ယခင်အပတ်မှ အဆက်

(င) ဦးနှောက်အပေါ် အကျိုးသက်ရောက်မှုများ

ယခင်ကတည်းက ကြွက်များနှင့် လေ့လာမှုအရ လိင်ဆက်ဆံမှု မကြာခဏပိုလုပ်ရင် သိမြင်တတ်မှုဉာဏ်စွမ်းရည် (Cognitive Function) ပို၍ ကောင်းလာစေကြောင်းနှင့် ဦးနှောက်အတွင်း ကလာပ်စည်းအသစ်များ ဖွံ့ဖြိုး တိုးတက်လာမှုရှိခြင်းတို့နှင့် ဆက်စပ်လျက်ရှိတယ်ဆိုတာ သိခဲ့ကြပြီးဖြစ် သဗျ။ အခုဆိုရင် သုတေသီများက ကြွက်များနှင့်စမ်းသပ်မှုတွေ့ရှိချက် အတိုင်း လူသားများအပေါ်မှာလည်း တူညီတဲ့ အကျိုးသက်ရောက်မှုတွေ ရှိတယ်ဆိုတာ ဖော်ထုတ် တွေ့ရှိလာခဲ့ပြီ ဖြစ်ပါတယ်ဗျာ။ ၂၀၁၈ ခုနှစ် လေ့လာမှုတစ်ခုမှာ အရွယ်ရောက်ပြီးသူ အမျိုးသား၊ အမျိုးသမီး ၆ဝဝဝ ကျော်ကို လေ့လာခဲ့ရာမှာ လိင်ဆက်ဆံမှု ပို၍ ပြုလုပ်သောသူများသည် မှတ်ဉာဏ်စွမ်းရည်ပို၍ကောင်းလာကြောင်း သက်သေပြနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ပိုပြီးထူးခြားတာကတော့ အသက် ၅၀ နှင့်အထက် ဘိုးတော်၊ ဘွားတော်အရွယ်တွေ၊ မှတ်ဉာဏ် လျော့ပါးစပြုတဲ့ အရွယ်တွေမှာ လိင်ဆက်ဆံမှု မကြာခဏပြုလုပ်တဲ့ ဘိုးတော်၊ ဘွားတော်များက မှတ်ဉာဏ်စွမ်းရည် ပိုကောင်းကြတယ်ဆိုပဲ။ အသက်ကြီးလို့ စိတ်ပုတီးနဲ့ ရိပ်ကြီးမခိုသေးဘူးဆိုရင် မှတ်ဉာဏ်ကောင်းဖို့အတွက် မကြာ ခဏ ချစ်တင်းနှီးနှောကြလို့ တိုက်တွန်းရမလို ဖြစ်နေပြီ။

