ဖို/မသဘာဝ လိင်ကွဲပြားမှု 

လူနှင့်တိရစ္ဆန်များအပါအဝင် သတ္တလောကကြီးအတွင်း မျိုးဆက်ပွားတာဝန်ထမ်းဆောင်နိုင်ကြရန်အတွက် ဖို နှင့် မ ဟူ၍ လိင်နှစ်မျိုး ကွဲပြားခြားနားစွာပါရှိလာအောင် သဘာဝတရားကပေးထားသည်။

အိပ် စား ကာမ ဟူသောပင်ကိုယ်အလိုအလျောက်ဖြစ်ပေါ်သောသဘာဝအတွင်းစိတ်များလည်း ပါရှိကြရာ ကာမဆက်ဆံ လိုသော စိတ် ပါရှိလာရသည်မှာ မဆန်းပေ။ ယေဘူယျအားဖြင့် ကာမဆက်ဆံခြင်းအမှုကိစ္စသည် ဖိုသတ္တဝါ နှင့် မသတ္တဝါ တို့ အကြား၌ ဆောင်ရွက်လေ့ရှိကြတာဖြစ်ပြီး ထိုသို့ဆောင်ရွက်နိုင်ရန် ကွဲပြားခြားနားသော လိင်အင်ဂါများ ပါရှိကြသည်။
သို့သော်မည်သည့် အရာ၌မဆို ချွင်းချက် များရှိစမြဲဖြစ်လေရာ ဖိုလိင်အင်ဂါ သက်သက် မလိင်အင်ဂါ သက်သက် မဟုတ်ပဲ နှစ်မျိုးစလုံး (ပီပီပြင်ပြင်မဟုတ်စေကာမူ)ပါရှိနေသော တတိယမြောက်ဟုသတ်မှတ်နိုင်သော လိင်အမျိုးအစားလည်းရှိနေသည်ကို လက်ခံထားကြရပြီဖြစ်ပါသည်။

ဖို/မအသိအမှတ်ပြုခြင်း နှင့် လိင်မှုကိစ္စ စိတ်နေစိတ်ထားခံယူမှု(သို့) လိင်စိတ်တိမ်းညွှတ်မှု

ဖို/မလိင်အင်ဂါအမျိုးအစားပါရှိမှုအပေါ်မူတည်၍ ဖိုလား မလား အသိအမှတ်ပြုကြရလေ့ရှိရာထိုသူဧ်။ လိင်ကို အသိအမှတ်ပြုကပ်ပြား(ဥပမာ နိုင်ငံသားမှတ်ပုံတင်)ပေါ်တွင်သတ်မှတ်ဖေါ်ပြမှုက မွေးဖွားစဥ်ကသတ်မှတ်ပေးလိုက်သောလိင်အမျိုးအစားပင်ဖြစ်လေ့ရှိဧ်။၄င်းကို ဖို/မအသိအမှတ်ပြုခြင်း(Gender Identity)ဟုခေါ်သည်။သက်ဆိုင်ရာနိုင်ငံဥပဒေဖြင့်သတ်မှတ်ပေးလေ့ရှိသည်။ မြန်မာနိုင်ငံအပါအဝင်ကမ္ဘာ့နိုင်ငံများစွာတို့၌ ဖို(သို့)မ ဟူ၍ နှစ်မျိုးသာလျှင်ခွဲခြားသတ်မှတ်လေ့ရှိသည်။ သို့သော် အိန္ဒိယ ပါကစ္စတန် နီပေါ သြစတေးလျ ဂျာမနီ ကနေဒါ စသည့်နိုင်ငံများတွင်တတိယမြောက်လိင်အမျိုးအစားကိုအသိအမှတ်ပြုထားသည်။လိင်အင်ဂါ ပြောင်းလဲခွဲစိတ်ထားသူများဖြစ်သည်။ထိုတတိယမြောက်အမျိုးအစားကိုအသိအမှတ်ပြုကပ်ပြား နိုင်ငံကူးလက်မှတ်စသည်တို့ပေါ်တွင်လိင်အမျိုးအစား xဟူ၍ရေးသားပေးလေ့ရှိသည်။
လိင်အမျိုးအစားသတ်မှတ်ခေါ်ဝေါ်ခြင်းသည် ထိုသူဧ်။လိင်မှုဆိုင်ရာစိတ်နေစိတ်ထား ခံယူချက် လိင်မှုကိစ္စအမူအရာလှုပ်ရှားပြုမူဆောင်ရွက်မှုများမည်သို့ဖြစ်သည်ဆိုသည်တို့ကိုဖေါ်ညွှန်းခြင်း အဓိပ္ပါယ်ဖေါ်ခြင်း မပြုလုပ်နိုင်ပါ။ ထိုသူအနေနှင့်လိင်စိတ်တိမ်းညွှတ်မှု (Sexual Orientation )ဘယ်လိုထားရှိသလဲဟူသောအချက်ပေါ်တွင်မူတည်၍သာ မည်ကဲ့သို့သောလိင်မှုကိစ္စများဆောင်ရွက်လေ့ရှိသလဲဆိုတာ သိရမှာဖြစ်လေသည်။တနည်းအားဖြင့်ပြောရလျှင်သူ့ကိုယ်သူယောက်ကျားလေးတစ်ယောက်လို နေရာမှာစိတ်ထားပြီးလိင်နှီးနှောခြင်းပြုသော လိင်ပျော်ပါးခြင်းအရသာခံစားနေသောမိန်းကလေး တစ်ဦး မအသိအမှတ်ပြုထားခံရသူဖြစ်နေနိုင်သလို သူ့ကိုယ်သူ မိန်းမတစ်ဦးလို စိတ်ထားခံယူပြီး လိင်နှီးနှောပျော်ပါးမှုအရသာခံစားနေသော ယောက်ကျား (identity)ရှိသော သူတစ်ဦးလည်းဖြစ်နိုင်ပါသည်။ အထက်ပါ နမူနာနှစ်ခု လုံးတွင် တွဲဖက်လိင်ဆက်ဆံဖေါ်သည် ဖို/မ အင်ဂါ တစ်မျိုးတည်းသာပါသူ(သို့)နှစ်မျိုးလုံးပါသူ(သိ့) ယောက်ကျား အဖြစ်မှ မိန်းမအဖြစ်သို့ သော်လည်းကောင်းမိန်းမအဖြစ်မှယောက်ကျားအဖြစ်သော်လည်းကောင်း လိင်ပြောင်းလဲခွဲစိတ်မှုခံယူထားသူ((Transgender )သော်လည်းကောင်းဖြစ်နိုင်ပေသည်။ လိင်အမျိုးအစားသတ်မှတ်ထားမှုက မည်သို့ပင်ဖြစ်စေ လိင်စိတ်တိမ်းညွှတ်မှုက မတူနိုင်ပေ။အခြားသူများကလည်းမသိနိုင်ပေ။
အခြားသူများကမသိနိင်ကြ မသိကြသည့်အတွက်ပင် (သိ့မဟုတ် ဤသို့ရှိနေသည်ကိုလက်မခံနိုင်ကြသည့်အတွက်ပင်)နောက်ဆက်တွဲပြဿနာများပေါ်ပေါက်လာခဲ့ခြင်းပင်ဖြစ်ပေသည်။

