အခုဆိုရင် မိုးဝင်လာပြီဆိုတော့ လူအများစုဖြစ်တတ်ကြတာကတော့ ရာသီတုပ်ကွေးပါ။ တုပ်ကွေးမိရင် နုံးချည့်ပြီးဘာမှမလုပ်ချင်မကိုင်ချင်နဲ့ အားတွေပြတ်သွားတော့တာပါပဲ။ အခု တုပ်ကွေးဖြစ်ရင် ဘာတွေလုပ်ရမလဲ။ ဘယ်လိုကာကွယ်မလဲဆိုတာတွေကိုဖော်ပြပေးလိုက်ပါတယ်။

တုပ်ကွေးဖျားရင် ဘာလုပ်ပေးရမလဲ?

• ဖျားနေတဲ့ လူနာအား ကိုယ်အပူချိန်တိုင်းပေးပါ။ ၄နာရီခြား တစ်ကြိမ်တိုင်းပါ။

• ၃၆နာရီကျော်လို့မှ အဖျားမကျရင် ဆရာဝန်နဲ့ ပြဖို့ လိုပါပြီ။

• စဖျားတဲ့အချိန်မှာ လူနာအား ကလေးဆိုလျှင် ပါရာစီတမောလ်အရည်၊ လူကြီးဆိုလျှင်ပါရာစီတမောလ်ဆေးတောင့် တိုက်ပေးပြီး အိပ်ယာထဲ နားနေပါစေ။

• အစားတွေ အတင်းမကျွေးပါနှင့်။

• အရည် သို့မဟုတ် အစာကြေလွယ်တဲ့ စွပ်ပြုတ် (သို့မဟုတ်) လတ်လတ်ဆတ်ဆတ် သစ်သီးဖျော်ရည်တိုက်ပါ။

အဖျားကျပြီးရင် ဘာလုပ်ပေးရမလဲ?

  • အိပ်ရာထဲ ဆက်လက် အနားယူပါ။
  • လူနာသုံးပြီးသား လက်ကိုင်ပဝါ၊ မျက်နှာသုတ်ပဝါများကို ရေနွေးနှင့် ပြုတ်လျှော်ပါ။ (သို့မဟုတ်) လူနာနေမကောင်းစဉ် တစ်ခါသုံး ပစ္စည်းများကို အသုံးပြုပြီး လွှင့်ပစ်ပါ။
  • သွားပွတ်တံကိုလည်း လွှင့်ပစ်ပါ။
  • အာဟာရဓာတ် ပြည့်ဝသော အစားအစာများ ကျွေးပါ။

တုပ်ကွေးမမိအောင် ဘယ်လို ကြိုတင် ကာကွယ်ရမလဲ?

  •  ရာသီအကူးအပြောင်းမှာ သတိထားနေပါ။
  • မိုးရာသီမှာ အပြင်ထွက်လျှင် ထီး၊ မိုးကာယူသွားပါ။
  • အာဟာရဓာတ်ပြည့်ဝအောင် စားသောက်ပါ။
  • လက်ဆေးတဲ့အကျင့်လုပ်ပါ။
  • အိပ်ရေးဝအောင်အိပ်ပါ။
  • အပြင်ထွက်လို့မိုးမိလာလျှင် မိုးစိုအဝတ်များကို အိမ်ရောက်လျှင် ချက်ချင်းလဲပါ။
  • နေ့စဉ်လေ့ကျင့်ခန်းမှန်မှန် (တစ်နေ့လျှင်နာရီဝက်) ပြုလုပ်ပါ။