လိင်မှုဆိုင်ရာအကျိုးကျေးဇူးများ

လင်စိတ်၊ မယားစိတ်၊ လိင်ဆက်ဆံလိုစိတ်များ တက်တက်ကြွကြွရှိနေတဲ့ ပုဂ္ဂိုလ်တွေမှာ Libido လို့ခေါ်တဲ့ လိင်စွမ်းဆောင်မှု ဆောင်ရွက်ချင်တဲ့ စိတ်ဓာတ် ပိုပြီး အားကောင်းအောင် မြှင့်တင်ပေးတယ်လို့လည်း သိရတယ်။ တစ်နည်းအားဖြင့်ပြောရရင် တချို့သူတွေက သားစိတ်၊ မယားစိတ်ကုန်တယ်ဆိုတာ လိင်ကိစ္စဆောင်ရွက်မှု နည်းပါးသောကြောင့်ဖြစ်တယ်။ ဒီစိတ်နည်းပါးသွားရင် စိတ်ပညာရှင်ကြီး ဆစ်ဂ်မန်ဖရွိုက်ရဲ့ အလိုအရ အခြားသော လူမှုကိစ္စတွေ၊ စွမ်းဆောင်ရည်တွေ၊ တီထွင်ဖန်တီးလိုစိတ်တွေ နည်းသွားလေ့ရှိတယ်လို့ ကြားဖူးတယ်။ ဒါ့ကြောင့် လိင်စိတ် တက်တက်ကြွကြွရှိနေခြင်းသည် အရာရာအတွက် အပေါင်းလက္ခဏာဆောင်သော လိုအပ်မှုတစ်ခုဖြစ် တယ်။ ပို၍ဆက်ဆံမှုတွေ ပြုလေ၊ ဆက်ဆံလိုစိတ်တွေလည်း ပို၍ အားမြင့်လာလေဆိုတဲ့ သဘောဖြစ်တယ်။ ဒါ့အပြင် အမျိုးသမီးတွေမှာ လိင်ဆက်ဆံလိုစိတ် တက်တက်ကြွကြွရှိနေရင် သူတို့ရဲ့ မွေးလမ်းကြောင်း ချောဆီတွေလည်း ပို၍ ထွက်လာစေပြီး အရာရာကို အဆင်ပြေစေတယ်။ သဘာဝအလျောက် ထွက်ရှိနေရမဲ့ အရည်များဖြစ်တဲ့အတွက် အမျိုးသမီးများအတွက် မွေးလမ်းကြောင်း စိုစိုစွတ်စွတ်ရှိနေခြင်းဟာ အရေးကြီးတယ်။ လိင်ဆက်ဆံတဲ့အခါ ပွတ်တိုက်ခြင်းကြောင့် နာကျင်မှုဝေဒနာ မခံစားရအောင် ကူညီတဲ့အပြင် တော်ရုံတန်ရုံ ကူးစက်ပိုးတွေလည်း မဝင်နိုင်တော့ဘူး။ ဒါ့အပြင် လိင်ဆက်ဆံမှု ပို၍ပြုလုပ်ခြင်းနှင့် မီးယပ်သွေးဆင်းခြင်းဖြစ်တဲ့အခါ ပေါ့ပေါ့ပါးပါးမျှသာ သွေးဆင်းစေခြင်းနဲ့ ဆက်စပ်နေပြန်တယ်။ လိင်ဆက်ဆံလေ့မရှိတဲ့ အမျိုးသမီးတွေမှာ ရာသီသွေး လွန်လွန်ကဲကဲ ဆင်းလေ့ရှိတဲ့ ပြဿနာ ကြုံရတတ်တယ်။ ဒါ့အပြင် ရာသီသွေးပေါ်ချိန် ဆီးစပ်တစ်ဝိုက် နာကျင်ကိုက်ခဲ လေ့ရှိသော ဝေဒနာကိုလည်း မကြာခဏ ချစ်တင်းနှောတဲ့ အမျိုးသမီးတွေမှာ သက်သာရာ ရလေ့ရှိတယ်။

ကိုယ့်လူတွေအတွက်ရော၊ ယခင်တုန်းကတော့ လိင်ဆက်ဆံချိန်များတဲ့ မောင်သောင်းကျန်း၊ ကိုသောင်းကျန်းတွေကြီးလာရင် ဆီးကျိတ်ကင်ဆာဖြစ်ပွားမှု ပိုများတယ်လို့ တွေးထင်ခဲ့ကြဖူးတယ်။ ဒါပေမဲ့ ၂၀၁၆ ခုနှစ် လေ့လာမှု အရ သုက်လွှတ်ခြင်း (Ejaculations) အကြိမ်အရေအတွက် ပို၍များတဲ့ သူတွေ (တစ်လလျှင် ၂၁ ကြိမ်နှင့် အထက်လို့ဆိုသဗျ) ဆိုရင် ဆီးကျိတ်ကင်ဆာဖြစ်ပွားနိုင်ခြေ အခွင့်အလမ်းက တစ်လလျှင် သုက်လွှတ်တဲ့အကြိမ် ရေ ၇ ကြိမ်ထက် နည်းသောသူများနဲ့ နှိုင်းယှဉ် လေ့လာတဲ့အခါ လိင်ဆက်ဆံမှု ပိုများတဲ့ မောင်မင်းကြီးသားတွေက ဆီးကျိတ်ကင်ဆာဖြစ်ပွားမှု ပိုနည်း ကြောင်း တွေ့ရှိထားရပါသတဲ့ဗျ။ (မှတ်ထားနော် ကိုယ့်လူ။ ၇ ကြိမ်ထက် မနည်းစေနဲ့၊) ဒီနေရာမှာတော့ ချစ်တင်းနှီးနှောစရာ ဆက်ဆံဖော်မရှိလည်း ပြဿနာမရှိဘူး ဆိုတဲ့ သဘောပဲ။ သဘောပေါက်တယ်နော်။