ဖို/မအသိအမှတ်ပြုခြင်းနှင့်လိင်စိတ်တိမ်းညွှတ်မှုဧ်။သမိုင်းကြောင်းနှင့်သိပ္ပံနည်းကျလေ့လာထားမှုများ

လူသားတို့တွင်ဖိုမဟုတ် မ မဟုတ် ပြဿနာသည်ရှေးယခင်နှစ်ပေါင်းများစွာကတည်းကပင်ရှိခဲ့တာဖြစ်သည်။ဘာသာရေးသမိုင်းစာမျက်နှာများပေါ်တွင်ဖို/မလိင်နှစ်မျိုးလုံးပါရှိနေသည့်လူသားများရှိနေမှုက်ုညွှန်းဆိုထားသည့်ရေးသားဖေါ်ပြမှုများကိုတွေ့ရသည်။ဗ့ဒ္ဓလက်ထက်ကတည်းကဖိုမဟုတ် မ မဟုတ် နပုလ္လိင် ဟူ၍ ရှိပုံကို ရေးသားဖေါ်ပြမှုများ၌တွေ့ရသည်။ ခရစ်ယာန်စာပေထဲတွင်လည်း(eunuch )သင်းကွပ်ထားသူ(မိန်းမစိုး)ဟင်ဒူဘာသာရေးအရလည်း(Hijra) စသည်ဖြင့်ရှိခဲ့ရာ (gender identify )ဖို/မ အသိအမှတ်ပြုကိစ္စ တွင် တတိယမြော်က်လိင်အမျိုးအစားရှိနေကြောင်းကိုလက်ခံခဲ့ကြတာဖြစ်သည်ဟုဆိုရမှာဖြစ်သည်။
လက်တွေ့ဘဝတွင်လည်းလိင်တူအချင်းချင်းတပ်မက်သူချစ်ခင်နှစ်သက် ပေါင်းဖေါ်မှုများကတော့ရှိခဲ့တာအမှန်ဖြစ်သည်။ဖိုသတ္တဝါ ယောက်ကျားအချင်းချင်း ဓမ္မတာမဟုတ်သောနည်းလမ်းလည်းဖြစ်သည့်လိင်ဆက်ဆံမှုမျိုးကိုလူ့အဖွဲ့အစည်း နှင့် အခွင့်အာဏာရှိသူများက အမိန့်ထုတ်၍ တားမြစ်ပိတ်ပင်မှုများပြုလုပ်ခဲ့ကြသည်။
လူသားတို့အတွက် ဓမ္မတာမဟုတ်သော ကျင်ကြီးစွန့်သည့်အပေါက်ကိုလိင်ဆက်ဆံသော လုပ်ရပ်(sodomy)ပြုလုပ်ပါက အရေးယူပြစ်ဒါဏ်ပေးသည့်ဥပဒေပြဌာန်းခဲ့ကြသည်။
အမျိုးမျိုးသော လိင်မှုကိစ္စစိတ်နေစိတ်ထားခံယူချက်များ (လိင်စိတ်တိမ်းညွှတ်မှုများ)လူအချို့တွင်ကွဲပြားခြားနားစွာရှိလာကြခြင်းနှင့်ပါတ်သက်၍ သိပ္ပံနည်းကျလေ့လာသက်သေပြမှုများက အကြောင်းရင်းများစွာရှိကြောင်းသိလာကြရသည်။
ယခင်ကဤကဲ့သို့သောစိတ်ထားများရှိခြင်းသည် သက်သက်မဲ့လိင်ပိုင်းဆိုင်ရာလော်လီဖေါက်ပြန်ခြင်းဟူ၍လည်းကောင်းစိတ်ကျန်းမာရေးပြဿနာအဖြစ်လည်းကောင်း ယူဆခဲ့ကြပြီး လူ့အသိုင်းအဝိုင်းမှဖဲကြဥ်ခဲ့ကြသည်။ကုသပေးရန်ကြိုးစားခဲ့ကြသည်။
ခေတ်သစ်ဆေးသိပ္ပံပညာထွန်းကားတိုးတက်လာသောအခါဖို/မ(ကျား/မ)လိင်သတ်မှတ်ခြင်းများနှင့်ပါတ်သက်၍ သီအိုရီအမျိုးမျိုးပေါ်ထွက်လာသည်။

