SEATCA ဆိုတာ အရှေ့ တောင်အာရှဆေးရွက်ကြီးထိန်းချုပ် ရေးမဟာမိတ်အဖွဲ့ဖြစ်ပါတယ်။ ဒီအဖွဲ့ကြီးက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO FCTC လမ်းညွှန်များနှင့် အညီ ရေးဆွဲဖော်ထုတ်ထားသော ဆေးလိပ်ငွေ့ကင်းစင်ရေးအညွှန်းကိန်း (Smoke Free Index) ကို ဖော်ထုတ်ပြဋ္ဌာန်းထားခဲ့ပါတယ်။ ၂၀၁၆ခုနှစ်မှာ ပထမဦးဆုံးအကြိမ် ထုတ်ပြန်ခဲ့တာဖြစ်ပြီး ၂၀၁၇ ခုနှစ် မှာ ခေတ်မီအောင် အသစ်ပြုပြင် ပြဋ္ဌာန်းခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် အတွင်းမှာလည်းနောက်ထပ်ပြုပြင် ထားသော ခေတ်အမီဆုံး ထုတ်ပြန်ချက်တစ်ခု ထွက်လာဖို့ရှိပါတယ်။ ဒီအညွှန်းကိန်းထဲမှာ ဆေးလိပ်ကုမ္ပဏီများရဲ့ ဝင်ရောက်နှောင့် ယှက်မှုအညွှန်းကိန်းတွေ၊ ဆေးရွက်ကြီးအခွန်ကောက်ခံခြင်းအညွှန်း ကိန်းတွေ၊ ဆေးလိပ်ဘူးခွံထုပ်ပိုးခြင်းနှင့် အညွှန်းတပ်ခြင်းဆိုင်ရာ အညွှန်းကိန်းတွေ၊ ဆေးရွက်ကြီး ထွက်ပစ္စည်းများ ကြော်ငြာခြင်း၊ အရောင်းမြှင့်တင်ခြင်းနှင့် စပွန် ဆာပေးခြင်းဆိုင်ရာအညွှန်းကိန်း တွေလည်း ပါဝင်ပါတယ်။
ဖီးလစ်မောရစ်ကုမ္ပဏီက FSFW = Foundation for a Smoke Free World ဟူသော အမည်ဖြင့် ဖောင်ဒေးရှင်းတစ်ခုကို တည်ထောင်ထားပါတယ်။ ဖီးလစ် မောရစ်နှင့် သူ့ရဲ့အထောက်အပံ့ခံ FSFW တို့က ၂၀၁၇ ခုနှစ်မှာ စုစု ပေါင်း အမေရိကန်ဒေါ်လာ သန်း ပေါင်း ၉၆၀ ကို အသုံးပြုပြီး ကုမ္ပဏီ ရဲ့ အနာဂတ်ဆေးလိပ်ငွေ့ကင်းစင်ရေး Smoke Free Future အမည်ရှိ စီမံချက်ကို အကောင်အထည်ဖော်မယ်လို့ ကြေညာထားပါတယ်။ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၈၀ နှုန်းသုံးပြီး ၁၂နှစ်ကြာအောင် အကောင်အထည်ဖော်မဲ့ စီမံကိန်းဖြစ်ပါတယ်။
တကယ်တော့ ဖီးလစ်မောရစ် ကုမ္ပဏီရော FSFW ရော နိုင်ငံ တကာမှာ လက်ခံထားပြီးဖြစ်သော Smoke Free ဆိုတဲ့ ဝေါဟာရကို တလွဲအသုံးပြုပြီး Cigarette Free = စီးကရက်ကင်းစင်ရေးဆိုပြီး အဓိပ္ပာယ်ပြောင်းလဲ ဖွင့်ဆိုကာ သူ့ရဲ့ စီမံကိန်းဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ဆိုရလျှင် ဖီးလစ်မောရစ်ကုမ္ပဏီက အီးစီးကရက်လို အီလက်ထရော နစ်နည်းဖြင့် အပူပေးခြင်းအားဖြင့် သုံးစွဲသော ဆေးရွက်ကြီးထွက် ပစ္စည်း (Heated Tobacco Product = HTPs) များကို ရည်ညွှန်းခြင်းဖြစ် ပါတယ်။ အီလက်ထရောနစ်နည်း ဖြင့် နီကိုတင်းကို ဖြန့်ဖြူးပေးသော စနစ် (ENDS = Electronic Nicotine Delivery System) ပစ္စည်း များလည်း ပါဝင်ပါတယ်။ ဒီဆေး ရွက်ကြီးထွက်ပစ္စည်းများဟာ သမားရိုးကျ စီးကရက်များ၊ ဆေး လိပ်ဖင်စီခံလို ဆင်တူယိုးမှားပစ္စည်းများ အပျော့စား သို့မဟုတ် ကတ္တရာ စေးပါဝင်မှုနည်းသော စီးကရက်များထက်ပို၍ ဘေးကင်းစိတ်ချရ သော အစားထိုးနိုင်သည့် ပစ္စည်းများသဖွယ် အရောင်းမြှင့်တင်လျက်ရှိကြပါတယ်။
