ကလေးငယ်ရှိတဲ့ မေမေတွေအနေနဲ့ ကလေးထိန်းရင်း လေ့ကျင့်နိုင်တဲ့ လေ့ကျင့်ခန်းတွေကိုဖော်ပြပေးလိုက်ပါတယ်။ ဒီလေ့ကျင့်ခန်းတွေက ဘယ်သူမဆို လုပ်နိုင်တဲ့ လေ့ကျင့်ခန်းတွေပါ။

ဝမ်းဗိုက်ကွေးသည့် လေ့ကျင့်ခန်း

အဆင့် (၁)
ကြမ်းပြင်ပေါ်မှာ ပက်လက်အိပ်၍ ကလေးကို ဝမ်းဗိုက်ပေါ် တင်ထားပါ။ ဒူးနှစ်ဖက်ကို ကွေးထားပါ။

အဆင့် (၂)
ဦးခေါင်းကို ကြမ်းပြင်ပေါ်မှခွာ၍ ကလေးကို မြူလိုက်၊ ဦးခေါင်းကို ကြမ်းပြင်ပေါ်ပြန်ချလိုက် ပြုလုပ် ပါ။
* ထိုကဲ့သို့ အနည်းဆုံး ၁၀ ကြိမ် ပြုလုပ်ပေးပါ။

ဆူမိုဆောင့်ကြောင့်ထိုင် လေ့ကျင့်ခန်း

 

အဆင့် (၁)
ကြမ်းပြင်ပေါ် မတ်တတ်ရပ်၍ ကလေးကို ရင်ခွင် မှာ ပိုက်ထားပါ။

အဆင့် (၂)
တင်ပါးကို ဆောင့်ကြောင့် ထိုင်သည့်ပုံစံ အောက်ဖက်သို့ချလိုက်ပါ။

အဆင့် (၃)
ထို့နောက်ပြန်၍ မတ်မတ်ရပ်လိုက်ပါ။
** ထိုကဲ့သို့ အနည်းဆုံး ၁၀ ကြိမ် ပြုလုပ်ပါ။

အိ