ဗီဇ 

သီအိုရီအရဆိုလျှင် ယောက်ကျားများဧ်။ဗီဇမျှင်တွင်xနှင့်yဟူသောခရိုမိုဆုံး(chromosomes ၂ခုနှင့် မိန်းမများတွင် xနှင့်x ခရိုမိုဆုံး၂ခုပါရလေ့ရှိသည့်အနက် yခရိုမိုဆုံးတွင်ပါသည့်sryကချွတ်ယွင်းနေလျှင် ထိုလူတို့၌ ဗီဇအားဖြင့် ဖို ဖြစ်သော်လည်း မိန်းမသွင်ပြင်လက္ခဏာများရှိနေလေသည်။သူတို့ကိုမိန်းမအဖြစ်သွင်ပြင်အားဖြင့်သတ်မှတ်နိုင်သော်လည်း ယောက်ကျားဗီဇဖြစ်သည်။ထို့ကြောင့်ယောက်ကျားဖြစ်ချင်သည်။ယောက်ကျားလိုနေချင်သောမိန်းမများဟုသတ်မှတ်ခံရသည်။(အရပ်စကားနှင့်ပြောရလျှင်ယောက်ကျားရှာများဖြစ်သည်။)ဤနေရာတွင် လိင်အမျိုးအစားသတ်မှတ်ခံရမှုနှင့် လိင်မှုကိစ္စစိတ်ထားခံယူချက်(လိင်စိတ်တိမ်းညွှတ်မှု)တို့ ကိုက်ညီမှုမရှိသည့်ပြဿနာကို ထင်ရှားစွာတွေ့မြင်နိုင်ကြမှာဖြစ်သည်။
လိင်မှုကိစ္စစိတ်ထားခံယူချက်ဖြစ်ပေါ်လာခြင်းနှင့်ပါတ်သက်၍လည်းအကြောင်းရင်းများစွာပါဝင်နေကြောင်းတွေ့ထားရသည်။မိခင်ဧ်။ခုခံအားစနစ်တုန်ပြန်မှုက သားလောင်းဧ်။ဖွံ့ဖြိုးတိုးတက်မှုအပေါ်များစွာလွှမ်းမိုးနေပြီး အမျိုးသားများလိင်တူဆက်ဆံသူဖြစ်လာခြင်းhomosexualityနှင့်လိင်မတူ ကွဲပြားသူကိုသာဆက်ဆံသူ(heterosexuality ) ဟူ၍ဖြစ်လာရခြင်းအကြောင်းရင်းဖြစ်သည်ဟုဆိုထားပါသည်။၁၉၉၀ပြည့်လွန်နှစ်များတွင်လေ့လာချက်အရသားယောက်ကျားများများမွေးသောမိခင်များ၌ ကျား(ဖို)ဗီဇကိုတုန့်ပြန်သော ခုခံပစ္စည်းထုတ်လုပ်မှုတဖြည်းဖြည်းများလာသည် ခုခံပစ္စည်းများကနောက်မွေးလာသည့် သားလောင်း(ယောက်ကျားလေး)ဧ်။ဦးနှောက်ဖွံ့ဖြိုးမှုနေရာတွင်ထိခိုက်စေပြီး မိန်းကလေးကဲ့သို့သွင်ပြင်ဖြစ်ပေါ်လာမှုက ယောက်ကျားများကိုဆွံဆောင်မှုဖြစ်စေပြီး ထိုသားလေးမှာ လိင်တူဆက်ဆံသော(gay)အဖြစ်ရောက်ရှိစေခဲ့ကြောင်းသိရသည်။အားလုံးသော အမျိုးသားချင်းလိင်တူဆက်ဆံသူများဧ်။(၁၅)မှ(၂၉)%မှာဤအကြောင်းရင်းကြောင့်ဖြစ်သည်ဟုဆိုပါသည်။