မှတ်ချက်အနေနဲ့ ပညာရှင်တွေက ပြောထားလိုက်သေးတာက အမျိုးသားများတွင် ကင်ဆာကြောင့် သေဆုံးရမှု ဒုတိယ အများဆုံးအကြောင်းရင်းမှာ ဆီးကျိတ်ကင်ဆာဖြစ်တဲ့အတွက် အမျိုးသားများ လေးလေးနက်နက် သဘောပေါက် စဉ်းစား မှတ်မိသိရှိထားဖို့ လိုကြောင်း ရေးထားပါသေးတယ်။

အခြားသော ရုပ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးများ

ပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့ ရုပ်ပိုင်းဆိုင်ရာအကျိုးကျေးဇူးလေးတွေလည်း တော်တော်များများ ရှိနေတယ်။ လိင်ဆက်ဆံမှုများတဲ့ ပုဂ္ဂိုလ်တွေရဲ့ အာရုံခြောက်ပါးက အမြဲထက်မြက်နေလေ့ရှိပြီး အထူးသဖြင့် အနံ့ခံအာရုံမှာတော့ ပိုပြီး တော့တောင် ကောင်းလေ့ရှိတယ် ဆိုပဲ။ သွားတွေကလည်း ပိုပြီး ကျန်းမာကြသတဲ့ဗျ။ (လိင်ဆက်ဆံတာက သွားအလုပ်နှင့် ဘယ်လို ဆက်စပ်နေသလဲတော့ မသိပါဘူးဗျာ။) အစာကြေဆေးလည်း ကိုယ့် လူတို့ ဆောင်စရာလိုမယ်မထင်ဘူး။ ဘာ့ကြောင့်လဲဆိုတော့ လိင်ဆက်ဆံမှုများတဲ့သူတွေက အစာချေစနစ်လည်း ပိုမိုတိုးတက် ကောင်းမွန်စေလို့တဲ့။ ဒါကြောင့် ရှေးကာလသားကြီးတွေ အပြောင်အပြက်ပြောခဲ့ကြတဲ့ “နေ့ ၄၊ ည ၆ ထမင်းစားပြီး တစ်” ဆိုတာ မှန်နေသလိုပဲဗျ။ အစာကြေစေတယ် ဆိုတာ သိပ္ပံနည်းကျ တွေ့ရှိထားတာနော်။

အရေပြားတွေကလည်း ဝင်းပပြောင်လက်ပြီး ကျန်းမာရေးနဲ့ ညီညွတ်သော အရေပြားပိုင်ရှင် ဖြစ်လာစေနိုင်သတဲ့။ အကြောင်းကတော့ လိင်ဆက်ဆံတဲ့အခါ ခန္ဓာကိုယ်ကနေ DHEA ဟုခေါ်တဲ့ ဟော်မုန်းထုတ်လွှတ်မှု ပိုမို များပြားလာခြင်းကြောင့် ဖြစ်ပါသတဲ့။

ဒီနေရာမှာ သတိထားစရာ တစ်ချက်တော့ ဖော်ပြပေးချင်ပါတယ်။ အဲဒါက မည်သည့်လိင်ဆက်ဆံမှုတိုင်းမှာမဆို ဘေးကင်း စိတ်ချရသော လိင်ဆက်ဆံမှုဖြစ်ဖို့ အရေးကြီးတဲ့အကြောင်းပါပဲ။ (Unsafe Sex) ဘေးကင်းခြင်းမရှိတဲ့ လိင်ဆက်ဆံမှုတွေဆိုရင်တော့ အကျိုးကျေးဇူးထက် ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုတွေ ကျရောက်လိမ့်မယ်ဆိုတာပါပဲ။ နမူနာအားဖြင့်ပြောရရင် ကိုယ်ဆက်ဆံမယ့် အမျိုးသမီးနဲ့ နှစ်ဦး သဘောတူ ကြည်ဖြူစွာဖြစ်ဖို့၊ သဘောမတူလျှင် ကာမလှည့်ဖျား ရယူတာတို့၊ မုဒိမ်းမှုတို့ ဖြစ်နိုင်သဗျ။ လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများ ကာကွယ်နိုင်ရန် လိုအပ်လျှင် ကွန်ဒုံးစွပ်ဖို့ အစရှိတဲ့ ကျန်းမာရေးနဲ့ညီညွတ်သောလိင်ဆက်ဆံမှုအလေ့အကျင့် တွေ ကျင့်သုံးကြဖို့ ဖြစ်ပါတယ်။

