“added sugar” ဆိုတာ စားသောက်ကုန်တွေမှာသုံးတဲ့ သကြားအားလုံးကို ခေါ်တာပါ။ (အချိုရည်၊ ကိတ်မုန့်၊ ဘီစကစ်၊ ချောကလက်စတာတွေဖြစ်ပြီး အဓိကအားဖြင့် sucrose ပါဝင်ပါတယ်)
သကြား တနေ့တာစားသုံးနိုင်တဲ့ ပမာဏက 100 ကယ်လိုရီ (လက်ဖက်ရည်ဇွန်း 6 ဇွန်း) ဖြစ်ပြီး coca cola တဗူးမှာ သကြား လက်ဖက်ရည် ဇွန်း ၇ ဇွန်းနဲ့ ပုံမှန်အရွယ် chocolate bar တစ်ခုမှာ သကြား လက်ဖက်ရည်ဇွန်း ၉ ဇွန်း ပါဝင်ပါတယ်။ added sugar လိုပဲ သကြားအစားထိုးပစ္စည်းတွေဖြစ်တဲ့
aspertame sucralose စသည်ကိုလည်းရှောင်သင့်ပါတယ်။ ဘာကြောင့်လဲဆိုရင် သကြားအစားထိုး ပစ္စည်းတွေက အဝလွန်တာနဲ့ ဆီးချိုရောဂါ၊ အခြားသောရောဂါတွေကို ဖြစ်စေနိုင်တာကြောင့်ပါ။

*သဘာဝသကြား၊ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေ၊ နို့ထွက်ပစ္စည်း တချို့မှာပါတဲ့ သကြားက သွေးတွင်းသကြားအပေါ် သက်ရောက်မှုနည်းတာကြောင့် ကျန်းမာတဲ့သကြားဆိုပြီး ပြောလို့ရပါတယ်။
နောက်ပြီး သဘာဝကရတဲ့သကြားတွေမှာ ဗီတာမင်၊ သတ္တုဓာတ်၊ antioxidants တွေနဲ့ အခြားအာဟာရတွေလည်းပါဝင်ပါတယ်။ အဖြူရောင်သကြားထက် အညိုရောင်သကြားမှာ အာဟာရဓာတ် ပိုပြီးပါဝင်ပါတယ်။ refined လုပ် ပြုပြင်ထားတဲ့ အဖြူရောင်သကြားမှာ sucrose ပါဝင်ပါတယ်(sucrose ကလည်း ဆိုးကျိုးကိုသာ ပိုများစေပါတယ်)

addedsugar ကို ရှောင်လိုက်တဲ့အခါ ရလာမဲ့ကောင်းကျိုးတွေက …

#တင်းရင်းလှပတဲ့အသားအရေကိုပိုင်ဆိုင်စေပါတယ်

သွေးတွင်းမှာ သကြားပမာဏတက်လာတဲ့အခါ glycation ဖြစ်ပြီး domino effect သက်ရောက်မှုနဲ့ collagen ထုတ်လုပ်မှုကို ဟန့်တားပါတယ်။ ဒါကြောင့် added sugar တွေက အရေပြားကျုံ့နိုင်ဆန့်နိုင်မှု
ပျော့ပျောင်းမှုအားနည်းကာ အရေးအကြောင်းတွေကို ဖြစ်လာစေပါတယ်။ ဒါကြောင့် added sugar ကိုရှောင်လိုက်တဲ့အခါ တင်းရင်းလှပတဲ့ အသားအရေကိုပိုင်ဆိုင်စေမှာပါ။

#ဝမ်းဗိုက်အဆီကိုလျှော့ချပြီး ကိုယ်အလေးချိန်ကိုပါကျစေပါတယ်

သွေးတွင်းမှာ သကြားပမာဏတက်လာတဲ့အခါ ဆဲလ်တွေဆီရောက်အောင်ပို့ဖို့ insulin ကိုလိုအပ်ပါတယ်။
သကြားပမာဏတက်လာတဲ့အခါ insulin များများထုတ်ဖို့လိုအပ်သလို insulin များလာတဲ့အခါမှာလည်း ဝမ်းဗိုက်ပိုင်းနဲ့ ခန္ဓာကိုယ်အနှံ့မှာ အဆီတွေကိုစုလာစေဖို့ အားပေးပါတယ်။ ဒါကြောင့် သကြားကိုလျှော့ချပြီး insulin ကို တည်ငြိမ်စွာရှိနေစေခြင်းက အဆီတွေကိုလျော့ကျစေပြီး သွယ်လျလှပတဲ့ခန္ဓာကိုယ်ကို
ပိုင်ဆိုင်စေမှာပါ။

#သဘာဝကရတဲ့ သကြားကိုသာစားခြင်းက စွမ်းအင်ကိုအချိန်ကြာကြာထိန်းထားနိုင်ပါတယ်

added sugar တွေက ရိုးရှင်းတဲ့ carbs တွေဖြစ်တာကြောင့် မြန်မြန်အစာခြေ ဖြိုခွဲပြီး အလျင်အမြန်ပဲ စုပ်ယူကုန်ဆုံးစေပါတယ်။ သဘာဝကရတဲ့သကြားတွေမှာ အမျှင်ဓာတ်တွေပါတာကြောင့်
အစာခြေမှုနှေးကွေးပြီး စွမ်းအင်ကို အချိန်ကြာကြာထောက်ပံ့နိုင်ပါတယ်။

#ဆီးချိုအန္တရာယ်အတွက် မစိုးရိမ်ရတော့ပါဘူး

added sugar တွေက အလျင်အမြန်ပဲ အစာခြေဖျတ်တာကြောင့် သွေးတွင်းသကြားပမာဏကို ရုတ်တရက်မြင့်တက်စေပါတယ်။ သကြားများများစားတဲ့အခါ insulin ကိုများများထွက်စေတာကြောင့်
insulin ထုတ်တဲ့ဆဲလ်ကို အလုပ်ပေးမှုများပြီး insulin မထုတ်နိုင်တော့တာနဲ့ insulin ရှိနေသော်လည်း
သုံးမရတာမျိုးတွေဖြစ်ပြီး ဆီးချိုရောဂါကိုဖြစ်စေပါတယ်။

#addedsugarတွေ မစားတော့တဲ့အခါ
triglycerides အဆီကိုကျစေတာကြောင့် နှလုံးရောဂါမဖြစ်အောင်လည်း ကာကွယ်ပြီးသားဖြစ်ပါတယ်။

#နာတာရှည် ရောင်ရမ်းမှုတွေကိုလည်း သက်သာစေပါတယ်
နာတာရှည်ရောင်ရမ်းခြင်းက ရောဂါတချို့စတင်ရာ အခြေခံအုတ်မြစ်သဖွယ်လည်း ဖြစ်ပါတယ်။

#ဆူး