ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စက်မှုဇုန်များမှ စက်ရုံ ၂၉ ရုံမှာ မီးခိုးများ အလွန်အကျွံ ထွက်ရှိနေပြီး ပတ်ဝန်းကျင်ထိန်း သိမ်းရေးဦးစီးဌာနမှ ချမှတ်ထားသော စည်းမျဉ်းများနှင့်အညီ ဆောင်ရွက်မှု၊ လိုက်နာမှု အားနည်း နေသည့်အတွက် အဆိုပါစက်ရုံ များကို သတိပေးထားကြောင်း၊ သတ်မှတ် ထားသည့်ကာလအတွင်း ပြုပြင်ပြောင်းလဲမှုများ မပြုလုပ်ပါက ထိုစက်ရုံများကို ပိတ်သိမ်းသည်အထိ အရေးယူသွား မှာဖြစ်ကြောင်း ၅-၆-၂၀၁၉ ရက်နေ့က ရန်ကုန်တက္ကသိုလ်တွင် ပြုလုပ်ခဲ့သော ၂၀၁၉ ခုနှစ် ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား၌ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ ပြောကြားမှုမှသိရပါတယ်။

အဆိုပါစက်ရုံများတွင် အများစုမှာ စက္ကူစက်ရုံများဖြစ်ပြီး ထိုစက် ရုံများမှာ ဘွိုင်လာများကို မီးထိုးသည့်အခါ ရာဘာများ၊ တာယာများ၊ အမှိုက်များ၊ ပလတ်စတစ်များကိုပါ မီးထိုးခြင်းကြောင့်မီးခိုးများ အလုံးအရင်းထွက်ခြင်းဖြစ်ကြောင်း သိရပါတယ်။

အခမ်းအနား၌ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်မှ ဒုတိယဌာနေ ကိုယ်စားလှယ် Ms.Dawn Del Rio က ကုလသမဂ္ဂအထွေထွေအတွင်း ရေးမှူးချုပ်၏ သဝဏ်လွှာကို ဖတ်ကြားခဲ့ပါတယ်။ ယင်းနောက် ၂၀၁၉ ခုနှစ်ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ပြိုင်ပွဲများတွင်ဆုရရှိသူများအား ဆုများချီးမြှင့်ခဲ့ပါတယ်။

နေ့လယ်ပိုင်း၌ Air Pollution “လေထုညစ်ညမ်းခြင်း” ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲပြုလုပ်ခဲ့ရာ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်မှ ပါမောက္ခချုပ် (ငြိမ်း) ဦးဝင်းကြည်၊ ပြည်သူ့ကျန်းမာရေး တက္ကသိုလ်မှ ဂုဏ်ထူး ဆောင်ပါမောက္ခ ဒေါက်တာသန်းထွဋ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဦးသန်းအေး၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၊ ပထဝီဝင်ဌာနမှ ဌာနမှူး ဒေါက်တာခင်ခင်ဟန်တို့က ဆွေးနွေးခဲ့ကြကြောင်းသိရှိရပါတယ်။

အိ