ဟော်မုန်း 

သီအိုရီအရဆိုလျှင်လည်းမိခင်ဝမ်းဗိုက်အတွင်းရှိနေစဥ်သားလောင်းတိုင်းသည် အခြေခံအားဖြင့်မိန်းမ ဖြစ်ရန်ဒီဇိုင်းထုတ်လုပ်ထားသည့်သဘောဖြစ်ပြီး အင်ဒရိုဂျင်(androgen)(သို့)တက်စတိုစတီရုံး (testosterone ) ဟော်မုန်းက ယောက်ကျားသွင်ပြင်များဖြစ်လာစေရအောင်လုပ်ပေးတာဖြစ်သည်။သို့သော် ထိုဟော်မုန်းလုံလောက်စွာမရရှိသောအခါထိုသားလောင်းကyခရိုမိုဆုံးပါလာသဖြင့် ပုံမှန်အားဖြင့် ယောက်ကျားသွင်ပြင်တွေ ကျားကျားလျးလျား ပီပီပြင်ပြင်ဖြစ်ပေါ်လာခွင့်မရပဲအခြေခံမူလ မ (မိန်းမ) သွင်ပြင်တွေကျန်နေခဲ့ခြင်းကြောင့် မိန်းမရှာgay)ဘဝ​ရောက်ရှိသွားရခြင်းဖြစ်သည်ဟုဆိုပါသည်။
ပါတ်ဝန်းကျင်နှင့် လူမှုရေးအရလွှမ်းမိုးမှုများက ကလေးဘဝတွင်လိင်မှုကိစ္စ စိတ်နေစိတ်ထားခံယူချက်(လိင်စိတ်တိမ်းညွှတ်မှု)ကိုဖြစ်ပေါ်စေသည်ဟူသော သီအိုရီမှာလည်း ခိုင်လုံတိကျသော ကိန်းဂဏန်းများဖြင့်သက်သေပြနိုင်ခြင်းမရှိကြောင်းသိရသည်။(ရှေးယခင်က ဤအယူအဆပေါ်အခြေခံ၍ ကုထုံးတစ်ရပ်အဖြစ်လိင်မှုကိစ္စ ခံယူချက်ပြောင်းလဲလာစေရန်ကြိုးစားခဲ့ကြဖူးသော်လည်းအောင်မြင်ခြင်းမရှိခဲ့ဟုဆိုသည်။)

ကမ္ဘာပေါ်တွင်သူတို့အမှန်တကယ်ရှိနေကြသည်။

ပြည့်စုံတိကျသောအကြောင်းရင်းများခိုင်မာသောသက်သေပြနိုင်မှုများသီအိုရီများမလုံလောက်သေးပဲလေ့လာမှုများဆက်လက်လုပ်ဆောင်ရန်လိုနေသေးစေကာမူ ကွဲပြားသောလိင်ကိစ္စစိတ်နေဧိတ်ထားခံယူချက် (လိင်စိတ်တိမ်းညွှတ်မှု)ရှိနေသူများ မိမိတို့နေထိုင်ရာကမ္ဘာကြီးပေါ်တွင်ရှိနေကြသည်ကတော့အမှန်ပင်ဖြစ်ပေသည်။
မျက်မှောက်ခေတ်စစ်တမ်းများအရကမ္ဘာပေါ်ရှိအမျိုးသားများအားလုံးဧ်။(၉၇.၄)%နှင့် အမျိုးသမီးများဧ်။(၉၇.၇)%သာလျှင်ပုံမှန်အတိုင်း လိင်မတူသူများနှင့်သာလိင်ဆက်ဆံမှုပြုသူ(heterosexuals )များဖြစ်ကြသည်။
အမျိုးသားများဧ်။(၁.၆)%နှင့်အမျိုးသမီးများဧ်။(၀.၈)%မှာ လိင်တူချင်းသက်သက် သာလျှင်လိင်ဆက်ဆံကြသူများ(homosexuals )ဖြစ်သည်။
အမျိုးသားများဧ်။(၀.၉)% နှင့် အမျိုးသမီးများဧ်။(၁.၄)%မှာ လိင်ကွဲရောလိင်တူရော နှစ်မျိုးစလုံးဆက်ဆံကြသည့်သူများ(အရပ်အခေါ် နှစ်ဖက်ချွန်များ) (bisexuals )များဖြစ်ကြောင်းတွေ့ထားရပါသည်။
အနောက်နိုင်ငံများတွင်တော့ ကိန်းဂဏန်းများအရ ပိုပြီးပေါ်လွင်သည်။နမူနာအားဖြင့် အမျိုးသားများဧ်။(၉၃)% သာလျှင် ပုံမှန်အတိုင်း လိင်ကွဲပြားသူကိုသာလျှင် လိင်ဆက်ဆံကြောင်းတွေ့ရသည်။
တောင်နှင့်အရှေ့တောင်အာရှတွင် လိင်တူဆက်ဆံသူ (၆)မှ(၁၂)%ရှိမည်ဟုခန့်မှန်းထားကြသည်။
နိင်ငံတကာအိပ်ချ်အိုင်ဗီအေ့ဒ်စ် မဟာမိတ်အဖွဲဲ့က တကမ္ဘာလုံးတွင်အမျိုးသားချင်းလိင်တူဆက်ဆံသူ(၃)မှ(၁၆)%ကြားရှိမည်ဟုခန့်ထားသည်။
မြန်မာနိုင်ငံတွင်လည်းUNAIDSကိုဆက်သွယ်မေးမြန်းမှုအရ အမျိုးသားချင်းလိင်တူဆက်ဆံသူ(men who have sex with men=MSM)အရေအတွက်၂၀၁၅ခုနှစ်ခန့်မှန်းချက်အရ (နှစ်သိန်းငါးသောင်းနှစ်ထောင်၂၅၂,၀၀၀)ရှိသည်ဟုသိရသည်။

