သရုပ်ဆောင်တွေစုပြီး ပရဟိတ ရန်ပုံငွေအဖြစ် ကပြဖျော်ဖြေတဲ့ “နှင်းဆီ” အငြိမ့်ဆိုရင် အဲဒီထဲက မင်းသမီးလေးတွေကိုလည်း မျက်စိထဲပြေးမြင်ပြီးသားဖြစ်မှာပါ။ အဲဒီထဲမှာ မင်းသမီးလေး “မိုးယုစံ” လည်း အပါအဝင်ပေါ့။ မိုးယုစံဟာ အိမ်ထောင်ကျပြီးကတည်းက အနုပညာအလုပ်တွေသိပ်မလုပ်ပေမဲ့ “နှင်းဆီအငြိမ့်” ကပြဖျော်ဖြေမယ် ဆိုရင်တော့ မပျက်မကွက်ပါဝင်သူလေး တစ်ဦးပါ။ အခုလည်း “နှင်းဆီ လှေအငြိမ့်” ဖျော်ဖြေမဲ့အကြောင်း စာနယ်ဇင်းရှင်းလင်းပွဲမှာ တွေ့ဆုံခိုက် မေးမြန်းဖြစ်ခဲ့တာတွေကို ဖော်ပြပေးလိုက်ပါတယ်။

နှင်းဆီ အငြိမ့်မှာ ပင်တိုင် မင်းသမီးလေးတစ်လက် ဆိုတော့ နှင်းဆီနဲ့ ပတ်သက်ပြီး အမှတ်တရ တွေရှိရင်ပြောပြပါဦး
ထွေထွေထူးထူးတော့ မရှိပါဘူး။ ကိုယ့်အနုပညာမောင်နှမ တွေအတူ ခရီးတွေထွက်ကြ တော့ ပျော်ပါတယ်။ ပွဲကရင် အဆင်ပြေပါ့မလား စိုးရိမ်ရတာတွေပဲရှိပါ တယ်။

လူရွှင်တော်မင်းသားတွေက စင်ပေါ်ရောက်မှ ရုတ်တရတ်ပြက်လုံး ထုတ်လိုက်ရင် မိုးယုအနေနဲ့ အလိုက်သင့် ပါဝင်ဖြစ်လား၊
ပထမအဝင်ကပြီးရင် မင်းသမီးကိုနှုတ်ဆက်တဲ့အချိန်က မိုးယုအတွက်အကြောက်ဆုံးအချိန်ပဲ။ အဲဒီအချိန်မှာ ပြက်လုံးပြက်တဲ့အခါ ကြိုလည်းမတိုက်ထားတော့ အစ်ကိုတွေက ပြောလိုက်ရင် မိုးယုမှာဘာပြန် ပြောရမှန်းမသိတော့ဘူး။ ပြီးတော့ အစ်ကိုတွေပြောလိုက်တဲ့ ပြက်လုံးတွေကို နားမလည်ဘူး။ တော်တော် စဉ်းစားရတယ်။ သဘောပေါက်လို့ပြန်ပြောမယ်လည်း လုပ်ရော အစ်ကိုတွေက ပွဲထိန်းပြီး နောက်ပြက်လုံး တစ်ခုရောက်သွားရော။ ကျန်တဲ့အစ်မတွေကကျတော့ မတိုက်ထားလည်း အလိုက်သင့်ပြန်ပြောတတ် ကြတယ်။

မိုးယုသားလေးက ခုဘယ်အရွယ် ရောက်ပြီလဲ၊
၂ နှစ် ၁ လ ပါ။

သားလေးက ခုအရွယ်မှာ ဘာတွေပြောင်းလဲလာပြီလဲ
လူကြီးတွေပြောတဲ့စကားတွေ လိုက်ပြောတတ်နေပြီ။

သူလိုချင်တာတွေကိုရော ပူဆာ တတ်ပြီလား၊
သားသားက အရုပ်တွေမြင် ရင်ပူဆာတာတော့မရှိဘူး။ ဖုန်းကြည့်ချင်လို့ ပူဆာတာရှိတယ်။ သူ့ရှေ့မှာလူကြီးက ဖုန်းကိုင်ရင် သူကြည့်ချင်တယ်။ မိုးယုကလည်း ကလေးကို ဖုန်းသိပ်မပြချင်ဘူး။
အရမ်းငိုရင်တော့ ပြတော့ပြလိုက်တယ်။ အကြာကြီးမပြဘူး။ ခဏ၊ ခဏ
လည်းမပြဘူး။