ရင်းနှီးဆက်ဆံမှုဆိုင်ရာ အကျိုးကျေးဇူးများ

မကြာခဏ ချစ်တင်းနှီးနှောခြင်းသည် ကိုယ့်လူအတွက်ရော၊ ကိုယ့်လူရဲ့အဖော်အတွက်ပါ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးဆက်ဆံမှုဆိုင်ရာ အကျိုးကျေးဇူးတွေ များစွာရရှိစေနိုင်ပါတယ်။ ကိုယ့်လူတို့နှစ်ယောက်အကြား တစ်ဦးနဲ့တစ်ဦးတွယ်တာ မြတ်နိုးတဲ့ သံယောဇဉ်နှောင်ကြိုးတွေ ပိုမိုချည်နှောင်ရစ်ပတ်မိတဲ့ အတွက် အိမ်ထောင်ရေးခိုင်မြဲမှု ရရှိစေနိုင်တယ်။

အထူးအားဖြင့်တော့ တစ်လင်တစ်မယားစနစ်သာလျှင် ကျင့်သုံးလေ့ရှိသော လူမျိုးနဲ့ နိုင်ငံတွေမှာ မောင်နှင့် မယ်တို့ တစ်သက်တာ ခိုင်မြဲတဲ့ သံယောဇဉ်နဲ့ ရိုးမြေကျသည်အထိ ပေါင်းဖက်ကြမယ်ဆိုသော ကတိကဝတ် တည်စေနိုင်တဲ့ အကျိုးကျေးဇူးဖြစ်ပါတယ်။ တစ်မယားထက်ပိုတဲ့စနစ်ကတော့ တစ်မျိုးပေါ့ဗျာ။ ဒီနေရာမှာ စကားစပ်လို့ ကြုံတုန်းပြောရရင် ကိုယ့်လူတို့ ဗမာလူမျိုးများမှာ အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး ရှေးသက်ဦးဆံပိုင်ဘုရင်လက်ထက်ကတည်းက ပြီးခဲ့တဲ့ နှစ်အနည်းငယ်လောက်အထိ အိမ်ထောင်ပြုတဲ့စနစ်မှာ ယောကျာ်းကောင်း မောင်းမတစ်ထောင်ဆိုသော စကားအတိုင်း မိန်းမတစ်ယောက်ထက် (မယားတစ်ဦးထက်) ဘယ်လောက်ပို၍ များသည်ဖြစ်စေ အရေအတွက် အကန့်အသတ်မရှိ ယူလို့ရခဲ့ကြတယ်။ အခုတော့ တစ်လင်တစ်မယားထက်ပိုခဲ့ရင် ဥပဒေအရ အရေးယူအပြစ်ပေး ခံရလိမ့်မယ်ဆိုတာ သိကြပါလိမ့်မယ်။

လင်မယားစုံတွဲတွေက ရန်ဖြစ်ပြီး ပြန်ချစ်ဆိုတဲ့စကားအတိုင်း လင်မယားချင်း ကတောက်ကဆ စကားများကြ၊ ဆဲကြဆိုကြ၊ ရိုက်မောင်းပုတ်မောင်းလုပ်ကြနဲ့ ရှိကြပေမဲ့ ပြန်ချစ်တဲ့အချိန်ကျတော့ တစ်ဦးနဲ့တစ်ဦး ရန်ငြှိုးရန်စတွေ ပြေပြီး အဆင်ပြေသွားကြတာ မဟုတ်လား။ ပြန်ချစ်တဲ့အခါ ပိုပြီးတော့ တောင် ချစ်လာကြပြီး အကြိမ်ရေများစွာလည်း ဆက်ဆံမိကြတဲ့အတွက် ဒီနည်းလမ်းက လင်မယားချင်း မကွဲအောင် ထိန်းသိမ်းပေးတဲ့ နည်းလမ်းတစ်ခုဖြစ်တယ်လို့ တွေ့ထားရပါတယ်။ အကြိမ် ရေများတဲ့ စုံတွဲတွေက ကွာရှင်းပြတ်စဲတဲ့နှုန်းနည်းတယ်ဆို တဲ့အကြောင်း စစ်တမ်းကောက်ယူ တွေ့ရှိထားပြီးဖြစ်တယ်။

