ပြီးခဲ့သည့်အပတ်က ၁၅၆၈ခု နှစ် ကမ္ဘောဇသာဒီနန်းတော်သစ် တည်ဆောက်ပြီးစီးခဲ့ကြောင်း ဖော် ပြခဲ့ပြီးဖြစ်သည်။ ၁၅၆၈ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့တွင် ဘုရင့် နောင်မင်းတရားကြီးကတောင်ဘက် ဇင်းမယ်တံခါးမှဝင်ပြီး အနောက်ကိုလည်းလှည့်ကာ နန်း တက်တော်မူခဲ့ခြင်းဖြစ်သည်။
ကမ္ဘောဇသာဒီ နန်း တော်သစ်ကြီးကို တည် ဆောက်ရာတွင် တကယ် တမ်းဆိုရလျှင် ဤနှစ်တွင် အစုံအလင် လုံးဝပြီးစီး သွားခြင်းမရှိသေးပါ။ ကျန် ရှိနေသေးသောအဆောက် အအုံများကို နောက်ထပ် နှစ်အနည်းငယ်ကြာမှထပ်မံ တည်ဆောက်ရတာဖြစ်သည်။
အဘယ့်ကြောင့် တစ် ဆက် တည်းပြီးစီးအောင် ဆောက်လုပ်ခြင်းမပြုနိုင်ခဲ့ သလဲဆိုသော် နန်းတက် တော်မူပြီးနှစ်တွင် ပြဿ နာ အရေးတော်တစ်ခု ပေါ်ခဲ့သည်။
ဖြစ်ပုံမှာ မင်းနေပြည်တော်၌ ထိုစဉ်က လူဦးရေများလွန်း၍ စပါး တစ်တင်းလျှင် ကြေးစင် ၅ ပိဿာပေးပြီး ဝယ်ရသည့်အခြေ အနေအထိ ကုန်ဈေးနှုန်းကြီးမြင့်၊ စားနပ်ရိက္ခာ ရှားပါးခဲ့သည်။ ထို့ ကြောင့် (ဘုရင့်နောင်မင်းတရား ကြီး၏ အမိန့်တော်နှင့် ဟုတ်၊ မဟုတ်တော့ ရှာမတွေ့ရသော် လည်း) ပုဂံမင်းက ဆင် ၁၀ဝ၊ မြင်း ၁၀ဝဝ၊ သူရဲ ၂၀ဝဝဝ နှင့် ယခု ထိုင်းနိုင်ငံ လင်းဇင်းမြို့နယ်အတွင်း ရှိ ကျေးရွာများတွင် စပါးများ သိမ်းယူခိုင်းခဲ့သည်ဟု ဆိုသည်။ လင်းဇင်းမြို့နယ်စားတွေက ခုခံကြ သောကြောင့် ပုဂံမင်း၏တပ်ပျက် ပြီး ဆုတ်ခွာလာခဲ့ရသည်။ ပြန် လည်ဆုတ်ခွာလာရသည့် ပုဂံမင်း နှင့် တပ်သားများကို မီးတိုက်သတ် ရမည်ဟု အမိန့်တော်ပေးခြင်း ကြောင့် မီးတိုက်သည်။ ထိုအခါ ရဟန်းတော်များက မီးငြှိမ်းပြီး တပ် သားတွေကို ဘုန်းကြီးကျောင်းတွေ မှာ ခေါ်ယူပြီး ထိန်းသိမ်းစောင့် ရှောက်ထားသည်။ မင်းတရားကြီး က နောက်ထပ်ဘာမျှ အမိန့်မပေး တော့ဘဲ လျစ်လျူရှုခဲ့သည်။
တစ်ဖန် နောက်ထပ် အရေး တော်တစ်ခု ပေါ်ခဲ့ပြန်သည်။ ပထမအကြိမ်ယိုးဒယား(အယုဒ္ဓယ) ကို အောင်မြင်ခဲ့စဉ်က ဖမ်းဆီး ခေါ်ဆောင်လာခဲ့သော ထိုင်းဘုရင် ကို ပဲခူးဟံသာဝတီနေပြည်တော်၌ ရဟန်းဝတ်နှင့် သီတင်းသုံးစေခဲ့ သည်။ ယိုးဒယားမင်း ရဟန်းက အယုဒ္ဓယသို့ ဘုရားဖူးရန်ပြန်မည် ဟု ခွင့်တောင်းသောကြောင့် ပြန် ခွင့်ပြုလိုက်သည်။ ယိုးဒယားမင်း