ယခင်အပတ်မှ အဆက်

(၃) ပူဒီနာရွက်
ပူဒီနာရွက်ကလည်း မျက်လုံးအောက်မည်းတာနဲ့ မျက်ကွင်းညို တာတွေကို ပျောက်ကင်းစေနိုင်ပါတယ်။ ပူဒီနာရွက်အနည်းငယ်ကို ကျိတ်စက် (Blender) ထဲထည့်၍ ကျိတ်လိုက်ပါ။ ထိုအနှစ်များကို မျက်လုံးပေါ်ကိုအုပ်ကာ ၁၅ မိနစ် – မိနစ် ၂၀ ခန့်ထားပါ။ ထို့နောက် ပူဒီနာရွက်အနှစ်များကိုခွာ၍ ရေဆေးချပါ။

(၄) လက်ဖက်ခြောက်အိတ် (Tea Bags)
မျက်ကွင်းညိုတာကို နောက်ထပ်ကုသနိုင်တဲ့နည်းလမ်း တစ်ခု ကတော့ Tea Bag ရေနွေးအိတ်လေးတွေကပ်ပေးတာပါ။ Tea Bag အိတ်ကို ရေနွေးထဲခဏစိမ်လိုက်ပါ။ ထို့နောက် ထိုရေနွေးအိတ်ကို မျက်စိပေါ်မှာ ၁၅ မိနစ်လောက်ထားလိုက်ပါ။

(၅) အာလူး
အာလူးကို ပါးပါးလှီးပြီး ကျေအောင်ချေပါ။ ထို့နောက် မျက်လုံးပေါ်မှာ ပတ်တီးစပါးပါးကိုတင်ပြီး ကျိတ်ချေထားသော အာလူးများကို ထိုပတ်တီးစပေါ်တင်လိုက်ပါ။ ၁၅ မိနစ်လောက်ထားပြီးနောက် အာလူးများကိုဖယ်၍ သန့်စင်လိုက်ပါ။ ထို့နောက် ဗီတာမင် A နှင့် E ခရင်မ်ကို လိမ်းပေးပါ။
Ref : fashionbeautynews.com

ပန်းသွေးခြယ်