ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာခြင်းဟာ လူသားတွေရဲ့ လုပ်ဆောင်မှု ကြောင့် အဓိကဖြစ်ပွားနေရတယ်ဆိုတာ လူတိုင်းသိပြီးသား ဖြစ်ပါတယ်။ အဲဒီအထဲကမှ ပိုမိုအပြစ်တင်ရမှာကတော့ လူချမ်းသာလူတန်းစားပဲ ဖြစ်ပါ တယ်။ လူဦးရေရဲ့ အချမ်းသာဆုံး ထိပ်ဆုံးက ၁၀ ရာခိုင်နှုန်းဟာ လူဦးရေ ရဲ့ အဆင်းရဲဆုံး အောက်ဆုံးက ၁၀ ရာခိုင်နှုန်းနဲ့ နှိုင်းယှဉ်လျှင် ၎င်းတို့သည် ကမ္ဘာကြီးရဲ့ မည်သည့်နေရာတွင် နေထိုင်သည်ဖြစ်စေ စွမ်းအင်သုံးစွဲမှု အဆ ၂၀ ပိုမိုများပြားပါသည်။
European Union နှင့် World Bank တို့ ပူးတွဲသုတေသနပြုမှုအရ UK တွင် အချမ်းသာဆုံး ထိပ်ပိုင်းလူ ၁၀ရာခိုင်နှုန်းသည် စုစုပေါင်း စွမ်းအင်သုံးစွဲမှု၏ ထက်ဝက် ကျော်ကိုသုံးစွဲခဲ့ပြီး၊ အချမ်းသာဆုံး လူတန်းစားထိပ်ဆုံး ၁၅ ရာခိုင်နှုန်းသည် လေယာဉ် ဖြင့် ခရီးအဝေးဆုံးကို သွားခဲ့ကြကာ ကျန်လူဦးရေအနက် ၅၇ ရာခိုင်နှုန်းသည် ပြည်ပသို့ လုံးဝ ခရီးမသွားခဲ့ကြောင်း တွေ့ရှိခဲ့ကြသည်။ အဆိုပါ ထိပ်ဆုံး ၁၅ ရာခိုင်နှုန်း လူတန်းစားက လေယာဉ်ခရီးစဉ်စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းကို သုံးစွဲခဲ့ကြောင်း သိရပါသည်။
၎င်းလေ့လာမှုကို Nature Energy စာစောင်တွင် ဖော်ပြခဲ့ပါပြီ။ ချက်ပြုတ်ခြင်းနှင့် အပူပေးခြင်းတွင် အသုံးပြုသော စွမ်းအင်ပမာဏသည် လူတန်းစားအားလုံးတွင် ပိုမိုတူညီမှုရှိသော သုံးစွဲမှုဖြစ်ကြောင်းလည်း ဖော်ပြခဲ့သည်။
Ref: BBC NEWS: Climate Change: The rich are to blame, international study finds by Roger Harrabin.

ခိုင်မွန်ကျော်