ကလေးကိုဘာကြောင့် ဖုန်းမပြ တာလဲ
ကလေးကို ဖုန်းပေးပြရင် မျက်လုံးကိုထိခိုက်မယ်။ နောက်တစ်ချက်က ငြိမ်နေပြီး လှုပ်ရှားမှု မရှိတော့ ဘူး။ ဒါပေမဲ့ကိုယ့်ကလေးကို ဖုန်းပေးမပြရင် ခေတ်နောက်ကျသွားမှာလည်း စိုးရိမ်မိတယ်။ ဖုန်းထဲမှာက ကလေးတွေအတွက် သင်ယူစရာတွေကရှိနေတတ်တယ်။ ဘယ်အရာပဲဖြစ်ဖြစ် ကောင်းတာ တွေရှိသလို ဆိုးတာတွေရှိတတ်တာပါပဲ။ အဲဒီတော့ အထိန်း အကွပ်လေးနဲ့ပဲ သွားရမှာပေါ့။

အဲဒါဆို သားသားကို ဘယ်အရွယ် ရောက်ရင် ဖုန်းပေးကိုင်မလဲ
အမှန်အတိုင်းပြောရရင် သားကို ဖုန်းပေးမကိုင်ချင်ဘူး။ ဖုန်းကြည့်တာများပြီး ပျက်စီးသွားမှာ လည်းစိုးတယ်။ တခြားကလေးနဲ့ ယှဉ်ရင် လိုအပ်သွားမှာလည်းစိုး တယ်။ ကျောင်းစတက်ရင်တောင် စကားပြောလို့ရတဲ့ဖုန်း လောက်ပဲ ပေးကိုင်မယ်။ ခုနောက်ပိုင်း ဖုန်း ခေါ်လို့လည်းရ၊ Video Call လည်းခေါ် လို့ရတဲ့ လက်ပတ်နာရီ လေးတွေ ပေါ်လာပြီဆိုတော့ အဲဒါလေး ဝတ်ပေးမယ်။

မိုးယုလိုကလေးမိဘတွေကို လက် ဆောင်စကားလေးပြောပေးပါဦး
တချို့မိဘတွေဆိုရင် ကလေး ငြိမ်အောင် ဖုန်းပေးကိုင်ကြတာ တွေ့ရပါတယ်။ ကလေးတွေက ဖုန်းပေးထား ရင်တကယ်ငြိမ်တာ။ မိဘတွေအနေနဲ့လည်း ထိန်းရ သက်သာသွားတယ်။ ဒါပေမဲ့ အချိန်လေးနဲ့ပဲပြသပေးပါလို့ ပြောချင်ပါတယ်…
လို့ပြောကြားသွားခဲ့ပါတယ်။

လက်ကိုင်ဖုန်း (Cell Phone) အသုံးပြုခြင်းဟာ ခေတ်သစ်ဆက်သွယ်ရေး နည်းပညာတစ်ခုဖြစ်ပြီး ကမ္ဘာပေါ်ရှိ နိုင်ငံများစွာတို့တွင် နိုင်ငံလူဦးရေရဲ့ တစ်ဝက်ကျော်ဟာ လက်ကိုင်ဖုန်းများ သုံးစွဲနေကြတာဖြစ်ပါတယ်။ လက်ကိုင်ဖုန်း သုံးတဲ့အခါ လျှပ်စစ်သံလိုက်လှိုင်း ရောင်ခြည်များ (Electro-Magnetic Radiation) များထုတ်လွှတ်ပြီး ၎င်းတို့ကြောင့် ခန္ဓာကိုယ်ထဲရှိ ကလာပ်စည်းနှင့် တစ်သျှူး များအား ထိခိုက်စေနိုင်ပါတယ်။ လက်ကိုင်ဖုန်းကို နားဖြင့် နား ထောင်ပြီး အသုံးပြုတဲ့အခါ အဲဒီ ရောင်ခြည်တွေက ဦးနှောက်တစ်သျှူးတွေကို ထိခိုက်စေနိုင်ပါတယ်။ ဦးနှောက် ကင်ဆာဖြစ်စေနိုင်တယ်လို့တောင် ယူဆထားပါတယ်။ အထူးသဖြင့် ဖွံ့ဖြိုးစအရွယ် ကလေးငယ်များ ဦးနှောက်ထိခိုက် စေနိုင်ပါတယ်။ ဒါကြောင့် ကလေး ငယ်များ လက်ကိုင်ဖုန်းအသုံးပြု ခြင်းကို ရှောင်ကြဉ်သင့်ပြီး ကလေး၊ လူကြီးမရွေး၊ လက်ကိုင်ဖုန်းအသုံး ပြုမယ်ဆိုရင် အောက်ပါအတိုင်း လိုက်နာသင့်ပါတယ်။
(၁) ကြိုးဖုန်းမရှိသည့်နေရာတွင် သာ သုံးပါ။ စကားပြောလျှင် အချိန်တိုတိုသာလျှင် သုံးပါ။
(၂) ဖြစ်နိုင်လျှင် လက်ကိုင်ဖုန်းကို ခန္ဓာကိုယ်နှင့် ဝေးရာတွင်ထားပြီး နားကြပ်၊ ဘလူးတု စသည်တို့ကို သုံးပြီးပြောပါ။

Photos : Moe Yu San Facebook