ဆန့်ကျင်ဘက်လိင်ကဲ့သို့ပြင်ဆင်ဝတ်စားနေထိုင်သူများ(Transgender )

မွေးဖွားစဥ်ကသတ်မှတ်ပေးခံခဲ့ရသည့်လိင်အမျိုးအစား အတိုင်းပြုမူဝတ်စားနေထိုင်ရမည့်အစား သူ့အတွင်းစိတ်ထဲတွင်ရှိသလို တနည်းအားဖြင့်လိင်စိတ်တိမ်းညွှတ်မှုရှိသလိုပြောင်းလဲနေထိုင်မှုပြုသူများကိုခါ်ခြင်းဖြစ်သည်။သူတို့က နေ့စဥ်ဘဝလုပ်ရှားနေထိုင်စဥ်အတွင်း(အိမ်မှာပင်ဖြစ်စေ/ကျောင်း/အလုပ်ခွင်မှာပင်ဖြစ်စေ)ပြောင်ပြောင်တင်းတင်း မိန်းမက ယောက်ကျားကဲ့သို့သော်လည်းကောင်း ယောက်ကျားက မိန်းမကဲ့သို့သော်လည်းကောင်း ဝတ်စားပြင်ဆင်နေထိုင်ကြသည်။ သို့မဟုတ်လျှင် အချို့ဆိုလျှင်(နမူနာအားဖြင့်) ညပိုင်းအပြင်ထွက်တော့မှ မိန်းကလေးလိုအလှအပတွေပြင်ကာထွက်ကြသည့် ယောက်ကျားလေးများလည်းရှိသည်။
ဆေးသိပ္ပံပညာဖွံ့ဖြိုးမှုဧ်။အကျိုးကျေးဇူးကြောင့်(၁၉၃၀)ပြည့်နှစ်တွင် ဂျာမနီနိုင်ငံ၌ ကမ္ဘာပေါ်တွင် ပထမဦးဆုံးသော အမျိုးသားလိင်အင်ဂါမှ အမျိုးသမီးလိင်အင်ဂါအဖြစ်သို့ ပြောင်းလဲပေးသည့် ခွဲစိတ်မှုကိုပြုလုပ်အောင်မြင်ခဲ့ရာ နောက်တွင်လည်း အမျိုးသမီးများကိုအမျိုးသားအဖြစ် ပြောင်းလဲခွဲစိတ်ပေးနိုင်လာသောအခါ (၁၉၅၁တွင်လုပ်နိုင်ခဲ့)ထိုကဲ့သို့သော သူများအားခေါ်ဝေါသုံးစွဲရန်ဝေါဟာရတစ်ခုပေါ်ပေါက်လာပြန်တော့သည်။ သူတို့ကို transsexuals ဟုခေါ်ခံ့ကြသည်။ သို့စေကာမူ (transgender ဟူသောခြုံငုံသုံးနှုန်းမှုဧ်။အောက်မှာပင်ဖြစ်သည်ဟုသတ်မှတ်ကြသည်။ (သဘောမတူကန့်ကွက်မှုတွေတော့ရှိပါသည်။)ပိုပြီးတိတိကျကျခွဲခြားသတ်မှတ်လိုသူများက ဆန့်ကျင်ဘက်လိင်အဝတ်အစား ပြောင်းလဲဝတ်ဆင်သူများကို(coss-dressers)ဟုခေါ်ကြသည်။

