပါတယ်။ ဒါမှမဟုတ် အူသိမ်ဦးကိုင်း (duodenum) မှာဖြစ်တဲ့ အနာများကို ဆိုလိုတာပါ။
ယင်းအနာမျိုးအတွက် တည့်တဲ့ သို့မဟုတ် စားသင့်တဲ့အစား အစာတွေကတော့ –

ဂေါ်ဖီထုပ်အရည်
အစာအိမ်နာရှိသူများအတွက် ဂေါ်ဖီထုပ်အရည်က အစွမ်းထက် တယ်။ ကျေးလက်ဆေးဆရာတွေ သုံးခဲ့တာ နှစ်အတန်ကြာခဲ့ပြီ။ လေ့ လာမှုအရ ၇ ရက်အတွင်းမှာ အစာအိမ်နာပျောက်ကြောင်း တွေ့ ရတယ်။ ဂေါ်ဖီထုပ်အရည်မှာပါတဲ့ အာနိသင်ရှိပစ္စည်းက အမိုင်နို အက်စစ်တစ်မျိုးဖြစ် တွဲ့ Glutamine ဖြစ်ပုံရတယ်။

နာနတ်သီး
ဂေါ်ဖီထုပ်အရည် မကြိုက်သူ များအတွက် နာနတ်သီး စားနိုင်တယ်။ နာနတ်သီးက Glutamine အတွက် အရင်းအမြစ်ကောင်းတစ်ခုဖြစ်တယ်။

ကြက်သွန်နီ
ကြက်သွန်နီမှာ H.Pylori ပိုးကို ချေဖျက်တဲ့ ဆာလ်ဖာဒြပ်ပေါင်း တစ်မျိုးပါရှိတယ်။

ပျားရည်
ပျားရည်က ulcers ဖြစ်စေတဲ့ H.pylori ပိုးပွားများခြင်းကို နှိမ်နင်း တဲ့သတ္တိရှိကြောင်း လေ့လာမှုတချို့က ပြသတယ်။ ပျားရည်ကို ပေါင် မုန့်မီးကင်အပေါ်သုတ်ပြီး စားနိုင်တယ်။ ဒါမှမဟုတ် ဆီရီရယ်များမှာ သကြားအစား ပျားရည်သုံးနိုင်တယ်။ ဒါမှမဟုတ် ဆေးဖက်ဝင် teas များမှာ အချိုအနေနဲ့ သုံးနိုင်တယ်။

ဦးလှမြင့် (ဂန္ဓမာ)
Ref : RD, Home Remedieso