မြန်မာနိုင်ငံ ဆရာဝန်အသင်း၊ သွေးရောဂါပညာရှင်အဖွဲ့နှင့် သွေးကင်ဆာရောဂါရှင်များ ကူညီ စောင့်ရှောက်မှုအသင်းတို့ ပူးပေါင်း ၍ သွေးရောဂါအကြောင်း ဟောပြောပွဲကို ၉-၆-၂၀၁၉ ရက်နေ့ က ရန်ကုန်မြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ Junction City ၌ ပြုလုပ်ခဲ့ပါတယ်။

ဟောပြောပွဲ၌ မြန်မာနိုင်ငံ ဆရာဝန် အသင်း(ဗဟို) ဥက္ကဋ္ဌ၊ သွေးရောဂါအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာရဲမြက သွေး ရောဂါအမျိုးမျိုးအကြောင်း၊ သွေးရောဂါများ၏ လက္ခဏာများ၊ ရောဂါ ကုသနည်းအမျိုးမျိုးနှင့် သွေးရောဂါများခံစားရပါက ပြုမူနေထိုင်သင့်ပုံ များကို ဟောပြောခဲ့ပါတယ်။ထို့ပြင် မြောက်ဥက္ကလာပ အထွေထွေ ရောဂါကုနှင့် သင်ကြားရေးဆေးရုံကြီး၊ သွေးရောဂါကုဌာနမှ သွေး ရောဂါ အထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာအေးအေးကြီးက သွေးကင်ဆာလူနာများအား ရိုးတွင်းခြင်ဆီအစားထိုးကုသမှု အကြောင်းကို ဟောပြောခဲ့ ပါတယ်။

ဟောပြောမှုများအပြီးတွင် တက်ရောက်လာသောသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ဟောပြောခဲ့သော ဆရာဝန်ကြီးများက ပြန်လည်ဖြေကြားပေးခဲ့ပါတယ်။

အိ