ယခင်အချိန်တွေကတည်းက ဟိုတယ်တွေမှာ တည်းခိုသူတွေအတွက် အခန်းထဲမှာတစ်ယောက်စာ ဆပ်ပြာခဲအသေးလေးတွေ၊ ခေါင်းလျှော်ရည်ဘူးအသေး၊ ရေချိုး ဆပ်ပြာရည်ဘူးသေးလေးတွေ ထားပေးကြပါတယ်။ ဧည့်သည်ဟာ ဆပ်ပြာခဲသုံးမယ်ဆိုရင် ပထမဦးဆုံးကြုံတွေ့ရတာက ဆပ်ပြာခဲကို ထုပ်ပိုးထားတဲ့ ထုပ်ပိုးခွံအမှိုက်နဲ့ ရေချိုးဆပ်ပြာရည်နဲ့ ခေါင်းလျှော်ရည်များကိုထည့်ထားတဲ့ ပလတ်စတစ်ဘူး အသေးလေးများပါပဲ။ ၎င်းပစ္စည်းများကိုကုန်အောင်မသုံးဘဲ တစ်ဝက်တစ်ပျက် ကျန်ခဲ့တဲ့အခါ ဆပ်ပြာခဲအပိုင်းအစများ၊ သုံးလက်စရှန်ပူနှင့် ရေချိုးဆပ်ပြာရည်များဟာ သဘာဝ ပတ်ဝန်းကျင်ကို ဒုက္ခပေးတဲ့ စွန့်ပစ်ပစ္စည်း Waste များဖြစ်သွားပြီး ထုပ်ပိုးဘူး ခွံသေးလေးတွေက ပလတ်စတစ် အမှိုက်တွေဖြစ်သွားပါတယ်။ကမ္ဘာ ပေါ်မှာ ဟိုတယ်လုပ်ငန်းဟာ ကြီး မားတဲ့လုပ်ငန်းဖြစ်တာကြောင့် ဟိုတယ်ခန်းတွေက ထွက်ရှိတဲ့ ဆပ်ပြာအလေအလွင့်နဲ့ ပလတ်စတစ် အမှိုက်တွေဟာ စုပေါင်းလိုက်ရင် အများကြီးဖြစ်နေမှာပါ။


ယခုအခါ Inter Continental Hotels Group (IHG) မှ တစ်ကိုယ် စာသုံးဆပ်ပြာတုံး အသေးလေးများနဲ့ ခေါင်းလျှော်ရည်ဘူးသေးလေးများ အစား ကုန်သွားလျှင် ထပ်ဖြည့်လို့ရတဲ့ဆပ်ပြာရည်၊ ခေါင်းလျှော်ရည် ဘူးကြီးများကို အခန်းထဲထားပြီးကုန်လျှင် ဘူးကို မလဲလှယ်ဘဲ ဆပ်ပြာရည်၊ ခေါင်းလျှော်ရည်ကို ထပ်ဖြည့်ခြင်းအားဖြင့် ကုန်ကျစရိတ်ပိုမိုသက်သာ ခြင်းနှင့် သဘာဝပတ်ဝန်းကျင် အပေါ် ထိခိုက်မှုနည်းပါးစေခြင်းဆိုတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။ IHG ဟိုတယ်လုပ် ငန်းစုဟာ ၎င်းတို့အုပ်စုရှိဟိုတယ်အခန်းပေါင်း ၈၄၃၀ဝ၀ မှာ စနမျသညေူ ျငဖနိ ရေချိုးခန်းသုံး ပစ္စည်းတွေအစား dispense လုပ်နိုင်၊ ပြန်ဖြည့် Refill လုပ်နိုင်တဲ့ ဆပ်ပြာဘူးကြီးတွေအစားထိုးထည့်သွင်းအသုံးပြုနေပြီဖြစ်ပါ တယ်။ ၂၀၂၁ ခုနှစ်မှာတော့ အခန်းတိုင်းမှာ ပြောင်းလဲအသုံးပြုသွားမယ်လို့ ဆိုပါတယ်။ တစ်နှစ်တာလုံး ပမာဏနဲ့တွက်လျှင် ဒါဟာ သိသာထင်ရှားတဲ့ အရွေ့တစ်ခုကို ဖြစ်ပေါ်စေမှာပါ။

IHG လိုမျိုး အစီအစဉ်ဆွဲပြီး လုပ်တာမျိုးမဟုတ်ပေမဲ့အချို့သော Hotel များဟာလည်း တစ်ခါသုံး mini soaps လေးများအစား ဆပ်ပြာဘူးကြီးများ အသုံး ပြုနေကြတာ တွေလည်း ရှိပါတယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးသမားတွေကတော့ ဟိုတယ်သုံး ဆပ်ပြာတုံးအသေးလေးတွေနဲ့ တစ်ခါသုံး ခေါင်း လျှော်ရည်ဘူးသေးလေးတွေကို ရာဇဝင်ထဲမှာ ချန်ထားနိုင်ဖို့ မျှော်လင့်လျက်ရှိကြပါတယ်။
Ref : Those hotel mini soaps and shampoo bottles will soon

ခိုင်မွန်ကျော်