ပိုတက်စီယမ်ဆိုတာ သတ္တု ဓာတ်ဆားတစ်မျိုးဖြစ်ပြီး လူ့ခန္ဓာ ကိုယ်ထဲက ကြွက်သားနဲ့ အာရုံခံ နာဗ်ကြောများအတွက် အားဆေး တစ်မျိုးမို့ ညောင်းညာကိုက်ခဲခြင်းမှ သင့်အား ကင်းဝေးစေပါတယ်။ ဒီ ပြင် တစ်သျှူးများနဲ့ ကလာပ်စည်းများ ပုံမှန်အလုပ်လုပ်နေစေဖို့ ကူညီတယ်။ ကလာပ်စည်းတွေ ကိုယ့်အလုပ်ကိုယ် ပုံမှန်လုပ်နေစေရန် လျှပ်စစ်ဓာတ်စီးနေသလို အဆက်မပြတ် လုပ်ရန် ကူညီပေးပါတယ်။ လူ့နှလုံးကလည်း ကြွက်သားတွေနဲ့ ဖွဲ့စည်းထားတာမို့ နှလုံးထဲက သွေးတွေကိုလည်း အရည် တစ်မျိုးဖြစ်တာမို့ လျှပ်စစ်စီးနေသလို နှလုံးခုန်ရာမှာ ၎င်း [ ကြွက်သားတွေ ကျုံ့တာ (သွေးနှင့် သွေးကြောများ) ညှစ်ထုတ်ရာမှာ] ပိုတက်စီယမ်သတ္တုဓာတ်ဆားက ကူညီပါတယ်။ ဒါကြောင့် သင့်နှလုံး ကျန်းမာရေးအတွက်လည်းကောင်း၊ တစ်ကိုယ်လုံးရှိ ြွကက်သားတွေ မညောင်းညာမကိုက်ခဲစေရန်လည်းကောင်း၊ အာရုံခံနာဗ်ကြောတွေ ကြံ့ခိုင်ကျန်းမာစေရန်လည်းကောင်း၊ ပိုတက်စီယမ်သတ္တုဓာတ်ဆား လုံလုံလောက်လောက်ရှိနေစေရန် လို ပါတယ်။ K + ဓာတ်ဆားဟာ ဆီးကျောက်တည်ရန်၊ လေမဖြတ်ရန်၊ သွေးမတိုးရန်ကူညီတယ်။ အသက်အရွယ် အလိုက်သင့် တစ်နေ့လျှင် စားသင့်တဲ့ K+ ဓာတ်သတ္တုပမာဏ မှာ (၁) အသက် ၆လအထိ ၄၀ဝ မီလီဂရမ် (၂) အသက် ၇လမှ ၁၂ လအထိ ၇၀ဝ မီလီဂရမ် (၃) ၁နှစ် မှ ၃နှစ်အထိ ၃၀ဝ၀ မီလီဂရမ် (၄) ၄နှစ်မှ ၈ နှစ်အထိ ၃၈၀ဝ မီလီဂရမ် (၅) ၉နှစ်မှ ၁၃နှစ်အထိ ၄၅၀ဝ မီလီဂရမ် (၆) အသက် ၁၄ နှစ်နှင့်အထက် ၄၇၀ဝ မီလီဂရမ် (၇) နို့တိုက်မိခင်ဖြစ်လျှင် ၅၁၀ဝ မီလီဂရမ် ဖြစ်ပါတယ်။ K+ ကြွယ်ဝတဲ့အစားအစာများမှာ ငှက်ပျော သီး၊ ပန်းသီး၊ အသားများ၊ အာလူး၊ ဆီးသီး၊ လိမ္မော်သီး၊ ခရမ်းချဉ်သီး၊ ပဲသီးများ၊ နေကြာစေ့၊ ဖရုံစေ့တို့ ဖြစ်ပါတယ်။

မေ
Ref : Health Line