ရဟန်းက အယုဒ္ဓယသို့ ရောက် သောအခါ လူထွက်ပြီး ပဲခူးဟံသာ ဝတီကို တော်လှန်ပုန်ကန်လိုက် သည်။ ထို့ကြောင့် အယုဒ္ဓယကို စစ်ချီဖို့ ပြင်ဆင်ခဲ့ရပြန်သည်။ ဤ ဒုတိယအကြိမ် စစ်ပွဲအကြောင်းကို နောက်မှ ဖော်ပြပေးပါမည်။ ယခု လောလောဆယ် ကမ္ဘောဇသာဒီ နန်းတော် ဆက်လက်တည် ဆောက်ပုံ အကြောင်းအရာများကို ဖော်ပြလိုပါသည်။ ၁၅၆၈နှစ်အောက် တိုဘာလတွင် ယိုးဒယားသို့ စစ်ချီ ခဲ့ပြီးနောက် အယုဒ္ဓယမြို့ကို ပထမအကြိမ်တုန်းကလို ချက်ချင်း သိမ်းပိုက်နိုင်ကြတာ မဟုတ်ချေ။ လနှင့်ချီ၍ ဝန်းရံပြီး တိုက်ခိုက်ခဲ့ရ သည်။ ၁၅၆၉ ခုနှစ်အတွင်းဝင် ရောက်ခဲ့သည်။ ယိုးဒယား လင်း ဇင်းတပ်ကလည်း မြန်မာတို့ကို လာ ရောက်တိုက်ခိုက်သည်။ ၁၅၆၉ခုနှစ် ဇူလိုင်လရောက်တော့မှ အယုဒ္ဓယ ကို သိမ်းပိုက်နိုင်ခဲ့သည်။ ထို့နောက် လင်းဇင်းသို့ ဆက်လက်၍ စစ်ချီ ရပြန်သည်။ လင်းဇင်းကို အောင် နိုင်ပြီးသောအခါ ယိုးဒယားမြို့တစ် မြို့ဖြစ်သော ပိဿလောက်ကို ချီ ခဲ့ရပြန်သည်။ အတိုချုံး၍ပြောရ လျှင် ၁၅၇၀-၇၁ခုနှစ်ဇွန်လရောက် တော့မှ ပဲးခူဟံသာဝတီနေပြည် တော်သို့ ပြန်လည်ရောက်ရှိခဲ့ကြ တာဖြစ်သည်။


ထို့ကြောင့် ၁၅၆၈ ခုနှစ်တွင် ရပ်နားခဲ့သော ကမ္ဘောဇသာဒီ ပဲခူးဟံသာဝတီနန်းတော် တည် ဆောက်ရေးလုပ်ငန်းများ၏ ကျန် ရစ်နေသေးသော ဆောက်လုပ်ရေး လုပ်ငန်းများကို ၁၅၇၀-၇၁ ခုနှစ် ဒီဇင်ဘာလရောက်တော့မှ ဆက် လက်ဆောက်လုပ်ခဲ့ရတာဖြစ်သည်။ ၁၅၇၂ခုနှစ်ဇန်နဝါရီလတွင် လွှတ် တော်အဆောက်အဦ ဆောက်လုပ် ပြီးစီး၍လွှတ်တော်တက်နိုင်ခဲ့သည်။
သို့ဖြစ်ရာ ၁၅၆၆ခုနှစ် အောက်တိုဘာကတည်းက စတင် တည်ဆောက်လာခဲ့သည့် မြို့တော် ကမ္ဘောဇသာဒီနန်းတော်ကြီးမှာ ၅ နှစ်အကြာ ၁၅၇၁ ခုနှစ်ရောက်တော့မှ လွှတ်တော်အဆောက်အဦလည်း ဆောက်လုပ်ပြီးစီးပြီး မြို့တော်အင်္ဂါ စုံလင်ခဲ့တာဖြစ်သည်။ မြို့တော် တည်ဆောက်ချိန် စုစုပေါင်း ၅နှစ် တာကြာခဲ့တာဖြစ်သည်။