လူ့အခွင့်အရေးနှင့် လိင်အမျိုးအစားသတ်မှတ်မှု

လိင်စိတ်တိမ်းညွှတ်မှုကွဲပြားသူများအပေါ်တွင် လူ့ပါတ်ဝန်းကျင်ကတရားဝင်လက်ခံခြင်းမရှိခဲ့ရာ (၁၉၄၈)ခုနှစ်လောက်အထိလူသားများကျင်ကြီးစွန့်သည့်အ အပေါက်အားလိင်ဆက်ဆံခြင်းကို (Sodomy Laws)ဖြင့် အရေးယူနေကြဆဲဖြစ်သည်။ထိုနှစ်တွင်ကုလသမဂ္ဂအထွေထွေညီလာခံမှ နိုင်ငံတကာလူ့အခွင့်အရေးကြေညာ စာတမ်း အတည်ပြုလိုက်သောအခါ ကမ္ဘာပေါ်ရှိလူသားအားလုံးအတွက် အသက်အရွယ်အရဖြစ်စေ အသားအရောင် ဖို/မလိင်ကွဲပြားမှုကြောင့်ဖြစ်စေတန်းတူညီမျှမရှိမှု ခွဲခြားဆက်ဆံခံရမှု မရှိစေရတော့ပေ။
ထိုအခါကျမှသာလျှင် လိင်စိတ်တိမ်းညွှတ်မှုအမျိုးမျိုးရှိသောသူများအတွက် ကာကွယ်ပေးနိုင်မှုများပြုလုပ်လာနိုင်တော့သည်။လိင်စိတ်တိမ်းညွှတ်မှု အခွင့်အရေးကိုပိတ်ပင်ရာရောက်သည့်ဥပဒေများ တဖြည်းဖြည်းနှင့်ဖယ်ရှားလာခဲ့ကြသည်။
ထို့နောက်တွင်လိင်စိတ်တိမ်းညွတ်မှု ကိုအခြေခံ ဖေါ်ပြနိုင် သည့် လိင်အမျိုးအစားသတ်မှတ်မှုများပေါ်ပေါက်လာသည်။
၁၉၈၀ပြည့်လွန်နှစ်များမှစ၍လိင်စိတ်တိမ်းညွတ်မှု အမျိုးမျိုးရှိကြသည့်သူချင်း အဓိကအားဖြင့် လိင်တူဆက်ဆံသည့် ယောက်ကျား လိင်တူချင်းနှစ်သက်စုံမက်သည့်အမျိုးသမီးများစသည်တို့က အချင်းချင်း အစုအဝေး အဖွဲ့အစည်းလေးများဖြစ်လာကြသည်။သူတို့အခွင့်အရေးအတွက် တောင်းဆိုသောလှုပ်ရှားမှု လူ့အဖွဲ့အစည်းကလက်ခံလာဖို့လှုပ်ရှားဆောင်ရွက်မှုတွေလုပ်ဆောင်လာကြသည်။ စုပေါင်းချီတက်ပွဲတွေ လုပ်ကြသည်။စီးပွားရေး လူမှုရေးနယ်ပယ်တွင်သာမကနိုင်ငံရေးနယ်ပယ်တွင်လည်း အမတ်အရွေးခံရ အုပ်ချုပ်ရေးရာထူးတွေရလာကြသည်အထိကျယ်ပြန့်လာသည်။
၁၉၉၀ပြည့်လွန်နှစ်များရောက်လာသောအခါ စိတ်ပညာသင်ခန်းစာများတွင်သူတို့အပေါ် ခေါ်ဝေါ်သုံးနှုန်းသည့်ခေါ်တွင်မှုများထွက်ပေါ်လာသည့်ဝေါဟာရများက တွင်တွင်ကျယ်ကျယ်ဖြစ်လာခဲ့သည်။ အမျိုးသမီးချင်းနှစ်သက်စုံမက်သူ Lesbian=L ,လိင်တူချင်းဆက်ဆံသည့်အမျိုးသား Gay =Gလိင်တူလိင်ကွဲဆက်ဆံသူ Bisexual=B ,လိင်ဆန့်ကျင်ဖက်အသွင်ပြောင်းလဲပြင်ဆင်သူ(လိင်ပြောင်းခွဲစိတ်ထားသူများအပါအဝင်)Transgender=T. လိင်အင်ဂါနှစ်မျိုးလုံးပါသော်လည်းပီပီပြင်ပြင်မရှိ(နပုလ္လင်)Intersex=I, မည်သည့်လိင်ဟုမဆိုနိုင်ပဲမေးခွန်းထုတ်ဖွယ်ဖြစ်နေသူ Questioning=Q ဟူ၍ဖြစ်သည်။သူတို့အားလုံးခြုံ၍ အတိုကောက် LGBTIQ ဟူ၍ခေါ်ကြပါသည်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီဆုံးဖြတ်ချက်

