လူသားတွေရဲ့ ပတ်ဝန်းကျင်မှာ ပလတ်စတစ်တွေ ဘယ်နေရာ ကြည့်ကြည့် တွေ့နေရပြီဖြစ်တယ်။ သင်ရော ပလတ်စတစ်တွေနဲ့ ကင်း ပြီလား။ နေ့စဉ်ဘဝမှာ ရေသောက်တာက အစ၊ ပလတ်စတစ်ရေဘူး ထဲက ရေကို ရေသန့်ဆိုပြီး သောက်နေကြရတာမို့ နေ့တိုင်း သင်ဟာ ပလတ်စတစ် အမှုန်လေးတွေ မျိုချနေရပြီဆိုတာ တွေးမိပါရဲ့လား။ ဒါ့အပြင် စားစရာ၊ သောက်စရာတွေ သယ်တာ၊ ထုပ်ပိုးတာမှာလည်း ဒီပလတ်စတစ်အိတ်တွေပဲမို့ တွေးလိုက်ရင် ရင်ပူစရာပါပဲ။ သင့် အသက်အရွယ်နဲ့ လိင်အမျိုးအစား ပေါ်မူတည်ပြီး နှစ်စဉ် ပလတ်စတစ် မှုန်တွေ ဘယ်လောက် စားမိနေပြီလဲလို့ တစ်ခါတစ်ရံ အတွေးထဲ ရောက်လာပါလိမ့်မယ်။ အမေရိကန်လို နိုင်ငံမှာတော့ သုတေသနပြု ချက်များအရ နှစ်စဉ်စားမိ၊ သောက်မိ၊ ရှူမိတဲ့ ပလတ်စတစ်အမှုန်ပေါင်း ၇၄၀ဝ၀ မှ ၁၂၁,ဝဝဝ ထိတောင်ရှိတယ်လို့ သိရပါတယ်။

သဘာဝပတ်ဝန်းကျင် သိပ္ပံ နှင့် နည်းပညာဂျာနယ်မှာ ဖော်ပြ ချက်အရ နှစ်စဉ် အမေရိကန်သားတွေဟာ ရေပိုက်က ရေထက် ပလတ်စတစ်ဘူးထဲက ရေသန့်ကို သောက်သုံးလာခြင်းကြောင့် ပလတ်စတစ်အမှုန် ၉၀,ဝဝဝ လောက် ဗိုက်ထဲဝင်နေပြီလို့ သတိ ပေးလိုက်ပါတယ်။ အဲဒီလို ဖြစ်လာတဲ့အတွက် နောက်ဆက်တွဲ ကျန်းမာရေး ဘာတွေဖြစ်လာမလဲ ဆိုတာတော့ အတိအကျ ပြည့်ပြည့်ဝ၀ မသိရသေးပါ။ ဒါပေမဲ့ ၎င်း ပလတ်စတစ်အမှုန်တွေကြောင့် ခုခံအားစနစ် တုံ့ပြန်မှုတွေ ဖြစ်ပေါ်လာစေခြင်း၊ အဆိပ်အတောက် တွေထုတ်လွှတ်လာခြင်းနှင့်ပတ်ဝန်း ကျင်မှ စိမ့်ဝင်လာသော လေထုညစ်ညမ်းမှုများဒဏ်ခံရခြင်းအပြင် အပြင်းစား သတ္တုတွေဒဏ် ခံရခြင်းတို့လည်း လူ့ခန္ဓာကိုယ်အား ခံစားဖြစ်ပေါ်စေနိုင်ပါတယ်။

မေ
Ref: CNN health news.