ဇီယာရွက်ကို ချောင်းဆိုး ပျောက်ဆေးအဖြစ်နဲ့ သုံးတာကို တော့ လူတိုင်းနီးပါးသိကြပါတယ၊် ဒါ့အပြင် တခြားကောင်းကျိုးများစွာလည်း ရှိပါသေးတယ်။

Indian borage/ country borage/ Mexican mint/ Spanish thyme လို့လည်း ခေါ်ပြီး၊ ဂျပန်အမည်က Koreusu amboinikusu/ Kuuban oregano ၊ တရုတ်အမည်က Zuo Shou Xiang

ဇီယာရွက်ရဲ့ ကျန်းမာရေး ကောင်းကျိုးတချို့ကို ပြောရမယ်ဆိုလျှင်-
(၁) ချောင်းဆိုးခြင်း၊နှာစေး၊ နှာပိတ်ခြင်းနဲ့ ဖျားနာခြင်းကို သက်သာစေ ပါတယ်။ ဇီယာရွက်မှာပါဝင်တဲ့ ဓာတုပစ္စည်းတချို့က အားကောင်းတဲ့ ချွဲကြေ ချွဲထုတ်ဆေးအဖြစ်နဲ့ လည်ချောင်းအတွင်းက ချွဲသလိပ် တွေကို ဖယ်ရှားပေးပါတယ်။
နောက်ပြီး ခုခံအားစနစ်ကို မြင့်တက်စေကာ ရောဂါပိုးမွှားတွေ မဝင်ရောက်နိုင်ရန်လည်း တားဆီးပေးပါတယ်။ ဇီယာရွက်က ချွေး ထွက်ခြင်းကို အားပေးပြီး ချွေးနဲ့ အတူ အဆိပ်ဓာတ်တွေကို ဖယ်ရှား ပစ်တာကြောင့် ဖျားနာခြင်းကို အလျင်အမြန် သက်သာစေပါတယ်။
ဇီယာရွက်ကို အရည်ညှစ်ပြီး သကြားအနည်းငယ်ရောကာ ချောင်းဆိုးတဲ့အခါ သောက်နိုင်ပါတယ်။
ဖျားနာခြင်းအတွက် အရွက်ကို ကြိတ်ခြေပြီး ရေနွေးကြမ်းအဖြစ်နဲ့
သောက်နိုင်ပါတယ်။
(၂) အဆစ်အမျက်ရောင်ရမ်းခြင်း နာကျင်ခြင်းကို သက်သာစေပါတယ်။
omega 6 fatty acids ပါဝင်တာကြောင့် အဆစ်တွေ ပြန်လည် တည်ဆောက်ခြင်းကို အားပေးပြီး အရိုးကျိုးလွယ်ခြင်း၊ အဆစ်အမျက် ရောင်ရမ်းခြင်းကို သက်သာစေပါ တယ်။
အရောင်လျော့စေတဲ့ ဂုဏ် သတ္တိလည်း ရှိပါတယ်။
(၃) အရေပြားလိမ်းဆေးအဖြစ် လည်း အသုံးပြုနိုင်ပါတယ်။
ကြမ်းပိုးကိုက်တာတွေ၊ နှင်းခူနဲ့ အနာပဆုပ်တွေအတွက်အရွက်ကို
ကြိတ်ခြေပြီး အုံပေးနိုင်ပါတယ်။
နီရဲပြီးရောင်ရမ်းတာတွေကို သက်သာစေပါတယ်။
(၄) ဗီတာမင် A နဲ့ C ပါဝင်တာကြောင့် ခုခံအားစနစ်ကို အားကောင်း စေသလို အမြင်အာရုံကိုပါ အားကောင်းစေပါတယ်။
(၅) ကျောက်ကပ်ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ဇီယာရွက်က ဆီးရွှင်ဆေးအဖြစ်နဲ့ ခန္ဓာကိုယ် မှ အဆိပ်တွေ ပိုလျှံနေတဲ့ ဆားတွေ၊ အဆီတွေနဲ့ ရေတွေကို ဆီးကနေတစ်ဆင့် ဖယ်ရှားပေးပါတယ်။
(၆) အစာမကြေခြင်း၊ နာကျင်ခြင်းကို သက်သာစေသလို ဝမ်းဗိုက်အတွင်း က သန်ကောင်တွေကိုပါ ဖယ်ရှားနိုင်ပါတယ်။ ချင်းပြုတ်ရည်နဲ့ရော ပြီး သောက်သုံးလျှင် အစာခြေခြင်းလုပ်ငန်းကို အားပေးသလို အစာ စားချင်စိတ်ကိုလည်း ဖြစ်ပေါ်စေပါတယ်။
(၇) ခေါင်းကိုက်တဲ့အခါ ကြိတ်ခြေထားတဲ့ အရွက်အနှစ်ကို နားထင်မှာ ကပ်ပေးလျှင် သက်သာစေပါတယ။်
(၈) နို့တိုက်မိခင်တွေ နို့ထွက်နည်းနေလျှင် ဇီယာရွက်ကို ကြက်သားနဲ့
ချက်စားပေးနိုင်ပါတယ်
(၉) ဇီယာရွက်ရေနွေးကြမ်းကို သောက် ပေးလျှင် စိတ်ကိုငြိမ်သက်စေပြီး
ကျန်းမာအိပ်ပျော်စေပါတယ်။
ကိုးကား – www.organicfacts.net
www.easyayurveda.com

ဆူး