LGBTIQများအတွက် အရေးပါသော ဆုံးဖြတ်ချက်တစ်ခုကို ၂၀၁၆ ခုနှစ်တွင်ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကထုတ်ပြန်ခဲ့သည်။၎င်းမှာ လိင်စိတ်တိမ်းညွတ်မှုနှင့် ဖို/မ ကွဲပြားမှုကြောင့် အကြမ်းဖက်ခံရခြင်းနှင့် ခွဲခြားဆက်ဆံခံရခြင်းမှကာကွယ်ပေးရေး ဖြစ်သည်။
ဆိုလိုသည်မှာLGBTIQများ လိင်စိတ်တိမ်
းညွတ်မှုကွဲပြားခြားနားစွာရှိနေသည်ကို တနည်းအားဖြင့်လက်ခံ အသိအမှတ်ပြုရာရောက်ပြီး ကာကွယ်မှုများပေးရန်လည်းဖြစ်ပေသည်။
ထိုဆုံးဖြတ်ချက် ကို မဲပေးခွင့်ရှိသူများအနက်အာရှတိုက်မှ တောင်ကိုးရီးယားနှင့်ဗီယက်နမ်တို့ကသာထောက်ခံခဲ့ကြပြီး ဘင်ဂလား ဒက်ရှ် မလေးရှား အင်ဒိုနီးရှားတို့ကကန့်ကွက်ခဲ့ကြသည်။

LGBTIQနှင့်နိုင်ငံတကာတွင်အသိအမှတ်ပြုမှုအခြေအနေ

လိင်တူချစ်သူများနှင့်ပါတ်သက်၍နိုင်ငံအတော်များများတွင်ဖြေလျှော့ပေးမှု အမျိုးမျိုးရှိခဲ့ရာနမူနာအချို့ကိုဖေါ်ပြရလျှင်၂၀၁၀ပြည့်နှစ်တွင် လိင်တူအချင်းချင်းတရားဝင် လက်ထပ်ခွင့်ပေးသည်အထိနယ်သာလန်နိုင်ငံကခွင့်ပြုခဲ့သည်။ ယခုအခါထိုသို့တရားဝင်ဥပဒေဖြင့်ခွင့်ပြုပေးထားသောနိုင်ငံပေါင်း(၂၀)ခန့်ရှိနေပြီဟုဆိုသည်။မကြာသေးမှီကတိုင်ဝမ်ကျွန်းတွင်လိင်တူချစ်သူချင်းလက်ထပ်လိုက်ကြသည့်သတင်းတစ်ပုဒ်တွေ့လိုက်ရသည်။
ဘင်ဂလားဒက်ရှ်နိုင်ငံတွင်မူLGBTIQများကို ရှေးရိုးဝါဒီများကအပြင်းအထန်နှိပ်ကွပ်ဆန့်ကျင်ခဲ့ကြသည်။
ထိုင်းနိုင်ငံတွင်၂၀၀၂ခုနှစ်ကစ၍ လိင်တူချင်းဆက်ဆံမှုကို စိတ်ကျန်းမာရေးပြဿနာအဖြစ်သတ်မှတ်ထားခြင်းမှပယ်ဖျက်ကြောင်းထိုင်းနိုင်ငံကျန်းမာရေးဝန်ကြီးဌာနကကြေညာခဲ့သည်။
မလေးရှားနိုင်ငံ က အာဆီယံထိပ်သီးဆွေးနွေးပွဲတစ်ခုတွင် လိင်တူချင်း ချစ်ခင်နှစ်သက်ကြသူများအား ရှုံ့ချပြောဆိုခဲ့သည်။
မြန်မာလူမျိုးဗုဒ္ဓဘာသာဝင်များက နပုလ္လင် ဖြစ်လာရခြင်းကို ကံနာဝတ်န်တစ်ခုအဖြစ်သဘောထားခဲ့ကြသည်။ လိင်တူချစ်သူများကို အားပေးခြင်းသော်လည်းကောင်း ပြင်းထန်စွာကန့်ကွက်ရှုံ့ချခြင်းသော်လည်းကောင်း ပြုသည်ကိုမတွေ့ရပေ။ သို့စေကာမူ ၁၉၄၅ ခုနှစ်ကတည်းကပြဌာန်းထားသောရဲအက်ဥပဒေတွင်မှောင်ရိပ်ခိုခြင်း(darkness law)နှင့် ပါတ်သက်၍ အရေးယူနိုင်ခြင်းကိုဆက်လက်သုံးစွဲနိုင်နေဆဲဖြစ်သည်။ညအမှောင်ချိန်တွင် မသင်ကာဖွယ်ရာတွေ့ရှိရသည့်လိင်တူစုံတွဲများကို အရေးယူချုပ်နှောင်နိုင်သည်။

