သွားအလှပညာဆိုင်ရာ အကောင်းဆုံးအကြံပေးချက်တစ်ခုကတော့ သွားအလှပြင်ရန်အတွက် ကောင်တာပေါ်တွင် အလွယ်တကူ ဝယ်ယူရရှိသော အလှပြင်ခြင်းဆိုင် ရာပစ္စည်းများထဲမှာ ကောင်းသော ပစ္စည်းဟူ၍မရှိပါဘူးတဲ့။
သွားတိုက်ဆေးများက သွားတွေကို ဖြူဖွေးစေတယ်လို့တော့ ဆိုကြပါတယ်။ နည်းလမ်းနှစ်ခုနှင့် သွားတွေကို ဖြူစေခြင်းဖြစ်တယ်။
ပထမနည်းလမ်းက အမှန်တကယ်တော့ မျက်စိနဲ့ ထင်ယောင် ထင်မှားဖြစ်ခြင်းမျှသာ ဖြစ်တယ်။ သွားတိုက်ဆေးထဲမှာ အနီရောင် ရောင်ခြယ်ပစ္စည်းတစ်ခုပါဝင်တယ်။ ၎င်းက သွားဖုံးတွေကို ပန်းရောင် အရင့်အဖြစ်သို့ ပြောင်းပေးလိုက်စေတယ်။အဲဒီအခါသွားဖုံးအရောင် နဲ့ ယှဉ်လိုက်တဲ့အခါ သွားတွေက ပိုပြီး ဖြူလာတယ်လို့ ထင်ရခြင်းဖြစ် တယ်။ တကယ်တော့ သွားတွေကို ဖြူသွားအောင် အဖြူရောင်ဆိုးပေး ခြင်းမဟုတ်ပါ။
ဒုတိယနည်းလမ်းကတော့ သွားတိုက်ဆေးက အရောင်တင်ပေးတယ်။ အပြုံးပန်းလှစေတယ်။ တကယ်တော့ သွားတွေကို Abrasive ပွတ်တိုက်ပေးလိုက်ခြင်းကြောင့် ပြောင်လက်လာခြင်း ဖြစ်တယ်။ နမူနာအားဖြင့် ရတနာ၊ ကျောက်သံပတ္တမြား၊ ရွှေစတဲ့ ရတနာပစ္စည်းတွေလို အရောင် ပြောင်လက်လာအောင် တိုက်ချွတ်ပေးလိုက်တဲ့ သဘောမျိုးမျှသာဖြစ်တယ်။ တကယ်တော့ အဲဒီပစ္စည်းတွေက အများကြီးသုံးရင် သွားကို ထိခိုက်စေနိုင်ပါတယ်။ သွားရဲ့ အပေါ်ဆုံးမှာ ဖုံးအုပ်ထားသော ကြွေသားလွှာ Enamel မျက်နှာပြင်ကို စားပစ်စေနိုင်ပါ တယ်။ သွားတိုက်ဆေးတွေ တာရှည်နှင့် များများ အကြာကြီး သုံးစွဲမယ်ဆိုရင် အဲဒီပြဿနာဖြစ်ပေါ်လာမှာဖြစ်တယ်။ သံချေးမတက်သောသံမဏိပစ္စည်းတွေ၊ လက်ဆေးကန်တွေ၊ ရေချိုးခန်းသုံးေြွကပြားတွေအပေါ်မှာ ပွန်းစားစေသော ပစ္စည်းတွေ သုံးသကဲ့သို့ပင် ဖြစ်ပါတယ်။ ဒါ့ကြောင့် အဲဒီလိုသဘောမျိုးရှိတဲ့အတွက် မိမိတို့ရဲ့ သွားတွေအပေါ် မှာလည်း အလားတူအဖြစ်မျိုး ဖြစ်စေနိုင်ပါတယ်။
ဒါ့ကြောင့် အကောင်းဆုံးနဲ့ ဘေးကင်းစိတ်အချရဆုံးနည်းလမ်းကတော့ သင့်ရဲ့သွားတွေ လှပနေအောင် သွားဘက်ဆိုင်ရာ ဆရာဝန်ထံ ပုံမှန်သွားရောက်ပြီး အကြံဉာဏ်ယူကာလိုအပ်တဲ့ ပြုစုကုသမှု ခံယူဖို့ ဖြစ်ပါတယ်။ သင့်ရဲ့ သွား ဖုံးတွေ ကျန်းမာနေစေရန်နှင့် သွားများ ကျန်းမာနေစေရန်အတွက် ၆လလျှင် တစ်ကြိမ်ခန့် သွားဆရာဝန်ထံ သွားရောက် ပြသသင့် တယ်။ ၃လတစ်ကြိမ် သွားနိုင်ရင် ပိုတောင်ကောင်း သေးတယ်။ သွားသန့်ရှင်းရေးဝန်ဆောင်မှုတွေကို သွားဘက်ဆိုင်ရာ ဆရာဝန်က ပြုလုပ်ပေးလိမ့်မယ်။ နမူနာအားဖြင့် သွားချိုးတွေ၊ ကယ်လ်စီယမ်ချိုးတွေကို ခွာပေးလိမ့်မယ်။ အဲဒီ ကယ်လ်စီယမ် သွားချိုးတွေက မခွာဘဲထားလျှင် ကြာလျှင် သွားဖုံးများအား နှိုးဆွပေးသလိုဖြစ်ပြီး သွေးထွက်စေတတ်ပါတယ်။ ဒီဆောင်ရွက်မှုကို သွားချေးချွတ်ခြင်း (Descaling) လို့ ခေါ်ပါတယ်။ ဒီပြု စုကုသမှုက လူတိုင်းရဲ့ သွားတွေကို ဖြူဖွေးလာစေပြီး အထူးသဖြင့် ဆေးလိပ်သမား တွေအတွက် ပို ပြီးတော့ အကျိုးကျေးဇူးရှိပါတယ်။

T