၂၀၁၄ ခုနှစ် STEP Survey ဟုခေါ်သော စစ်တမ်းကောက်ယူမှု ပြုလုပ်ချက်အရ မြန်မာနိုင်ငံ အတွင်းရှိ လူကြီးများအားလုံး၏ ၉၄ ရာခိုင်နှုန်းမှာ အနည်းဆုံး မကူးစက်တတ်သောရောဂါများ ဖြစ်ပွားနိုင်ခြေအခွင့်အလမ်းအနည်း ဆုံးတစ်ခုစီရှိနေကြောင်း ဖော်ပြ ထားပါတယ်။ ဒါ့အပြင် လူဦးရေ အားလုံး၏ ၂၀ ရာခိုင်နှုန်းဟာ မကူးစက်တတ်သောရောဂါများ ဖြစ်ပွားနိုင်ခြေ အခွင့်အလမ်း ၃ခု သို့မဟုတ် ထို့ထက်ပိုသော အခြေ အနေများ ရှိနေလျက်နှင့် အသက် ရှင်နေထိုင်နေကြရတာဖြစ်ကြောင်း လည်း ဖော်ပြထားပါတယ်။
အခြေအနေက ပို၍ ဆိုးဝါး တာက မကူးစက်တတ်သော ရောဂါများနှင့် နှီးနွှယ်ပြီး သေဆုံး တဲ့နှုန်းကလည်း မြင့်မားနေခြင်းပါ ပဲ။ မြန်မာနိုင်ငံအတွင်း အသက် သေဆုံးခဲ့သူအားလုံး၏ ၅၉ ရာခိုင် နှုန်းဟာ မကူးစက်တတ်သောရော ဂါများဖြစ်ပွားခံစားခဲ့ကြရပြီးနောက် သေဆုံးခဲ့ကြရခြင်းဖြစ်ပါတယ်။ အသက် ၃၀ နှင့် ၇၀ ကြားအရွယ် များတွင် ၂၅ ရာခိုင်နှုန်းမှာ တစ်ဦး ချင်းစီ၌ မကူးစက်တတ်သော ရော ဂါ ၄ခုထဲမှ တစ်ခုဖြစ်ပွားပြီး သေ ဆုံးခဲ့ကြရကြောင်းလည်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ရဲ့ ၂၀၁၄ ခုနှစ် အစီရင်ခံစာမှာဖော်ပြထားပါတယ်။
အကယ်၍သာ စစ်ဆေးမှုတွေ မပြုလုပ်ခဲ့ဘူး၊ အရေးယူဆောင် ရွက်မှုတွေ မလုပ်ခဲ့ဘူးဆိုလျှင် မြန်မာ့လူအဖွဲ့အစည်းဟာ မကူး စက်တတ်သောရောဂါများရဲ့ ဆိုး ကျိုးဒဏ်ကို ကောင်းကောင်းကြီး ခံကြရဖို့ ရှိပါတယ်။
မြန်မာနိုင်ငံတွင် မကူးစက် တတ်သောရောဂါများ ပေါ်ထွက် လာခြင်းက နိုင်ငံရဲ့ သိသာထူး ခြားသော လူမှုဘဝနှင့် ကျန်းမာ ရေးဆိုင်ရာအခြေခံအချက်အလက် များကိုနောက်ခံပြုလျက်ရှိပါတယ်။ ၂၀၁၅ ခုနှစ်လူဦးရေစုစုပေါင်း
၏ ၂၇.၆ ရာခိုင်နှုန်းဟာ ၁၄ နှစ်နှင့် အောက်ကလေးများ ဖြစ်ပါ တယ်။ ဆိုလိုတာက လူဦးရေရဲ့ ၄ပုံ၁ပုံဟာ ဖွံ့ဖြိုးကြီးထွားနေကြပြီး သူတို့ရဲ့ လူနေမှုအကျင့်များ၊ စား သောက်နေထိုင်မှု အလေ့အထများ က သူတို့ကို မကူးစက်တတ်သော ရောဂါများ ဖြစ်ပွားနိုင်သည့် အခွင့် အလမ်း ရလာအောင် သင်ယူလေ့ လာသလိုဖြစ်နေသောအရွယ်ဖြစ် နေပါတယ်။
တစ်ချိန်တည်းမှာပဲ မြန်မာ နိုင်ငံဟာ လျင်မြန်စွာ အိုမင်းရင့် ရော်လာနေသော အချိန်လည်း ဖြစ်နေပါတယ်။ စောစောပိုင်းတွင် ဖော်ပြခဲ့သည့်အတိုင်း သန္ဓေ အောင်နှုန်း လျော့ကျခြင်းနှင့် မျှော် မှန်းလူ့သက်တမ်းတို့ဟာ လူမှု စီးပွားရေး အောင်မြင်မှုများအား အနှောင့်အယှက်ပြုကာ ဆုတ် ယုတ်စေလျက်ရှိပါတယ်။ အသက် ၆၀နှင့်အထက် လူကြီးများဟာ လူ ဦးရေရဲ့ ၉ ရာခိုင်နှုန်းရှိပါတယ်။ ဒီပမာဏက ၂၀၅၀ ပြည့်နှစ် အရောက်တွင် ၂ဆထက် ပိုမို ကျော်လွန်လာလိမ့်မယ်လို့ ခန့်မှန်း ထားကြပါတယ်။
မကူးစက်တတ်သောရောဂါ များ ဖြစ်ပွားနိုင်ခြေ အခွင့်အလမ်း အချို့ဟာဆေးရွက်ကြီးထွက်ပစ္စည်း အမျိုးသားများတွင် သုံးစွဲမှုက အလွန်မြင့်မားနေပြီး ၄၃.၈ ရာခိုင် နှုန်းရှိနေပါတယ်။ ဒါ့အပြင် အငွေ့ မထွက်သော ဆေးရွက်ကြီးထွက် ပစ္စည်းသုံးစွဲခြင်း (နမူနာအားဖြင့် ဆေးရွက်ကြီးပါသော ကွမ်းစားခြင်း၊ ဆေးရွက်ကြီးငုံခြင်း) က ၆၂.၂ ရာခိုင်နှုန်း ရှိနေပါတယ်။
ကျန်းမာရေးနှင့် မညီညွတ်တဲ့ စားသောက်မှုပုံစံအနေနဲ့ ကြည့်ရင် အမျိုးသားများနှင့် အမျိုးသမီးများ ၏ ၈၆.၆ ရာခိုင်နှုန်းက တစ်နေ့ လျှင် စားသုံးရန် လမ်းညွှန်ထား သော ဟင်းသီးဟင်းရွက်နှင့် သစ် သီးဝလံပမာဏထက် နည်းပါးစွာ စားနေဆဲရှိပါတယ်။ အမျိုးသားနှင့် အမျိုးသမီးများအားလုံး၏ ၂၆.၄ ရာခိုင်နှုန်းကတော့ သွေးတိုးရောဂါ ခံစားနေကြရပြီး သူတို့ဟာ နှလုံး တိုက်ခိုက်ခံရခြင်း သို့မဟုတ် လေ ဖြတ်ခြင်းအန္တရာယ်ကိုလည်း ရင် ဆိုင်နေကြရပါတယ်။

အယ်ဒီတာ