ဘယ်လိုဝေဒနာတွေ ခံစားရမလဲ
ဝေဒနာများက အသက် ၆ နှစ်မှစ၍ တဖြည်းဖြည်းပေါ်ပေါက် လာပါတယ်။ ၎င်းတို့မှာ
(၁) သွားများ အထက်အောက် မညီညာခြင်း၊ စုပြုံ၍ပေါက်နေ ခြင်း သို့မဟုတ် သွားတစ်ခုနှင့် တစ်ခုကြား ကျဲလွန်းခြင်း
(၂) အပေါ်သွားများက အောက် သွားများထက် ရှေ့သို့ ငေါထွက် နေခြင်း (သွားခေါခြင်း)
(၃) အောက်သွားများက ရှေ့သို့ ငေါထွက်နေခြင်း
(၄) ရှေ့သွားများ အထက်နှင့် အောက် ထိတွေ့နိုင်မှုမရှိခြင်း… တို့ ဖြစ်ပါတယ်။
အချို့ကလေးများတွင် ဝေဒ နာအပျော့စားများအဖြစ် ယာယီ အားဖြင့် ခံစားရတတ်ပါတယ်။
ပြင်းထန်ဆိုးဝါးသည့် အခြေ အနေတွင် စကားပြောခြင်း၊ ဝါး ခြင်း ထိခိုက်ပါတယ်။ ပုံမမှန်သော ကိုက်ခြင်းကြောင့် နာကျင်မှု ဝေဒနာ ခံစားရမယ် သို့မဟုတ် မသက်မသာ ခံစားရမယ်။ မေးရိုး အဆစ်အတွင်း နာကျင်မယ်။ အချို့ဆိုလျှင် မျက်နှာသွင်ပြင် ပုံသဏ္ဌာန်ကိုပါ ထိခိုက်သွားတတ်ပါတယ်။

ဘာလုပ်ပေးနိုင်သလဲ
(၁) သွားဘက်ဆိုင်ရာ ဆရာဝန် က စမ်းသပ်စစ်ဆေးပြီးနောက် ဤ အခြေအနေကိုတွေ့လျှင် သွား ဘက်ဆိုင်ရာ ကျွမ်းကျင်သူထံ လွှဲပေးပြီး သွား၏ ပုံစံများကို အသေးစိတ် ယူပါလိမ်မယ်။ ဒါ့ အပြင် သွားများကို ဓာတ်မှန်ရိုက် ပြီး ကြည့်ရှုစစ်ဆေးပါလိမ့်မယ်။
(၂) ကုထုံးကတော့ အခြေအနေ အလွန်ဆိုးပြီး စားသောက်ကိုက် ဝါးခြင်းနှင့် စကားပြောရန် ခက်ခဲ ခြင်း၊ မျက်နှာအသွင်အပြင် ထိ ခိုက်အရုပ်ဆိုးနေခြင်း ဖြစ်တော့မှ သာ ကုသလေ့ ရှိပါတယ်။
(၃) အကယ်၍ သွားများက ထပ် နေလျှင်အချို့ကိုနုတ်ပစ်ရပါတယ်။
(၄) ကြမ်းတမ်းပြီး မညီမညာ ဖြစ် နေသော သွားများကို ပုံသဏ္ဌာန် ပြန်သွင်းပြီးအစွပ်တပ်ပေးရပါတယ်။
အကယ်၍ လိုအပ်ပါက သွား ထိန်းညှိကိရိယာကို အသုံးပြုခြင်း နမူနာအားဖြင့် သွားအကွပ် တပ် ပေးရပါတယ်။
ခွဲစိတ်ရန်လိုအပ်မှုက အလွန်ရှားပါတယ်။
ဤပြဿနာကို ကလေးဘဝ တွင် ကုသခြင်းက အကောင်းဆုံး ဖြစ်ပါတယ်။ သွားနှင့် မေးရိုးများ ဖွံ့ဖြိုးဆဲကာလဖြစ်သောကြောင့် ဖြစ်ပါတယ်။ သို့စေကာမူ မေးရိုး များ အရွယ်အစား မကိုက်ညီခြင်း ကြောင့်လည်း ဖြစ်တတ်ပြီး ဤကဲ့ သို့သောအခြေအနေမျိုးတွင် ခွဲစိတ် ကုသရန်လိုတတ်ပါတယ်။ အသက် ကြီးလာသည်အထိ စောင့်ပြီးမှ ခွဲ စိတ်ရတာဖြစ်တယ်။

T