ဗိုင်းရပ်စ်ရောဂါပိုးမွှားတွေ ကူးစက်ခံရမှုမှ ကာကွယ်ဖို့အတွက်
လူစု လူဝေးများမှ ရှောင်ရှားခြင်း၊ လက်ဆေးခြင်းကဲ့သို့သော တစ်ကိုယ်ရေ သန့်ရှင်းမှု အလေးထားခြင်း၊ Mask တပ်ခြင်း စတာတွေက အရေးကြီးသလို သင့်ကိုယ်ခံစနစ်ကောင်းမွန်နေဖို့လည်း အရေးကြီးပါတယ်။ နေ့စဉ်စား သောက်နေတဲ့ အစားအသောက်တွေထဲမှာ သင့်ကိုယ်ခံအားစနစ်ကို မြင့်တက်စေတဲ့ စားစရာတွေကို ရွေးချယ်စားသောက်ပေးသင့်ပါတယ်။

ရှောက်၊ သံပရာအနွယ်ဝင် အသီးများ (Citrus Fruits)


လူတော်တော်များများဟာ အအေးမိ နှာစေးရင် ဗီတာမင် C ဆေးဝါးတွေကို မှီဝဲကြပါတယ်။ ဗီတာမင် C ဟာ ရောဂါပိုးမွှားတွေရဲ့ ရန်ကို တိုက်ထုတ်ပေးတဲ့ သွေးဖြူဥတွေ ထုတ်လုပ်မှုကို တိုးတက်စေတဲ့အတွက် ကိုယ်ခံစွမ်းအားကို မြင့်တက်စေတာ ဖြစ်ပါတယ်။ ရှောက်၊ သံပရာအနွယ်ဝင်တွေ၊ သစ်သီးတွေဟာ ဗီတာမင် C ပမာဏပါဝင်မှု များပြားပါတယ်။ ဂရိတ်ဖရု၊ လိမ္မော်၊ သံပရာ၊ ရှောက်သီး၊ ကျွဲကောသီး၊ ရှောက်ချိုသီး စတာတွေဖြစ်ပြီး အခြားသော ဗီတာမင် C ကြွယ်ဝတဲ့ အသီးတွေကတော့ ဆီးဖြူသီး၊ မာလကာသီးတို့ဖြစ်ပါတယ်။

ပန်းဂေါ်ဖီစိမ်း (Broccoli)


ပန်းဂေါ်ဖီစိမ်းမှာ ဗီတာမင်နှင့် သတ္တုဓာတ်တွေ အလွန်ကြွယ်ဝပါတယ်။ ဗီတာမင် A, ဗီတာမင် C, ဗီတာမင် E အပြင် အခြားအင်တီ အောက်စီးဒင့်နှင့်အမျှင်ဓာတ်တွေ ပါဝင်ပါတယ်။

ငရုတ်ပွသီး (Red Bell Peppers)


ငရုတ်ပွသီးမှာ ဗီတာမင် C ပမာဏဟာ ရှောက်၊ သံပရာအနွယ်ဝင်
အသီးတွေထက် နှစ်ဆ ပါဝင်ပါတယ်။

ကြက်သွန်ဖြူ


ကြက်သွန်ဖြူဟာ ကမ္ဘာတစ်ဝန်းက မည်သည့်ဟင်းပွဲမျိုးတွင်မဆို
ပါဝင်လေ့ရှိပါတယ်။ ကြက်သွန်ဖြူမှာ ဆာလ်ဖာ ပါဝင်တဲ့ ဒြပ်ပေါင်းတစ်မျိုး
ဖြစ်တဲ့ Allicin ကြောင့် ရောဂါပိုးတွေကို တိုက်ထုတ်နိုင်တာ ဖြစ်ပါတယ်။

ခိုင်မွန်ကျော်