ယခု ကမ္ဘောဇသာဒီနန်းတော် ကြီးကို ပြန်လည်တူးဖော်ပြီး ဆောက်လုပ်ခဲ့သည့် အဆောင် နေရာများကို ပြန်လည်စစ်ဆေး မှန်းဆပုံဖော်ရေးဆွဲကြည့်ခဲ့ကြသော အခါ အလယ်တွင် ဘုံခုနစ်ဆင့် ပါဝင်သော ရွှေနန်းပြာသာဒ်နှင့် အဆောင်ကြီးတစ်ခုရှိသည်။ ထို အဆောင်မှာ ဘုရင်ပလ္လင်တော် တည်ရှိရာအဆောင်ဖြစ်သည်။ ဘေးပတ်ပတ်လည်တွင် ရှေ့ဘက် ၌ ရွှေနန်းဆောင် ၃ခု၊ နောက် ဘက်၌ ရွှေနန်းဆောင် ၃ခုက ဝန်း ရံထားသည်။ ထို့ပြင် ရေကန်၊ ဥယျာဉ်၊ သဘင်ဆောင်၊ နွားတင်းကုပ်၊ဘုရားဆောင်၊ လက်ဝတ်ရတနာတိုက်၊ အပျိုတော်ဆောင်၊ မိန်းမ အစေအပါးဆောင်၊ လက်ပါးစေအဆောင်၊ မြင်းတင်းကုပ်၊ ရဲတိုက်၊ လက်နက်တိုက်၊သားဖွား ဆောင်၊ ဆင်တင်းကုပ်၊ ဝေါအမှုထမ်း၊ ကိုယ်ရံ တော်တပ်၊တိရစ္ဆာန်ဥယျာဉ်၊ အလှူပေး တရားတော် နာ ကန္နားစည်းစသဖြင့် အဆောင်များရှိခဲ့မည်ဟု မှန်းဆရေးဆွဲထားသည်ကို ဆရာကြီး ဒေါက်တာ သန်းထွန်း၏စာအုပ်တွင် တွေ့ရှိရပါသည်။ စက် ပစ်၊ လှံထိုးလေ့ကျင့်ရာနေရာဟု သတ်မှတ်ထားသည်ကိုလည်း တွေ့ ရသည်။
မိမိတို့ ကမ္ဘောဇသာဒီနန်း တော်နေရာဟောင်းတွင် အသစ် ပြန်လည်တည်ဆောက်ထားသော နန်းတော်သစ်ကြီးကို လာရောက် လေ့လာခဲ့သောအခါ ကမ္ဘောဇသာ ဒီနန်းတော် ဘုရင်နန်းပြာသာဒ် ဆောင်နေရာဖြစ်ကြောင်း မှတ် တမ်းတင်ရေးသားထားသော ဆိုင်း ဘုတ်ကို တွေ့ရှိရသည်။
ဤနေရာကို ၁၉၉၁ ခုနှစ်က တူးဖော်ခဲ့ကြခြင်းဖြစ်ပြီး ဤနန်း ပြာသာဒ်ကြီးတွင် အသုံးပြုခဲ့သော ကျွန်းတိုင်ကြီးများကို ပြသထား သည်။ စုစုပေါင်း ကျွန်းတိုင်ကြီး ၁၇၆ တိုင်တူးဖော်တွေ့ရှိခဲ့ရသည်။ ကျွန်းတိုင်တစ်ခုစီအား ဘုရင့် နောင်၏ပိုင်နက်နိုင်ငံတော်အတွင်း နယ်ပယ်ဒေသအသီးသီးမှ မှူးမတ် များက ဆက်သခဲ့သော ကျွန်းတိုင် များဖြစ်ကြောင်း၊ အဘယ့်ကြောင့် ဆိုသော် ကျွန်းတိုင်တစ်လုံးစီ၏ အောက်ခြေတွင် ရေးထိုးထွင်းထု ထားသော စာများအရ ဖော်ပြ ထားခြင်းကြောင့်ဖြစ်ကြောင်း၊ ကျွန်းတိုင် ၁၇၆ တိုင် တူးဖော်ရရှိ သည့်အနက် ၁၃၆ တိုင် အဆိုပါ ကျွန်းတိုင်ကို ဆက်သသည့် မှူး မတ်မြို့စား နယ်စား စော်ဘွား၂ အမည်နှင့် မြို့ ကျွန်းတိုင်ထုတ်ယူ ရာ ဒေသအမည်များကို ကျွန်းတိုင် များ၏အောက်ခြေတွင်မွန်- မြန်မာ နှစ်ဘာသာဖြင့် သစ်သားကိုထွင်း ၍ ရေးထိုးထားခြင်း ဖြစ်သည်။ ကျွန်းတိုင်များတွင် မော်လမြိုင်သစ်၊ မိုးကောင်းသစ်၊ ပြည်သစ်၊ သာယာ ဝတီသစ်စသည့် မြို့အမည်များ ရေးထွင်းထားသည်။ နေမျိုးကျော် ထင်၊ လက်ယာနန္ဒသူ စသည့် မှူးမတ်အမည်များကိုလည်း ရေး ထိုးထားသည်ကို ဖတ်ရှုတွေ့ရှိခဲ့ရ သည်။
ဆက်ရန်

ဒေါက်ထွေး(ဆေး/မန်း)