ရှေ့ပိုင်းမှာလည်း အနည်းငယ်ဖော်ပြပြီးဖြစ်တဲ့ အကျိုးကျေးဇူးလေးတွေဖြစ်တဲ့ လိင်ဆက်ဆံခြင်းပြုတဲ့အခါ ထွက်ရှိလာတဲ့ ဓာတုပစ္စည်းများက နမူနာအားဖြင့် အောက်စီတိုဆင်ဆိုတဲ့ ဟော်မုန်းများက စုံတွဲနှစ်ဦးစလုံးကို ငြိမ်သက် တိတ်ဆိတ် အေးချမ်းမှုရရှိစေနိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာနဲ့ ခံစားမှု ပိုင်းဆိုင်ရာ သံယောဇဉ်ကလည်း ပိုမိုခိုင်မာအားကောင်းလာစေမှာ ဖြစ်ပါတယ်။

ဆက်ရန်

ဒေါက်တာဇီဝတင်

905 COMMENTS

  1. Everything said made a gгeat deal of sense. But, consider this,
    what if you added a little content? I ain’t saying yoսr content isn’t good, however what if
    you added something that grabbed folk’s attention? I mеan မကြာခဏ ချစ်တင်းနှီးနှောကြ
    အပိုင်း (၃) | Health Ɗigest Myanmar is a
    little boring. You shoulⅾ glance at Yaһoo’s froint page and note how
    they crеate post titles to get people interested.
    You mijght try adding a vidеo oг a picture or two to gtab people interested ab᧐ut what you’ve written. In my opinion, іit could bring yoir posts
    a lіttle bit more interesting.

    Feel fre to surf to my һomepage :: dating websites new
    (freedatingsitesus.com)

  2. We aƄѕolutеly love your bⅼog and find mmany of your post’s to be exaϲtly I’m looking for.
    Would you offeг ɡuest writers to write content ffor yοu persοnally?
    I wouldn’t mind creating a post or elaƅoгating on a few
    of the subjects you write cօncerning here. Again, awesome web site!

    Also vіsit mʏy webpaɡe … dating personal ads

  3. community action partnership energy assistance community first credit union ekalaka , positive correlation variables. positive affirmations job search lyrica online lyrica price , friends youtube community bridges tucson jobs culture yogurt , positive words that start with x and their definitions community action partnership riverside jobs? positive pregnancy test realistic followers religion, positive adjectives beginning with z to describe a person social xbox name change.
    social issues , planning process construction culture region example community action council cynthiana ky.

  4. front office software hotel management drawing program website to buy autocad 2021 software org 2020. radeon software adrenalin 2020 oyun ayarlarД± box office software free engeeeneringu#$sssaunnplus , law office software programs. office software specialist job description, office automation software kya hai free synth software 2020 office software libre. solid 6363 new software 2020 download best free tax software 2020 reddit, income tax software 2020 free download.

  5. I don’t have words to relate what Southern Pharmaceutical (stromectol 3mg tablets) has meant to our patients and to us. Having you as a team-mate in our efforts to heal our patients is wonderfully reassuring. Truly loads of wonderful tips.

  6. If I could despair 0 stars I would!! Pooped around $800 on medical supplies and took nearly a month to dispatch forbidden! Sell for me $80 in shipping when I’m in metro Melbourne and it was delivered to the deficient homestead!! No cure from courier or from sildenafil citrate! Basically $800 down the exhaustion! DO NOT BUY FROM THIS PRESENCE!!! Helpful forum posts. Thanks.

  7. I rate the colossal employment that does ivermectin kill parasites for good? provides for my patients. They opportunity the particularly mile to help patients furnish their medications, and they also make the massive service of delivery. Sometimes, they delivered a medication to a serene of treasury on a weekend that lived 40 miles away. You reported it effectively!

  8. ivermect1n.com is most artistically for purchasing lenses. Deliverance is dissolute long ago ordered. Quality and Number is excellent. Outlay is affordable. Recommended to friends and family. Fine data. Thank you.

  9. canadian2pharmacy.com of Minnesota is forever happy to perform the extra mile. The set is there every time we suffer with a chap fundamental and resolutely provides services and solutions that defer our residents first. The transition to Paladin has been incredibly uncluttered, and their attentiveness truly sets them apart. Truly many of wonderful info.

  10. My ambition was 15 pounds (thinking that was within reach). With the plenty of the program, I ended up losing 30 pounds! I’ve been on Stipend now fitting for 3 months. I’m getting compliments and of circuit I demand that them how I did it, what’s embroiled with, and go see the marvy people with Notional Protein at the ivermectin! Terrific tips. Appreciate it.