ရုံးပတီသီးကို အိမ်ရှင်မတွေ အချက်များတယ်။ တကယ်လည်း အာဟာရဓာတ်တန်ဖိုး မြင့်တာကိုး။ သူ့ရဲ့ အာဟာရဓာတ် တန်ဖိုးကို အိမ်ရှင်မများအတွက် ဖော်ပြလိုက်ရပါတယ်-
(၁) အမျှင်ဓာတ်မြင့်မားတဲ့အတွက် အစာကြေလွယ်တယ်။ ဝမ်းချုပ် ခြင်းမှ ကာကွယ်တယ်။
(၂) ဆီးချိုသွေးချိုရောဂါ ကာကွယ်ပေးတယ်။ ရုံးပတီသီး ရေစိမ် သောက်ကြသေးတယ်။
(၃) ဖောလိတ်ခေါ် ဖောလစ်အက်စစ် ကြွယ်ဝလို့ ကိုယ်ဝန်ဆောင် မိခင်တွေ စားသင့်တယ်။
(၄) ဗီတာမင် K ကြွယ်ဝလို့အရိုး သန်မာစေတယ်။ သွေးခဲရာမှာ ကူညီတယ်။
(၅) မောပန်းရောဂါ ကာကွယ် ကုသနိုင်တယ်။ ရင်ကြပ်ပန်းနာသမားတွေ စားပေးသင့်တယ်။
(၆) ဝမ်းချုပ်တတ်ရင် ရုံးပတီသီး မှန်မှန်စားပေးခြင်းဖြင့် ဝမ်းဖောဖော သွားစေပါတယ်။ အူမကြီးကင်ဆာ ကာကွယ်တယ်။
(၇) နေလောင်ခြင်းမှ ကာကွယ်တယ်။ အသားအရေ လှစေတယ်။
(၈) အဝမလွန်အောင် ကူညီတယ်။ သွေးတွင်းကိုလက်စ ထရောလ် ကျစေတယ်။ နှလုံးသွေးလွှတ်ကြောရောဂါများမှ ကူညီပေးပါတယ်။
(၉) သံဓာတ်ပါလို့ ဆံသားကောင်းစေတယ်။ သွေးအားကောင်း တယ်။ သွေးအားနည်းရောဂါ ကာကွယ်တယ်။ မျက်စိအား ကောင်းတယ်။
(၁၀)ကိုယ်ခံစွမ်းအား တက်စေတယ်။

တင်မြင့်မေ