သတိပေးဆိုင်းဘုတ်တွေကို လိုက်နာပါ
ကမ်းခြေကို သွားရောက်လည်ပတ်တဲ့အခါ ကမ်းခြေတွေဟာ ကုန်းနေ ရေနေ သဘာဝတောရိုင်းတိရစ္ဆာန်လေးတွေရဲ့ နေအိမ်နဲ့ အသိုက်အမြုံရှိတဲ့ နေရာဆိုတာ ကို သတိပြုသင့်ပါတယ်။ ကမ်းခြေတွေမှာ လိုအပ်ချက်အရ တားမြစ်ကန့်သတ်ထားတဲ့ ဆောင်ရန်ရှောင်ရန်အချက်တွေကို သတိပြု လိုက်နာရပါမယ်။

အမှိုက်နှင့် စွန့်ပစ်ပစ္စည်းများကြောင့် ညစ်ညမ်းခြင်းမှ ကာကွယ်ပါ
လူသားတွေ ပြုလုပ်ဖန်တီးတဲ့ ပစ္စည်းမှန်သမျှဟာ ပင်လယ်ထဲ ရောက် ရင် ပင်လယ်အမှိုက်ပုံ (Marine debris) ဖြစ်သွားပါတယ်။ ပင်လယ်ထဲက အမှိုက်သရိုက်တွေဟာ ကမ်းခြေများ၊ သန္တာကျောက်တန်းများ၊ ပင်လယ် တွေနဲ့ ပင်လယ်သတ္တဝါများကို ထိခိုက်စေပါတယ်။ ဘူးခွံ၊ ပုလင်းခွံနဲ့ ပလတ်စတစ်တွေကို အစာမှတ်ပြီး မျိုချမိတဲ့ ပင်လယ်သတ္တဝါတွေကိုလည်း သေစေပါတယ်။ ကမ်းခြေမညစ်ညမ်းစေဖို့ မိမိရဲ့ မည်သည့်အမှိုက်မှ ကမ်းခြေမှာ ပစ်ချမထားခဲ့ဖို့ လိုအပ်ပါတယ်။ အမှိုက်ကို သင့်လျော်တဲ့ နေရာမှာ စွန့်ပစ်နိုင်ဖို့အတွက် ကမ်းခြေသွား တဲ့အခါ အမှိုက်ထည့်တဲ့အိတ် အပိုယူဆောင်သွားပါ။

ငှက်တွေနဲ့ အခြားတောရိုင်းတိရစ္ဆာန်တွေကို အစာ မကျွေးပါနဲ့
ငှက်တွေနဲ့ အခြားသတ္တဝါတွေကို ကမ်းခြေမှာ အစာကျွေးတဲ့အခါ သူတို့ရဲ့ သဘာဝအစာရှာတဲ့ အကျင့် ပျောက်ဆုံးပြီး ကမ်းခြေမှာပဲ အချိန် ပိုမို နေထိုင်လာတာကြောင့် ကမ်းခြေသဲပြင်ဟာ သူတို့ ရဲ့ မစင်အညစ်အကြေးမှတစ်ဆင့် ပေါက်ပွားတဲ့ ပိုးမွှားတွေ များပြားလာစေပါတယ်။

ကမ်းခြေမှာ အမှိုက်ကောက်ပါ
ကမ်းခြေမှာ အမှိုက်ကောက် အခမ်းအနားတွေကို ဒေသခံ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေ၊ စည်ပင်သာယာနဲ့ အုပ်ချုပ် ရေးအဖွဲ့ အစည်းတွေ ပူးပေါင်းပြုလုပ်ပါ။ ထိုကဲ့သို့ အခမ်းအနားတွေမှာ ပါဝင်ဆင်နွှဲ အမှိုက်ကောက်ပေးပါ။ အနည်းဆုံးတော့ မိမိအမှိုက် မိမိ သိမ်းဆည်းခဲ့ပါ။ ကမ်းခြေမှာ အမှိုက်မပစ်ပါနဲ့။

အိမ်မွေးတိရစ္ဆာန်ရဲ့ အညစ်အကြေးကို သိမ်းဆည်းပါ
အကယ်လို့ သင်ဟာ ကမ်းခြေကို သင့်ရဲ့ အိမ်မွေးတိရစ္ဆာန်လေး ခေါ်ဆောင်သွားတယ်ဆိုလျှင် သူ့ရဲ့ မစင်အညစ်အကြေးကို ပြန်လည် သိမ်းဆည်း ခဲ့ပါ။ ဒါဟာ ကျင့်ဝတ်ပါပဲ။

စက်တပ်လှေတွေရဲ့ ညစ်ညမ်းမှုမှ ကာကွယ်ပါ
စက်တပ်လှေတွေ၊ အပျော်စီးကမ်းခြေရေယာဉ်တွေပေါ်က အိမ်သာ ခန်းတွေထဲက ရေဆိုးနဲ့ မစင်အညစ်အကြေးတွေကို ရေထဲမှာ မစွန့်ပစ်ဘဲ ကုန်းပေါ်မှာ စွန့်ပစ်စေ အောင် ကမ်းခြေအုပ်ချုပ်ရေးအဖွဲ့မှ စီမံပေးပါ။ စက်တပ်လှေနဲ့ အပျော်စီးရေယာဉ် တွေကို ပင်လယ်ထဲဆီ ယိုစိမ့်မှုမရှိအောင်၊ အသံဆူညံမှု မရှိအောင် စီမံ ဆောင်ရွက်ထားတဲ့ ယာဉ်များကိုသာ အသုံးပြုပါ။

ခိုင်မွန်ကျော်
Ref: EPA \ ACT : At The Beach ဆောင်းပါး