ဖီးလစ်မောရစ်စီးကရက်ကုမ္ပဏီ (PMI) ကြီးက ကမ္ဘာ့ဆေးလိပ် မသောက်ရေးနေ့ကို အသုံးချပြီး ဗီယက်နမ်နိုင်ငံအတွင်းမှာ ဆေး လိပ်အစားထိုး ဆေးရွက်ကြီးထွက် ပစ္စည်းများအားသုံးစွဲရန် မသိမသာ လှုံ့ဆော်သွားခဲ့ပါတယ်။
တကယ်တော့ PMI ကုမ္ပဏီဟာ ဆေးလိပ်ထုတ်လုပ်တဲ့ ကုမ္ပဏီ ကြီးတစ်ခုဖြစ်ပြီး သူ့ရဲ့ အနာဂတ်က ဆေးလိပ်သောက်နေကြသော ကမ္ဘာပေါ်ရှိ အမျိုးသားများနှင့် အမျိုးသမီးများကို စီးကရက် ထက်ပိုကောင်းတဲ့ ဆေးရွက်ကြီးထွက်ပစ္စည်းအစားထိုးသုံးစွဲရန် ဆွဲဆောင်နေသော လမ်းကြောင်းပေါ်၌ ရှိနေသူဖြစ်ပါတယ်။
ဆေးလိပ်မဖြတ်နိုင်သေးသော အမျိုးသားများနဲ့ အမျိုးသမီးများကို မီးခိုးငွေ့မထွက်သော အခြားဆေးရွက်ကြီးထွက်ပစ္စည်းနဲ့ အစားထိုးသုံးစွဲဖို့ အားပေးမြှင့်တင် ခဲ့ခြင်းဖြစ်ပါတယ်။
ဆေးလိပ်မသောက်သည့်သူများအား တစ်ဆင့်ခံ ဆေးလိပ်ငွေ့ ရှူရှိုက်ရခြင်းမှကာကွယ်ရန် အတွက်နှင့် ဤကဲ့သို့ ကာကွယ်ရန် မှာလည်း ဆေးလိပ်သောက်သူများရဲ့ အရေးကြီးဆုံး တာဝန်ရှိမှု ဖြစ်တယ်လို့လည်း လူကြားကောင်းအောင်ဆိုလိုက်ပါသေးတယ်။ ၎င်းတို့ဟာ ဥပဒေမှ ခွင့်ပြုထားသော နေရာများ၌သာ ဆေးလိပ်သောက် ခွင့်ရကြပြီး အခြားသော ဆေးလိပ် နှင့် ဆေးရွက်ကြီးထိန်းချုပ်ရေး ဥပဒေပုဒ်မများကိုလည်း လိုက်နာ နေကြရတာဖြစ်သတဲ့။ ဆေးလိပ်သောက်သူများအနေနဲ့ ဆေးလိပ် မီးခိုးငွေ့မထွက်သော အခြားအစားထိုးပစ္စည်းများကို ရှာဖွေဖော်ထုတ် နိုင်သော အခွင့်အရေးလည်း ရှိတယ်ဆိုပြီး PMI ကုမ္ပဏီကြီးက အားပေးအားမြှောက်ပြုပြီး ကြေညာခဲ့ပါတယ်။
ယမန်နှစ် ၂၀၁၈ ဇွန်လတုန်းကလည်း PMI ကုမ္ပဏီကြီးက အလားတူ သတင်းထုတ်ပြန်ချက် တစ်ရပ်ကို ပြုလုပ်ခဲ့ပါတယ်။
ယနေ့ ဗီယက်နမ်နိုင်ငံတွင် ဆေးလိပ်သမား ၁၇သန်းခန့်ရှိ ကြောင်း၊ အများစုမှာ စီးကရက် အစားထိုးနိုင်သော အခြားပို၍ ကောင်းသော ဆေးရွက်ကြီးထွက် ပစ္စည်းကို သုံးစွဲရန် စိတ်အား ထက်သန်လျက် ရှိကြကြောင်း၊ ၎င်းတို့အနေနဲ့လုံလောက်သော သတင်းအချက် အလက်များရရှိရန် အရေးကြီးကြောင်းနှင့် မီးခိုးငွေ့ မထွက်သော ဆေးရွက်ကြီးထွက်ပစ္စည်းများကိုလက်လှမ်းမီနိုင်အောင် ဥပဒေအရ လုပ်ဆောင်ပေးသင့်ကြောင်းလည်းဖော်ပြခဲ့ပါတယ်။ ဤကဲ့သို့ မြန်နိုင်သမျှ အမြန်ဆုံး ဖြစ်လာစေရန်အတွက်မိမိတို့ကုမ္ပဏီ အနေနဲ့ တစ်ဦးတည်းလုပ်၍မရ ကြောင်း၊ ဗီယက်နမ်အစိုးရနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဒါ့အပြင် ပြည်သူ့ ကျန်းမာရေးအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်ရန်လို ကြောင်း၊ ထို့နောက် သိပ္ပံနည်းကျ ရေရှည်တည်တံ့နိုင်သော မီးခိုးငွေ့ ကင်းသည့် ဆေးရွက်ကြီးထွက် ပစ္စည်းများကို သိပ္ပံနည်းကျ ဘယ်လို သုံးစွဲနိုင်မယ်ဆိုတာ စုံစမ်းလေ့ လာဖော်ထုတ်ဖို့လိုအပ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။ အဲဒီ မီးခိုးငွေ့မထွက်တဲ့ ဆေးရွက်ကြီး ထွက်ပစ္စည်းကို ပြည်သူ့ကျန်းမာရေး မဟာဗျူဟာထဲမှာ ထည့်သွင်း ပြီး ဆေးလိပ်မသောက်ရေးနှင့် ဆေးလိပ်ဖြတ်ရေးလုပ်ငန်းများနှင့် တစ်ပြေးညီ အတူတကွ အကောင် အထည်ဖော်ကြရမှာဖြစ်ကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။ PMI ကုမ္ပဏီဟာ နိုင်ငံတကာဈေးကွက်ကို လွန်ခဲ့တဲ့ ၂၅နှစ်ကတည်းက ချဲ့ထွင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်မှာ ဗီယက်နမ်နိုင်ငံအတွင်း PMI ကုမ္ပဏီက ဗီယက်နမ်အစိုးရပိုင် Vinataba အမည်ရှိ ကုမ္ပဏီ တစ်ခုနှင့် ဖက်စပ် ထူထောင်ခဲ့ပါ တယ်။
PMI ကုမ္ပဏီသည် ၁၉၉၀ ပြည့်လွန်နှစ်များကတည်းက အမေရိကန်နိုင်ငံတွင် စတင်တည် ထောင်ခဲ့တာဖြစ်ပြီး ၂၀၁၉ ခုနှစ် တွင် ၂၅နှစ်မြောက် ငွေရတုအခမ်း အနားကို ဗီယက်နမ်နိုင်ငံမှာ ဆင် နွှဲမှာ ဖြစ်ပါတယ်။
Ref : SEATCA

 

အယ်ဒီတာ