LGBTIQ များအရေးပြောဆိုခဲ့ကြသည့်ဆွေးနွေးပွဲတစ်ခု

အာရှပစိဖိတ်ဒေသမျိုးဆက်ပွားကျန်းမာရေးနှင့်လိင်အခွင့်အရေးဆိုင်ရာညီလာခံ (၁၀)ကြိမ်မြောက်ညီလာခံ APCRSHR10 ဧ်။ (၁၄)ကြိမ်မြောက် (နောက်ဆုံး)အွန်လိုင်းဆွေးနွေးပွဲတွင် ဖို/မ အသိအမှတ်ပြုခြင်း လိင်စိတ်တိမ်းညွှတ်မှု လိင်စိတ်ခံစားရမှုဖေါ်ပြချက် လိင်မှုကိစ္စဆိုင်ရာ အကျင့်စရိုက်များ အကြောင်း ကို အဖွဲ့ဝင်နိုင်ငံများဧ်။အတွေ့အကြုံများနှင့်တကွကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြသည်။
လိင်စိတ်တိမ်းညွှတ်မှုအတိုင်းဝတ်ဆင်ပြောဆိုကျင့်ကြံနေသူများအား မိသားစုဝင်များကိုယ်တိုင်က လက်မခံ ဝိုင်းပယ်ခံနေရမှုများ ကျောင်းတွင် အနိုင်ကျင့်ခံရမှုများ ငယ်ရွယ်သေးသူများအား စိတ်ခံစားမှုပိုင်းဆိုင်ရာအကြမ်းဖက်ခံနေရပုံများ အချို့ဆိုလျှင် မိမိကိုယ်ကိုသေကြောင်းကြံစည် ကြိုးစားသည်အထိဖြစ်ခဲ့ရပုံများ လိင်ပြောင်းလဲခွဲစိတ်ထားသူများနှင့် ဆန့်ကျင်ဘက်လိင်ကဲ့သို့ဝတ်စားပြင်ဆင်ထားသူများအနေဖြင့်အများရှေ့နှင့် လုပ်ငန်းခွင်တွင် လိင်ကိစ္စအသားယူမှု(sexual harassment )အပြုခံနေရမှုများ စသည်ဖြင့်စုံလင်လှသည်။
သက်ဆိုင်ရာနိုင်ငံများတွင် LGBTIQတို့ဧ်။အခွင့်အရေးများကိုမြှင့်တင်ပေးရန်နှင့် မည်ကဲ့သို့သော ခွဲခြားဆက်ဆံမှုမျိုးကိုမဆို ဥပဒေပြု၍တားမြစ်ပိတ်ပင်ပေးရန်ကိစ္စများလည်းပါဝင်သည်။
ဆွေးနွေးပွဲတွင် အိန္ဒိယ ပါကစ္စတန် နီပေါ နိုင်ငံတို့မှ လိင်ပြောင်းလဲခွဲစိတ်ထားသည့် သူများ(transgender women)ကိုယ်တိုင်ကလည်းသူတို့ရင်ဆိုင်နေရသည့်အခက်အခဲများ စိန်ခေါ်မှုများအကြောင်းတင်ပြဆွေးနွေးသွားခဲ့ကြသည်။
အများသိကြသည့်အတိုင်း ကမ္ဘာရွာကြီးဖြစ်ပေါ်လာခြင်း ဖြစ်စဥ်က နိုင်ငံတကာပါဝင်သောခေတ်ရေစီးကြောင်းကြီးအတွင်းမျောပါစီးဆင်းသွားခဲ့တာဖြစ်သည်။ LGBTIQ များကို မသိကျိုးကျွန်ပြုထားခြင်း လစ်လျူရှုထားခြင်း မပြုသင့်တော့သည့်အခြေအနေတစ်ရပ်သို့မလွှဲမရှောင်သာရောက်ရှိလာပြီဖြစ်သည်။
ဆွေးနွေးပွဲတက်ရောက်သည့်မီဒီယာများဧ်။မေးခွန်းများထဲတွင် LGBTIQများအခွင့်အရေးနှင့်ပါတ်သက်၍ မီဒီယာများဧ်။အရေးကြီးပုံ နိုင်ငံအတွင်း သုံးစွဲပြောဆိုသော ဘာသာစကားဖြင့်ရေးသားပြောဆိုရာတွင် မရိုင်းစိုင်းအောင် ခွဲခြားနှိမ့်ချသည့် အသုုံးအနုန်းများရှောင်ကြဥ်ရန် စသည့်ကိစ္စများကို ဆွေးနွေးခဲ့ကြသည်။ ကမ္ဘောဒီးယားနိုင်ငံအတွင်း ၌LGBTIQများနှင့်ပါတ်သက်သောဝေါဟာရများသတ်မှတ်ရေးအတွက် LGBTIQများကိုယ်တိုင်ကော သက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များအပြင် မီဒီယာများလည်းပါဝင်သည့် အလုပ်ရုံဆွေးနွေးပွဲတစ်ခုပြုလုပ်ပြီး အဖြေရှာခဲ့ကြသည့်အတွေ့အကြုံများမျှဝေခဲ့ကြကြောင်းဖေါ်ပြလိုက်ရပါသည်။
ဒေါက်ထွေး(ဆေး/မန်း)
Ref.APCRSHR10;14th virtuaj discussion
Internet စာမျက်နှာများ ,websites များ