ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ လေ့လာတွေ့ရှိချက်များအရ ကမ္ဘာ တစ်ဝန်းတွင် လေထုညစ်ညမ်းမှုကြောင့် နှစ်စဉ် လူပေါင်း ၇ သန်း နီးပါးမှာ အရွယ်မတိုင်မီ သေဆုံးလျက်ရှိပြီး ၄သန်းခန့်မှာ အာရှပစိ ဖိတ်ဒေသမှ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်လေထုညစ်ညမ်းမှုကြောင့် နှစ်စဉ်လူပေါင်း ၂၂,ဝဝဝ ခန့် သေဆုံးလျက်ရှိကြောင်း၊ ၃-၆-၂၀၁၉ ရက်နေ့က ရန်ကုန်မြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ Junction City ၌ ပြုလုပ်ခဲ့သော ကမ္ဘာ့ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်ဓာတ်ပုံပြပွဲမှ သိရပါတယ်။

ကမ္ဘာ့ပတ်ဝန်းကျင်အညွှန်းကိန်းတွင် မြန်မာနိုင်ငံသည် ကမ္ဘာ ပေါ်တွင် လေထုညစ်ညမ်းမှုအများဆုံး နိုင်ငံ ၁၅ နိုင်ငံတွင် ပါဝင်နေပြီး နှစ်စဉ် ဇန်နဝါရီလမှ ဧပြီလ အထိသည် လေထုညစ်ညမ်းမှု အများဆုံးဖြစ်ပွားသောလများဖြစ်ကြောင်းလည်း အဆိုပါဓာတ်ပုံပြပွဲ ၌ ပြသထားသော ဓာတ်ပုံများမှ သိရပါတယ်။
မြန်မာနိုင်ငံရှိ လူဦးရေ ၈၀ ရာခိုင်နှုန်းခန့်မှာ ထမင်းဟင်းကို ထင်းနှင့် ချက်ပြုတ်ကြခြင်း၊ ရေနံဆီနဲ့ မီးထွန်းခြင်းတို့ကို ပြုလုပ်လျက်ရှိကြောင်း၊ ထိုအကြောင်းရင်း များမှာ အိမ်တွင်းလေထုညစ်ညမ်းမှုကို သိသိသာသာမြင့်တက်စေပြီး အထူးသဖြင့် အမျိုးသမီးများနှင့် ကလေးငယ်များ၏ ကျန်းမာရေးကို ထိခိုက်စေကြောင်း၊ ထို့ပြင် အကြီး စားတောင်ယာမီးရှို့စိုက်ပျိုးမှုများမှ ထွက်ရှိသောအဆိပ်အတောက်အငွေ့ များနှင့် ကျေးလက်ဒေသများတွင် အမှိုက်သရိုက်များ မီးရှို့ခြင်းတို့ သည် နိုင်ငံတစ်ဝှမ်းရှိ ပြင်ပလေထုအား ညစ်ညမ်းစေသည့်အကြောင်း ရင်းများဖြစ်ကြောင်းသိရပါတယ်။

အဆိုပါဓာတ်ပုံပြပွဲမှာ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ ကိုယ် စားလှယ်အဖွဲ့မှ အများပြည်သူ အသိပညာတိုးပွားလာစေရန် ပြုလုပ်ခြင်း ဖြစ်ပြီး ၃-၆-၂၀၁၉ ရက်နေ့မှ ၆-၆-၂၀၁၉ ရက်နေ့အထိ ပြသခဲ့ကြောင်း သိရပါတယ်။

အိ