အမျိုးသားသွေးဌာနတွင် သွေးနှင့် သွေးပစ္စည်းများအား စမ်းသပ် စစ်ဆေးမှုများပြုလုပ်ရာတွင် နည်းပညာ ပြည့်စုံနေသော်လည်း သွေးနှင့် သွေးပစ္စည်းများ ပြင်ဆင် သိုလှောင်ဖြန့်ဖြူးရာတွင် အရည်အသွေးပြည့်မီရေး ကို ဆောင်ရွက်ရာတွင် လိုအပ်လျက်ရှိရာ JICA (Myanmar) နှင့် ဂျပန်နိုင်ငံမှ Diado Co.,Ltd တို့၏ ထောက်ပံ့မှုဖြင့် Verification Survey for disseminating Japanese Technology for blood storage and transportation services စီမံချက်ကို စတင်ဆောင် ရွက်သွားတော့မှာ ဖြစ်ကြောင်း ၃၁-၅-၂၀၁၉ ရက်နေ့က ရန်ကုန်မြို့ ရွှေတိဂုံဘုရားလမ်းရှိ အမျိုးသား သွေးဌာနတွင် ပြုလုပ်ခဲ့သော အဆိုပါ နည်းပညာအကြောင်း နှီးနှောဖလှယ်ပွဲမှ သိရပါတယ်။
အဆိုပါ နည်းပညာမှာ သွေးလှူရှင်များ စတင်သွေးလှူဒါန်းရာမှ သယ်ဆောင်၊ ပြင်ဆင်၊ သိုလှောင်၊ ဖြန့်ဖြူးမှုအဆင့်ဆင့်၏ အရည် အသွေးကို သိရှိထိန်းကွပ်နိုင်မှာ ဖြစ်ပါတယ်။ ထို့ပြင် အမျိုးသား သွေးဌာနမှ ဖြန့်ဖြူးပေးနေသည့် ဆေးရုံများတွင် သွေးနှင့် သွေးပစ္စည်းအား သိမ်းဆည်းသည့် အဆင့်အထိ အပူချိန်ထိန်းသိမ်းမှု စနစ်များကို ကျနစွာ ဆောင်ရွက်နိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။
အဆိုပါနှီးနှောဖလှယ်ပွဲ၌ ဆေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဇော်သန်းထွန်းက “သွေးနဲ့သွေး ပစ္စည်းများနဲ့ ကုသရာမှာ သွေးပစ္စည်း တစ်ယူနစ်ချင်းရဲ့ လိုအပ်တဲ့ အပူ ချိန်ကို စဉ်ဆက်မပြတ်ထိန်းသိမ် နိုင်ရန်မှာ အလွန်အရေးကြီးပါ တယ်။ အပူချိန်ထိန်းသိမ်းမှုစနစ် ချို့ယွင်းလို့ရှိရင် ကုသမှု မထိရောက်တဲ့အပြင် သွေးပစ္စည်းများဟာ ရောဂါပိုးကူးစက်ပေါက်ပွားဖို့ အလွန်လွယ်ကူတဲ့ အတွက် မှန်ကန်စွာ အပူချိန်ထိန်းသိမ်းမှုမရှိတဲ့ သွေးပစ္စည်းများဟာ လူနာများရဲ့ အသက်အန္တရာယ်ကိုတောင် ထိခိုက်စေနိုင်ပါတယ်” ဟု ပြော ကြားသွားခဲ့ပါတယ်။
အမျိုးသားသွေးဌာနမှ တာဝန်ခံ ဆရာဝန်ကြီးတွဲဖက်ပါမောက္ခ ဒေါက် တာဒေါ်သီတာအောင်ကလည်း “သွေးနဲ့ သွေးပစ္စည်းသိုလှောင်တဲ့ ရေခဲ သေတ္တာဆိုတာ ၂ ဒီဂရီ စင်တီ ဂရိတ်ကနေ ၆ ဒီဂရီစင်တီဂရိတ် အထိရှိရပါတယ်။ အခုနည်းပညာက ဒီရေခဲသေတ္တာတံခါး ဖွင့်ရင် အပူချိန်က ဘယ်လောက်ထိကျသွားတယ်။ မီးပြတ်ရင် ဘယ်လောက်ကြာကြာအထိ အပူချိန်ကို ထိန်းထားနိုင်တယ်။ တံခါးကို ဘယ်လောက်ကြာကြာ ဖွင့်နိုင် တယ်။ လမ်းမှာ အပူချိန် ဘယ်လောက်နဲ့ သယ်သွားတယ် စတာ တွေကို စဉ်ဆက်မပြတ် တိုင်းတာ ပေးသွားမဲ့ နည်းပညာဖြစ်ပါတယ်” ဟု ပြောကြားသွားခဲ့ပါတယ်။
ယခုလောလောဆယ်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ရန်ကုန်မြို့ပေါ်ရှိ ဆေးရုံ ၁၄ ရုံသို့ တစ်ရက်လျှင် သွေး ၁ရဝဝ ယူနစ် ပံ့ပိုးပေးနေရကြောင်း သိရှိရပါတယ်။

149 COMMENTS

  1. Its like yoᥙu read myy mind! You seem to кnow a lot about this,
    liқe you wrote the book in it or something. I think that you could do with a few picfs too
    drivе the message home a bit, but other than that, this is
    magnificent blog. A fantastic read. I will certainly bee bacқ.

    My homeⲣage – noгtһ carolina payday loans (paydayloanusaone.com)

  2. gx6605s new software 2020 download drawing program website to buy autocad lt office software license. quicken software 2020 office software purchase engeeeneringu#$sssaunnplus , hindi ms office software free download. gx6605s new software 2020 download, office automation software free download cra tax software 2020 netfile office suite for mac os x. software quality 2020 2020 design software system requirements, jamb cbt software 2020 download.

LEAVE A REPLY

Please enter your comment!
Please enter your name here