ဒီလိုအရောင်းမြှင့်တင်မှု ကြေညာမှုများက ဆေးလိပ်ကုမ္ပဏီများဟာ ဆေးလိပ်သောက်သူများအား ကျန်းမာရေးအန္တရာယ်အခွင့်အလမ်းတွေ လျှော့ချပေးနိုင်သယောင်ယောင် မှားယွင်းသော အာမခံချက်တွေ ပေးနေခြင်းပင် ဖြစ်ပါတယ်။
၂၀၁၉ခုနှစ်မတ်လတွင် ဖီးလစ်မောရစ်က ရန်ပုံငွေထောက်ပံ့ပေးထားတဲ့ FSFW ဆေးလိပ်ကုမ္ပဏီက သူတို့ဟာ သုတေသနကုမ္ပဏီတစ် ခုကို လေ့လာမှုတစ်ခုပြုလုပ်ရန် အပ်နှံထားပြီးဖြစ်ကြောင်း၊ အဲဒီ လေ့လာမှုက ပထမဦးဆုံးသော ဆေးလိပ်ငွေ့ကင်းစင်သည့် အညွှန်းကိန်း (The First Ever Smoke-Free Index) ကို ဖော်ထုတ်ရန်ဖြစ်ကြောင်းကြေညာခဲ့ပါတယ်။ ဒီလေ့လာမှုထဲမှာ ဆေးရွက်ကြီး ကုမ္ပဏီ ၁၅ ခုအား သမားရိုးကျ စီးကရက်များ ထုတ်လုပ်နေခြင်းမှ Smoke Free ထုတ်ကုန်ပစ္စည်းများ ပြောင်းလဲထုတ်လုပ်ရန် ဆောင်ရွက်မှုများအား သုံးသပ်မည့် လေ့ လာမှု ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဇန်နဝါရီလကတည်းက FSFW က အမေရိကန်ပြည်ထောင်စု မှတ်ပုံတင်ရုံးသို့ (Smoke Free Index) မူပိုင်ခွင့်အတွက် လျှောက်လွှာတင်ခဲ့ပါတယ်။ အလားတူ လျှောက်လွှာတင်မှု များကို အီးယူ၊ ဆွစ်ဇာလန်နှင့် ယူကေနိုင်ငံများမှာလည်း တင်ခဲ့ပါတယ်။ အမှန် တကယ်တော့ ၂၀၁၆ခုနှစ်က တည်းက ပထမဆုံး ထုတ်ပြန်ခဲ့တဲ့ SEATCA ရဲ့ Smoke Free Index ဆိုတာ ရှိခဲ့ပြီးဖြစ်ပါတယ်။ FSFW က အဲဒီစကားလုံးကို သူ့ရဲ့ ကိုယ်ပိုင်ကုန်သွယ်ရေးအမှတ်အသား အဖြစ် အသုံးပြုကာ အများပြည် သူအား စိတ်ရှုပ်ထွေးအောင် လမ်းမှားဖြင့် လုပ်ဆောင်လျက်ရှိပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အဆိုအရ ENDS ဟူသော ကုန်ပစ္စည်းများဟာ အမျိုးမျိုးသော အန္တရာယ်ရှိနိုင်သည့် ဓာတ်ငွေ့များ ပါဝင်လျက်ရှိကြောင်း သိရပါတယ်။ အများစုသော ပါဝင်တဲ့ဓာတု ပစ္စည်းများဟာ အဆိပ်အတောက် ဖြစ်စေပြီး ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်စေနိုင်ပါတယ်။ ခန္ဓာကိုယ်အတွင်း ရောဂါဗေဒဆိုင်ရာ ပြောင်းလဲမှုများကို သိသာစွာ ဖြစ်စေနိုင်ပါတယ်။ ကင်ဆာ ရောဂါလည်း ဖြစ်စေနိုင်ပါတယ်။ သမားရိုးကျ စီးကရက်များရော၊ HTPS နှင့်ENDS စတဲ့ အီးစီးက ရက်အမျိုးမျိုးကော လူသားများ၏ အဆုတ်ကလာပ်စည်းများအား အဆိပ်အတောက် ဖြစ်စေနိုင်ပါတယ်။

အယ်ဒီတာ