ဟိမဝန္တာဝက်ဝံ (Asian Black Bear) ကို Moon Beer လို့လည်း ခေါ်ဆိုပါတယ်။ ဟိမဝန္တာဝက်ဝံကို အာရှတိုက်တောင်ပိုင်းမှာ တွေ့ရှိရလေ့ရှိပါတယ်။ အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ နီပေါ၊ ဘူတန်၊ မြန်မာနှင့် တရုတ်နိုင်ငံမြောက်ပိုင်း၊ ရုရှားနိုင်ငံတောင် ပိုင်း၊ ထိုင်ဝမ်၊ ဂျပန်နိုင်ငံရှိ ဟွန်ရှူး ကျွန်းနှင့် ရှိကိုခုကျွန်းတို့မှာ တွေ့ရှိရတတ်ပါတယ်။


ဟိမဝန္တာဝက်ဝံမှာ အရွယ် အလတ်စားခန့်ရှိပြီး အနက်ရောင် သားမွေးရှိကာ ရင်ဘတ်မှာ ထင်ရှားတဲ့ ဗွီ (V) ပုံသဏ္ဌာန်အဖြူရောင် အမှတ်အသား ပါရှိပါတယ်။ အပြည်ပြည်ဆိုင်ရာ ထိန်းသိမ်းမှု အဆင့်သတ်မှတ်ချက်အရ ဟိမဝန္တာ ဝက်ဝံများ၏ လက်ဖဝါး၊ ခြေဖဝါး နှင့် သည်းခြေများသည် ဆေးဖက်ဝင်သည်ဆိုသော အယူအဆမှားကြောင့် မျိုးသုဉ်းရန် အန္တရာယ်နှင့် ကြုံရမည့်အဆင့်သို့ ရောက်သွားနိုင်သော မျိုးစိတ် Vulnerable (VU) အဖြစ် သတ်မှတ်ထားပါတယ်။
ဟိမဝန္တာဝက်ဝံဟာ ရန်လိုတတ်ပြီး တိုက်ခိုက် တတ်ပါတယ်။ ဒါပေမဲ့ လူသားတွေဟာ ၎င်းကို အကြောင်းမဲ့သတ်ဖြတ်ခြင်း၊ အမဲလိုက်ခြင်းတို့မှ ရှောင်ရှားသင့်ပြီး အတိုက် အခိုက်ခံရပါက ခြောက်လှန့် မောင်းထုတ်ခြင်း များသာ ပြုလုပ်သင့် ပါတယ်။
Facebook လူမှုမီဒီယာရှိ သတင်းတစ်ပုဒ်အရ ၁၁-၇-၂၀၁၉ ရက်နေ့ မှာ ယောဒေသ၊ ဂန့်ဂေါ မြို့နယ်ရှိ မွှေ့လယ်ရွာထဲကို ဟိမဝန္တာဝက်ဝံ တစ်ကောင် ဝင်ရောက်လာခဲ့ကြောင်း၊ ၎င်းဝက်ဝံ သေဆုံးနေသော ဓာတ်ပုံများနှင့်တကွ ဖတ်ရှုရပါတယ်။ ရှားပါး တိရစ္ဆာန် မျိုးစိတ်များကို ထိန်းသိမ်းစောင့်ရှောက်သင့်ပါကြောင်း တင်ပြလိုက်ရပါ တယ်။

ခိုင်မွန်ကျော်
Photo Credit to Zaw Htun Oo.